


Thae Khaing Pwint
ဘဝမှာ တက်ခဲ့သမျှသင်တန်းတွေထဲမှာ HIS's & HER's မှာ တက်ရတာ.. အမှန်ဆုံးလို့တောင်ထင်မိပါတယ်.. တီချယ်ဇူးရဲ့ သင်ပြပေးမှုတွေကြောင့် ကိုယ့်ဝါသနာလေးကို အကောင်အထည် ဖော်နိုင်ခဲ့တာပါ❤️ စတက်တုန်းက Online Class ဆိုတော့ အဆင်ပြေပါ့မလား တွေးနေမိတာ ... တကယ်တမ်းလည်းတက်ကြည့်ရောတီချယ့်လမ်းညွှန်ပြသမှုတွေကအရမ်းကောင်းတာတွေ့ရပါတယ် ... ဘဝမှာ ဘာလုပ်ရမှန်းမသိလမ်းပျောက်နေတဲ့အချိန်တီချယ်ဇူးဆီမှာ သင်တန်းတွေတက်လိုက်ရတာအများကြီး အားတက်ပြီးကြိုးစားချင်စိတ်လည်းဖြစ်လာပါတယ် ... ဒါ့ကြောင့်တီချယ်ဇူးဖွင့်တဲ့ Class တွေကိုလည်းရှေ့ဆက်လျောက်ဆက်တက်သွားဦးမှာပါ ❤️

Aung Moe Htet
မဂ်လာပါခင်ဗျာ Disney(AMH)လို့ခေါ်ပါတယ်။ (Batch-3)Fashion Drawing For Menswear (Level-1) Online Class ကိုတက်ခတဲဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ Disney အတွက်ကတော့ ဒီအတန်းလေးကိုတက်ခဲ့ရတာ အရမ်းကိုတန်းဖိုးရှိခဲ့ပါတယ်။ စာအသင်ပြကောင်းပြီးအရည်ချင်းရှိတဲ့တီချယ်ဇူး နဲ့လည်းတွေ့ဆုံခွင့်ရခဲ့ပါတယ်။ဝါသနာတူ စိတ်တူတဲ့ အတန်းဖော်တွေနဲ့လည်းတွေ့ခွင့်ရခဲ့ပါတယ်။ ကျွန်တော်အတွက်ကတော့ ဒီအတန်းလေးတက်ခွင့်ရလိုက်တာ နောက်ထက် မိသားစု တစ်ခုရလိုက်သလိုပါပဲ။မသိတာတွေရှိရင်လဲ အမြဲပြောပြတဲ့ အတန်းဖော်တွေလဲရှိပါတယ်။

Zue Zue Linn Latt
His & her မှာတက်ရတာအရမ်းကိုပျော်ဖို့ကောင်းပါတယ် တက်ဖို့စဉ်းစားနေတဲ့သူရှိရင်မစဉ်းစားပဲ ချက်ချင်းတက်ဖို့recommended ပေးပါတယ်ဟိုးငယ်ကတည်းကနေ ပုံဆွဲရမှာကို သေမလောက်ကြောက်တဲ့ ကိုယ်တောင်
ခုသင်တန်းလေးတက်ပြီး
တီချယ်ရဲ့ အသေးစိတ်သင်ပြမှုတွေကြောင့် ပုံဆွဲနေရရင်ကိုပျော်နေတဲ့သူဖြစ်လာပြီ
အခြေခံမရှိတဲ့သူလေးတွေအတွက်တကယ်ကို ကောင်းတဲ့ သင်တန်းလေးဖြစ်တာမို့ ခုအတန်းလေး ကို လက်လွှတ်မခံကြပါနဲ့နော်

Marvl
Hello မင်္ဂလာပါ။ Marvl လို့ခေါ်ပါတယ်ရှင်။Marvl ရဲ့ Fashion Industry မှာအလုပ်လုပ်ချင်တဲ့ childhood dream အတွက် ပထမဆုံးခြေလမ်းအဖြစ် His's & Her's ကိုရွေးချယ်ဖြစ်ခဲ့ပါတယ်။ Tr. Zue နဲ့ in person သင်ကြားရတာအရမ်းပျော်စရာကောင်းခဲ့ပါတယ်။

Ei San
Onile learning မလို့တက်ရမှာစိတ်ပူနေပေမဲ့ တက်ကြည့်လိုက်တော့စနစ်တကျသင်ကြားပေးမှုတွေကြောင့်အတော်လေးတက်မြောက်သွားလို့အရမ်းကျေနပ်ရပါတယ်။project တွေလည်းလုပ်ရပီးပျော်စရာအရမ်းကောင်းပါတယ်။အပြင်မှာသွားတက်ဖို့အချိန်မပေးနိုင်သူတွေအတွက်အရမ်းတက်သင့်သောသင်တန်းပါ။recommend ပါရှင်🫶🏼💗

Nadi Htet
Fashion လောက ဆိုတာ အရမ်းကိုကျယ်ပြန့်ပါတယ် Career ပေါင်းစုံနဲ့ လူပေါင်းစုံ ဘာသာရပ်ပေါင်းစုံပါပဲ အဲ့ထဲမှာ Fashion illustration ဆိုတဲ့ဘာသာရပ်ကလည်း ဒီဇိုင်နာဖြစ်ချင်တဲ့သူတိုင်းအတွက် မရှိမဖြစ်တတ်မြောက်ထားသင့်တဲ့ ဘာသာရပ်တစ်ခုပါ ❣️❣️

Turning your Passion into Fashion
zinmaraung@hisandher.info