တရုတ်လူမျိုးတို့ရဲ့ ဖက်ရှင်များ

မကြာခင်မှာ တရုတ်နှစ်သစ်ကူး အခါသမယလေးလည်း ကျရောက်လာတော့မှာဆိုတော့ ဒီတစ်ခါတော့ His’s and Her’s ကနေပြီး တရုတ်ရိုးရာဝတ်စုံလေးတွေနဲ့ ပတ်သတ်ပြီး ဗဟုသုတလေးတွေ ဝေမျှပေးချင်ပါတယ်ရှင့်….
ရှေးခေတ် တရုတ် အမျိုးသမီးတွေရဲ့ မတူညီတဲ့ အမျိုးမျိုးသော အဝတ်အစားပုံစံတွေကို အောက်က တစ်ပုံချင်းစီမှာ စာလေးတွေဖတ်ပြီး အတူတူ ကြည့်ရှုလိုက်ကြရအောင်နော်!

၁၉၂၀ ခုနှစ်တွေမှာ တရုတ် အထက်တန်းလွှာ အမျိုးသမီးတွေကြားမှာ cheongsam က ခေတ်စားခဲ့ပါတယ်။ cheongsam ဆိုတာ မြန်မာနိုင်ငံမှာ ပိုင်ဝေ့အင်္ကျီဆိုပြီး လူသိကြတဲ့ အင်္ကျီပုံစံပဲ ဖြစ်ပါတယ်။

၁၉၆၀ ပြည့်နှစ်တွေမှာတော့ စည်းကမ်းတင်းကြပ်တဲ့ ဝတ်စားဆင်ယင်မှုပုံစံတွေက ပျံ့နှံ့ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် နေရာဒေသတွေအလိုက် ဝတ်စားဆင်ယင်မှုပုံစံတွေ ကွာခြားပါသေးတယ်။ ဗမာနိုင်ငံမှာ ကချင်၊ကယား၊ကရင်၊ချင်းဆိုပြီး ဒေသအလိုက်တိုင်းရင်းသား ဝတ်စားဆင်ယင်မှုပုံစံတွေ ကွာခြားသလိုပေါ့

Qin နဲ့ Han မင်းဆက်တွေမှာဆိုရင်တော့ အမျိုးသမီးတွေက ပုံမှန်အားဖြင့် ချောင်ချိပြီး ရှည်လျားတဲ့ လက်ရှိတဲ့ အင်္ကျီမျိုးတွေဝတ်ဆင်လေ့ ရှိပါတယ်။ စကတ်အရှည်ရဲ့အောက်မှာတော့ သစ်သားခုံမြင့်ဖိနပ်တွေကို ဝတ်ဆင်ကြပါတယ်။

Jinguo လို့ခေါ်တဲ့ ပုဝါရှည်ကို ဆွေကြီးမျိုးကြီးထဲက ပေါက်ဖွားလာတဲ့ အမျိုးသမီးတွေက လက်မောင်းမှာ ပတ်ပြီး ခြုံလေးရှိပြီး သာမာန်နဲ့ ဆင်းရဲတဲ့အမျိုးသမီးတွေကတော့ ပုဝါ ပတ်လေ့မရှိပါဘူး။ အချိန်တွေကြာလာတာနဲ့အမျှ အပေါ်ဝတ်ရုံလေးတွေဟာ တိုလာခဲ့ပြီး စကတ်တွေက ရှည်လာခဲ့ပါတယ်။ အဲ့ဒါကြောင့် ဆွေကြီးမျိုးကြီးထဲကပေါက်ဖွားလာတဲ့အမျိုးသမီးတွေက သူတို့ရဲ့ စကတ်ကို အောက်မှာပုံနေရာကနေ ရှောင်ရှားဖို့ စကတ်အရှည်တွေကို ကိုင်ဖို့ အစေခံတယောက်ကို ခန့်အပ်ထားခဲ့ကြပါတယ်။

Sui နဲ့ Tang ခေတ်မှာဆိုရင် ဝတ်စားဆင်ယင်ပုံတွေဟာ ခေတ်ရေစီးကြောင်းအနောက်ကိုလိုက်ခဲ့ပါတယ်။ ပိုတိုလာတဲ့ အကျီလက်ကျယ်တွေကို ချည်မျှင်တွေနဲ့ ပြုလုပ်ဝတ်ဆင်ကြပါတယ်။

စကတ်ရှည်တွေကိုတော့ ဆက်လက်ဝတ်ဆင်ကြပြီး ပုဝါတွေကိုတော့ တခါတလေမှသာ ဝတ်ဆင်ကြပါတယ်။ သူတို့ဟာ ရင်ညွှန့်အောက်ပိုင်းကနေစပြီး လှစ်လပ်ပြထားတဲ့ အင်္ကျီအတိုလေးတွေဟာ အမျိုးသမီးတွေရဲ့အလှကို ပိုမိုပေါ်လွင်စေပါတယ်။

Song (960-1279) မင်းဆက်မှာဆိုရင် အမျိုးသမီးတွေဟာ ခြေကျင်းဝတ် အထိရှည်တဲ့ dress အရှည်ကြီးတွေနဲ့ အပေါ်အင်္ကျီတွေကိုဝတ်ဆင်ရပါတယ်။ သူတို့တွေက စကတ် (ဒါမှမဟုတ်) အပေါ်ထပ်အင်္ကျီတွေကို အကျီ လက်အတို (ဒါမှမဟုတ်) လက်အရှည်တွေနဲ့ ဝတ်ဆင်ကြပါတယ်။

THANK YOU