အားလုံးပဲ မင်္ဂလာပါရှင်
မကြာခင်မှာဆိုရင် ဂျပန်နိုင်ငံမှာ ဆာကူရာပန်းတွေ ဝေဝေဆာဆာ ပွင့်မယ့်အချိန်ကို ရောက်တော့မှာ ဖြစ်ပါတယ်။
🌸🌸🌸
မြန်မာလူမျိုးတွေ တစ်နှစ်မှ တစ်ခါပွင့်တဲ့ ပိတောက်ပန်းလေးတွေကို တန်ဖိုးထား မြတ်နိုးသလိုပဲ ဆာကူရာပန်းလေးဟာဆိုရင် ဂျပန်လူမျိုးတို့ရဲ့ တော်ဝင်ပန်းလို့တောင် ပြောလို့ရပါတယ်။
🌸🌸🌸
ဂျပန်နိုင်ငံမှာ ဆာကူရာပန်းလေးတွေ ပွင့်ချိန်ဆိုရင် သူငယ်ချင်းတွေ၊ မိသားစုတွေ၊ ချစ်သူသမီးရည်းစားတွေ အတူတူ စုဝေးပြီး သွားကြည့်တတ်ပါသေးတယ်။
ဆာကူရာ ပန်းလေးတွေကို ကြည့်ရှုတဲ့ ပွဲတော်လေးကို Hanami (ဟနမိ) လို့ ခေါ်ပြီး ဂျပန်နိုင်ငံမှာ တမြတ်တနိုးနဲ့ နှစ်စဉ်ကျင်းပတဲ့ ပွဲတော်တစ်ခုပါ။
🌸🌸🌸
ဂျပန်လူမျိုးတွေအနေနဲ့ ဆာကူရာပန်းကို ကံကောင်းခြင်း၊ အချစ်၊ ပျော်ရွှင်ခြင်း စတာတွေကို ကိုယ်စားပြုတယ်လို့လည်း ယုံကြည်ကြပါတယ်။
🌸🌸🌸
ဒီလို အဓိပ္ပါယ်လေးတွေနဲ့ ပြည့်ဝတဲ့၊ လှပတဲ့ ဆာကူရာပန်းလေးတွေကို inspire ယူပြီး ဆွဲထားတဲ့ မဇူးရဲ့ ဂျပန်ဝတ်စုံလေးတွေကို အားလုံးနဲ့ အတူတူ ကြည့်ရှုလို့ ရအောင် မျှဝေပေးလိုက်ပါတယ်ရှင့်…
Thank You