မတူညီတဲ့ 𝐅𝐚𝐛𝐫𝐢𝐜𝐬 များ (𝐄𝐩𝐢𝐬𝐨𝐝𝐞-𝟏)

Zue-My Illustration Diary မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်✍🏻

📍ဒီနေ့ညချမ်းလေးမှာမျှဝေပေးချင်တာကတော့…… စက်လဲချုပ်တတ်ပြီး ပုံလဲဆွဲတတ်နေပြီးးးးးဒါပေမယ့် ” ပိတ်စအကြောင်း ” လုံးဝမသိဘူး ဘယ်လိုလုပ်ရမလဲလို့ အမြဲ မေးနေတဲ့ သူလေးများအတွက် ရည်ရွယ်ပြီး ပိတ်စတွေအများကြီးထဲကမှ အခုလက်ရှိ ပြည်တွင်းမှာ လူတိုင်းအသိများကြတဲ့ ပိတ်စ ၆မျိုးအကြောင်းကို ( အပိုင်း၁ )အနေနဲ့ မျှဝေပေးသွားမှာ ဖြစ်ပါတယ်… 📍

  1. Cotton ( ချည်သား )
  2. Linen ( လီနင်သား )
  3. Silk ( ပိုးသား )
  4. Flannel ( ဖလန်နယ်သား or အနွေးထည်သား )
  5. Jersey ( ဂျာစီ or ဆွဲသား )
  6. Hemp ( ဂုန်လျှော်သား or ဂုန်နီအိတ်အသား )
    တို့ဘဲ ဖြစ်ပါတယ်…. ပိတ်သားတစ်ခုချင်းစီရဲ့ အားနည်းချက် အားသာချက်တွေရယ် ပိတ်သားနဲ့ ချုပ်လုပ်ထားတဲ့ ဒီဇိုင်းတွေရယ်ကို ပုံလေးတွေရဲ့👇👇👇အောက်မှာ အသေးစိတ်ရှင်းပြထားပေးလို့ တစ်ပုံချင်းထောက်ကြည့်ပြီး လေ့လာကြည့်ကြပါနော် ♥️♥️♥️
  1. Cotton ( ချည်သား )
  • Breathability
    ဝတ်ထားပါက အသက်ရူချောင်စေပြီး ကျန်းမာရေးအတွက် သင့်လျှော်တဲ့ပိတ်သားပါ။
  • Comfort
    သက်သောင့်သက်သာရှိစေပါတယ်။
  • Wrinkle Resistant
    ပိတ်သားကတော့ တွန့်ကြေလွယ်ပါတယ်။
  • Function
    ဝတ်ထားတဲ့အခါ အမြဲအေးမြခြင်းကို ခံစားရပါတယ်။
  • Machine Wash
    လျှော်ဖွတ်လို့အဆင်ပြေပြီး အဝတ်လျှော်စက်နဲ့လဲ လျှော်လို့ရပါတယ်။
  1. Linen ( လီနင်သား )
  • Breathability
    ဝတ်ထားပါက အသက်ရူချောင်စေပြီး လေဝင်လေထွက်ရှိကာ ကျန်းမာရေးအတွက် ပိုမိုသင့်လျှော်တဲ့ပိတ်သားပါ။
  • Comfort
    သက်သောင့်သက်သာရှိစေပါတယ်။
  • Wrinkle Resistant
    ပိတ်သားကတော့ တွန့်ကြေလွယ်ပါတယ်။
  • Function
    ဝတ်ထားတဲ့အခါ အမြဲအေးမြခြင်းကို ခံစားရပါတယ်။
  • Machine Wash
    လျှော်ဖွတ်လို့အဆင်ပြေပြီး အဝတ်လျှော်စက်နဲ့လဲ လျှော်လို့ရပါတယ်။

(ချည်သားထက်တော့ အသားနည်းနည်းမာပါတယ်)

  1. Silk ( ပိုးသား )
  • Breathability
    ပိန်တဲ့သူလေးတွေအတွက်တော့ အဆင်ပြေစေပေမယ့် ဝတဲ့သူတွေအတွက်တော့ အသက်ရူရကျပ်စေတဲ့အသားပါ။ လေဝင်လေထွက်မရှိတာကြောင့် ကြာရှည်မဝတ်နိုင်တဲ့အသားတစ်မျိုးပါ။
  • Comfort
    သက်သောင့်သက်သာရှိစေပါတယ်။
  • Wrinkle Resistant
    ပိတ်သားကတော့ တွန့်ကြေလွယ်ပါတယ်။
  • Function
    ဝတ်ထားတဲ့အခါ အေးမြခြင်းကို ခံစားရပါတယ်။
  • Machine Wash
    လက်နဲ့ သာ ညင်ညင်သာသာ လျှော်ဖွင့်ရပါမယ် , အဝတ်လျှော်စက်နဲ့တော့ လျှော်ဖွတ်လို့မရပါဘူး။
  1. Flannel ( ဖလန်နယ်သား )
  • Breathability
    ဒီပိတ်သားက မြန်မာနိုင်ငံရာသီဥတုနဲ့အဆင်မပြေပါဘူး အနည်းငယ်ထူတာကြောင့် လေဝင်လေထွက်လဲမရတဲ့အတွက် မြန်မာလူမျိုးတွေ သိပ်မကြိုက်ကြပါဘူး။
  • Comfort
    သက်သောင့်သက်သာရှိစေပါတယ်။
  • Wrinkle Resistant
    ပိတ်သားကတော့ တွန့်ကြေမလွယ်လို့ လျှော်ပြီးရင် မီးပူမထိုးတောင်အဆင်ပြေပါတယ်။
  • Function
    ဝတ်ထားတဲ့အခါ ပိတ်သားထူတဲ့အတွက် အေးမြမူကိုမခံစားရဘဲ ပူပါတယ်။
  • Machine Wash
    လျှော်ဖွတ်လို့အဆင်ပြေပြီး အဝတ်လျှော်စက်နဲ့လဲ လျှော်လို့ရပါတယ်။
  1. Jersey ( ဂျာစီ or ဆွဲသား )
  • Breathability
    ဝတ်ထားပါက အသက်ရူချောင်စေတဲ့ ပိတ်သားပါ။
  • Comfort
    ဆွဲသားမို့ ပိုပြီး သက်သောင့်သက်သာရှိစေပါတယ်။
  • Wrinkle Resistant
    ပိတ်သားကတော့ တွန့်ကြေမလွယ်ပါဘူး မီးပူမတိုက်ရင်တောင် ရတဲ့ပိတ်သားမျိုးပါ။
  • Function
    ဝတ်ထားတဲ့အခါ တစ်ချို့ပိတ်သားထူရင် ပူစေပြီး တစ်ချို့ ပိတ်သားပါးရင်တော့ အေးမြခြင်း ဖြစ်တာကြောင့် နှစ်မျိုးခံစားရစေတဲ့ ပိတ်သားပါ။
  • Machine Wash
    လျှော်ဖွတ်လို့အဆင်ပြေပြီး အဝတ်လျှော်စက်နဲ့လဲ လျှော်လို့ရပါတယ်။
  1. Hemp ( ဂုန်လျှော်သား or ဂုန်နီအိတ်သား )
  • Breathability
    ဝတ်ထားပါက တစ်ချို့ ထူတဲ့ပိတ်သားကတော့ အသက်ရူရကျပ်ပေမယ့် တစ်ချို့ပိတ်သားကတော့ ပါးတဲ့အခါ ကျန်းမာရေးအတွက် သင့်လျှော်တဲ့ပိတ်သားပါ။
  • Comfort
    ဝတ်ရတာတော့ အမြဲသက်သောင့်သက်သာ မရှိပါဘူး။
  • Wrinkle Resistant
    ပိတ်သားကတော့ တွန့်ကြေလွယ်ပါတယ်။
  • Function
    ဝတ်ထားတဲ့အခါ တစ်ချို့ပိတ်သားထူရင် ပူစေပြီး တစ်ချို့ ပိတ်သားပါးရင်တော့ အေးမြခြင်း ဖြစ်တာကြောင့် နှစ်မျိုးခံစားရစေတဲ့ ပိတ်သားပါ။
  • Machine Wash
    လျှော်ဖွတ်လို့အဆင်ပြေပြီး အဝတ်လျှော်စက်နဲ့လဲ လျှော်လို့ရပါတယ်။

ကဲ…. ဒါဆို နောက်နေ့နောက်နေ့တွေမှာတော့ ဘယ်လို ” Fashion Tip ” လေးတွေ မျှဝေပေးအုန်းမလဲဆိုတာ စောင့်မျှော်ကြည့်ရူအားပေးကြပါအုန်းနော်👩🏻‍🏫

♥️ မိမိအတွက် အကျိုးရှိတယ်ဆို မိမိနှင့် ဝါသနာတူ သူငယ်ချင်းလေးတွေအတွက်လည်း Like & Share လေးနဲ့ ပြန်လည်မျှဝေပေးဖို့ မမေ့ကြနဲ့နော် ♥️
Thank You👩🏻‍🏫
Zuezue Zin ( Fashion Illustrator )
Zue – My Illustration Diary✍🏻✍🏻✍🏻
His’s & Her’s