သင်နိုင်ငံခြားမှာ 𝐅𝐚𝐬𝐡𝐢𝐨𝐧 𝐒𝐜𝐡𝐨𝐨𝐥 တက်ချင်တဲ့အခါ 𝐏𝐚𝐫𝐭 ( 𝟏 )

💥 သင် နိုင်ငံခြားမှာ 𝐅𝐚𝐬𝐡𝐢𝐨𝐧 𝐒𝐜𝐡𝐨𝐨𝐥 တက်ချင်တဲ့အခါ Part – 1 💥
📍တကယ်ဖြစ်ချင်ရင် တကယ်ကြိုးစားပါ၊
အကြောင်းပြချက်မများပါနဲ့ ၊
ကြိုးစားချင်စိတ် ၊ တကယ်ဖြစ်ချင်စိတ် ပြင်းပြရင်

တကယ် ကိုယ်လိုချင်တာ ရပါတယ် 📍

▪️အမတို့ ဒီနေ့ခေတ်မှာ Fashion လုပ်ငန်းက အားလုံးအတွက် အလွန်တရာမှ ယှဉ်ပြိုင်မူတွေများတဲ့ နယ်ပယ်တစ်ခုဖြစ်ပါတယ်… နောက်ပြီးတော့ လူအများဆုံး စိတ်ဝင်စားမူရအောင် အကောင်းဆုံသော ဖန်တီးမှုတွေဖြင့်သာ Fashion ကို အမျိုးမျိုးပြုလုပ်ကြတာ အားလုံး သိပြီးသားဖြစ်ကြမှာပါနော်….
▪️နောက်ပြီးတော့ Creative တွေ ၊ Passion တွေ၊ Fashion Rule တွေနဲ့ ဒီဇိုင်းကို ရဲရဲတင်းတင်း လုပ်ကိုင်ဖန်တီးမူတို့က Fashion လောက ဆက်လက်ရှင်သန်ဖို့အတွက် အများကြီးအထောက်အကူပြုပေးနေတယ်ဆိုတာ Fashion Designer များလဲ သိကြမှာပါနော်…. ဒါပေမယ့်လည်း ဖက်ရှင်ဒီဇိုင်နာကောင်းတစ်ယောက်ဖြစ်လာဖို့အတွက် ကြွယ်ဝတဲ့အသိပညာနှင့် ဒီဇိုင်းကျွမ်းကျင်မှုများကလည်း အရမ်းလိုအပ်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်…
▪️အခုခေတ်ကလဲ နိုင်ငံတကာက ကျောင်းတွေက သွားတက်ချင်လောက်အောင်ကို လွမ်းမိုးနေတာရယ် ၊ ချုပ်တာကြီးဘဲ မဟုတ်ဘဲ ဒီဇိုင်းဖန်တီးမူတွေ ၊ Update Fashion တွေ၊ Fabric & Colors တွေကလဲ အရေးကြီးတယ်ဆိုတာ တစ်နေ့တစ်ခြား ပိုသိလာကြတယ်ဆိုတော့ ပြည်တွင်းနဲ့တင်မလုံလောက်ဘဲ ပြည်ပရှိ Fashion School တွေကို သွားတက်ချင်ကြတာ အများအပြားပါဘဲ….
👉 ဒါကြောင့် ဒီနေ့မှာတော့ အမက အမြဲတမ်း ခဏခဏ အမေးများလွန်းတဲ့ အကြောင်းအရာတစ်ခုဖြစ်တဲ့ နိုင်ငံခြားမှာ Fashion School သွားတက်လိုသူများ ၊ ဖက်ရှင်ပိုင်းကို တကယ့်ကို Academic ကျကျလေ့လာလိုသူများအတွက် တကယ်ကို တက်ရောက်သင့်တဲ့ ကျောင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်…

ကဲ စလိုက်ရအောင်နော် 👇👇👇

ကဲ… ဒီတော့ ကျောင်းတွေအကြောင်းမပြောခင်မှာ ဖက်ရှင် ဒီဇိုင်းတွေ လေ့လာဖို့အတွက် ကိုယ့်မှာ ဘာတွေရှိသင့်လည်းဆိုတဲ့အချက်တွေကို အရင်ပြောပြပေးပါမယ်…..
🔆 Personality ( ကိုယ်ရည်ကိုယ်သွေး ) 🔆

  • ပုံမှန်အားဖြင့် အမတို့က ကျောင်းသွားတက်ချင်စိတ်သာရှိတာ ( နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်ကြတာ အားလုံးရဲ့ အိမ်မက်တစ်ခုဘဲ ဆိုတော့လေ ) ဟိုရောက်ရင် ဘယ်လိုဖြတ်သန်းကြမလဲ … ဘယ်လိုအတွေ့အကြုံတွေ ကြုံတွေရမလဲဆိုတာ အရင်ဆုံးစဉ်းစားသင့်ပါတယ်…
  • ဖက်ရှင်လောက က ကမ္ဘာပေါ်ရှိအနုအရွဆုံး နှင့် ဖန်တီးမှုအမြော်အမြင်ရှိသူများအတွက်သာ သင့်တော်တဲ့ နယ်ပယ်တစ်ခုပဲဖြစ်ပါတယ်…
  • ဒီအလုပ်လမ်းကြောင်းကနေ ဘယ်အရာကိုမှ သူများကို အားကိုးခွင့်မရဘဲ စ ၊ လယ် ၊ ဆုံး ကို ကိုယ်ကိုယ်တိုင် ကြိုးစားအားထုတ်ပြီး ရလာမယ့် အဲ့ဒီအသီးအပွင့်များကိုလဲ ကိုယ်ကိုယ်တိုင်ဘဲ ခံစားရမှာဖြစ်ပါတယ် ….
  • နိုင်ငံခြားမှာ ကိုယ်တက်ချင်တဲ့ Fashion ကျောင်းကို တက်ပြီး ဘွဲ့ရတာနဲ့ Fashion Designer တန်းဖြစ်ပြီး နာမည်ကြီးလာမှာ မဟုတ်တာကိုတော့ သတိပြုသင့်ပါတယ်နော်….
  • ဒါကြောင့်မို့လို့ ဖက်ရှင်လောကဟာ မရေမတွက်နိုင်တဲ့ အနိမ့်အမြင့်များနှင့် အခက်အခဲများစွာရှိတဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုဖြစ်တာမို့လို့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနဲ့ သေချာစွာ လုပ်ကိုင်နိုင်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်…
  • အခြားသောသူများ ( Group , Team အဖွဲ့ များ ) နှင့် ပေါင်းသင်းဆက်ဆံရေးရာမှာပါ အဆင်ပြေနေဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်…
  • ကိုယ်က ဒီအရာတွေကို တကယ် ရေရှည် လုပ်နိုင်ရဲ့လား ၊ ကိုယ်ရဲ့ စိတ်ကူး အိမ်မက်တွေနဲ့ တကယ်ရော ကိုက်ညီရဲ့လားဆိုတာ ပထမဆုံးစဉ်းစားကြည့်ရမှာဖြစ်ပါတယ်…

🔆 Passion ( ရူးသွပ်မူ ) 🔆

  • ဖက်ရှင်အတွက် ကျောင်းတွေစတက်တော့မယ်ဆိုတာနဲ့ ဝယ်ထားတဲ့ အပ်ချူပ်စက်ကို စတိုခန်းရဲ့ အောက်ခြေမှာ ချောင်ထိုးထားလို့ မရတော့သလို ၊ ဒီဇိုင်းရေးဆွဲတဲ့ Marker Pen , Pencil , Paper တွေကိုလဲ စားပွဲထဲ ထည့်သိမ်းထားလို့ မရပါဘူးနော် ။ အလုပ်စားပွဲအဖြစ်သတ်မှတ်ထားသော နေရာများကိုလဲ ပစ္စည်းတင်တာတွေနဲ့ ရူပ်ပွထားပြီး အလုပ်လုပ်ချင်စိတ် မရှိအောင် လုပ်ထားလို့မရတော့ပါဘူး …
  • ဖက်ရှင် နဲ့ဘဲ စားရမယ်၊ အသက်ရှူရမယ်၊ နေထိုင်ရမယ်၊ ဖက်ရှင်ကို တပ်မက်ရမယ် ဆိုတဲ့ ၂၄ နာရီ ဖက်ရှင် ၊ ဒီဇိုင်းဖန်တီးဖို့ဆိုတဲ့ စိတ်ဖိစီးမှုတွေကို ခံနိုင်ပြီလား …. ကိုယ်အဲ့ဒီလောက်ထိ ဖက်ရှင်ပေါ်မှာ ရူးသွပ်မှုရှိပြီလားဆိုတာ စဉ်းစားရပါမယ်…

🔆 Talent ( အရည်အချင်းရှိသူ ) 🔆

  • Edna Woolman Chase က “ဖက်ရှင်ကို ၀ယ်နိုင်တယ်…ဒါပေမယ့် စတိုင်တစ်ခုပိုင်ဆိုင်ရမယ် ” လို့ဆိုပါတယ်…
  • ဘေ့စ်ဘောပွဲမှာ Teamwork နဲ့ အောင်မြင်အောင် ဆော့ကစားနိုင်ရင် ဖလားကို အိမ်ပြန်တဲ့အခါသယ်သွားလို့ရပါတယ်…ကံမကောင်းစွာနဲ့ပဲ ဖက်ရှင်လောကမှာတော့ ဆန့်ကျင်ဘက်အနေနဲ့ ကိုယ်ပိုင် ပင်ကိုယ် စွမ်းရည်အနည်းငယ်တောင်မရှိလျှင် အိမ်ကိုဖလားပြန်သယ်သွားခွင့်ရမှာမဟုတ်ပါဘူး…
  • လူအများက ဒီဇိုင်နာများကို ကိုယ့်မှာရှိတဲ့ သူများနဲ့မတူတဲ့ talent ကို သူတို့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နှင့်အံဝင်ခွင်ကျပုံဖော်နိုင်သောရတနာတစ်ခုအဖြစ် မြင်ကြပါတယ်…

🔆 Tolerance ( သည်းခံနိုင်စွမ်း ) 🔆

  • အမတို့ နိုင်ငံတကာမှာ ကျောင်းတက်မှ မဟုတ်ပါဘူး ဒီ ပြည်တွင်းမှာဆိုရင်လဲ ဘယ်အလုပ်မဆို ၊ ဘယ်ကျောင်းမှာမလို ကြုံတွေ့ရ တတ်တဲ့အခက်အခဲတွေ ရှိတတ်ပါတယ်…
  • တစ်ဦးတစ်ယောက်နဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ၊ ကျောင်းစာသင်ခန်းထဲက စကားပြောအခက်အခဲတွေ….
  • နိုင်ငံခြားမှာဆို ဘာသာစကား အခက်အခဲ၊ သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ ၊ အမူအကျင့်တွေ ၊ နေထိုင်စားသောက်ရေးတွေ….
  • ကျောင်းလခအခက်အခဲတွေ ၊ သင်ကြားရေး ပစ္စည်းဝယ်ယူရေးတွေ….
  • ကျန်းမာရေးအခက်အခဲတွေ၊ အချိန်ပိုင်းအလုပ်အကိုင်မှာ ကြုံတွေ့ရမယ့် အခက်အခဲတွေ
  • သဘာဝဘေးအန္တရာယ် ၊ ရာသီဥတု အခက်အခဲတွေ….
    စတဲ့ အခက်အခဲပေါင်းများစွာကို ကြိုတင်တွေးပြီး ခံနိုင်ရည်ရှိမှ ကိုယ်တကယ် သည်းခံနိုင်စွမ်းရှိမှ သွားသင့်ပါတယ် ( သူများအဆင်ပြေနေကြတာ ၊ သူများတွေ ငွေဝင်နေကြတာ ၊ သူများတွေ ပုံလှလှလေးတွေ မြင်တာ ၊ Kpop တွေကို ကြိုက်တာနဲ့ ရူးသွက်စွာ နိုင်ငံခြားမသွားသင့်ပါဘူးနော် ။ မြင်ရတာနဲ့ ကိုယ်တိုင်တကယ်လက်တွေ့မှာ ကြုံတွေ့ရတာ လုံးဝမတူတာမို့ သေချာ စဉ်းစားသင့်ပါတယ် )

👉 ဒါတွေက ထိပ်လန့်သွားအောင် သွားဖို့ကြောက်သွားအောင်ပြောပြတာမဟုတ်ပါဘူးနော် ။ အမရဲ့ တကယ့်လက်တွေ့ အတွေ့အကြုံမို့ ဒီလိုအခက်အခဲတွေ ကြိုသိထားရတော့ ကြိုတင်ပြင်ဆင်ဖို့ အချိန်ရအောင် ပြောပြထားပေးတာပါ 👈
📍ကျောင်းတွေတက်ပြီး Academic ပိုင်းဘယ်လောက်တော်တော် ၊ သီအိုရီတွေ ဘယ်လောက်ပိုင်ပိုင် ၊ ဘယ်လောက်လေ့ကျင့်ကျင့်….ကိုယ်ပိုင် Talent နဲ့ ကိုယ်ပိုင် style ရှိတာကိုတော့ ဘယ်ကျောင်းကမှ မသင်ပေးနိုင်ပါဘူး ….📍
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
အပေါ်က အချက်လေးတွေ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပြီးတယ်ဆိုရင်တော့ ဒီနေရာမှာ အမက ကျောင်းရွေးချယ်မှုတွေရဲ့အကြောင်းကိုစပြီးပြောပြပေးမှာဖြစ်ပါတယ်….

🔆 ကျောင်းရဲ့ ဂုဏ်သတင်း 🔆

  • ရိုးရိုးနာမည်တစ်ခုသာရှိတဲ့ ကျောင်းထက် နာမည်ကြီးကျောင်းတစ်ခုကနေ ဘွဲ့ရတာက အလုပ်အကိုင်အခွင့်အလမ်းအတွက်ကို ပိုပြီးကောင်းစေပါတယ်…ဒါကြောင့်မို့လို့ ကျောင်းရွေးချယ်မှုကို အထူးဂရုစိုက်ချိန်ဆဖို့ အဓိကအရေးကြီးပါတယ်…
  • ကောလိပ် ၊ တက္ကသိုလ်တွေဆိုတာ ဒီဇိုင်နာအများစုအတွက် သူတို့ရဲ့ အရည်အချင်းရှိမှု ကိုစတင်နိုင်ပြသရန်အတွက် ပထမဆုံးသော အခွင့်အလမ်းဖြစ်ပါတယ်…. ကိုယ်နဲ့ ကိုယ့်အိမ်မက်များကို နောက်ခံကောင်းကောင်းဖြင့် ပံ့ပို့ပေးနိုင်သော ကျောင်းကို ရွေးချယ်တက်ရောက်တက်ဖို့ အရမ်း အရေးကြီးပါတယ်…
  • ကျောင်းမလျှောက်ထားခင်မှာ ကိုယ်တက်မယ့်ကျောင်းရဲ့ အဖွဲ့အစည်းနှင့် ပတ်သက်ပြီး ကျောင်းရဲ့ Website, Instagram, Line, Email တွေကတဆင့် လေ့လာရှာဖွေဖတ်ကြည့်ပါ သိချင်တာကို ဆက်သွယ်မေးမြန်းပါ ( ဆက်သွယ်မေးမြန်းတဲ့နေရာမှာ ဘာသာစကားအခက်အခဲရှိရင် သိရှိတတ်ကျွမ်းနားလည်သူများကို တဆင့် မေးမြန်းခိုင်းပါ ) အဲ့လိုစုံစမ်းတဲ့အခါမှာ အမတုန်းက ရှာဖွေခဲ့ဖူးတဲ့ အခြေခံမေးခွန်းအချို့ကို အောက်မှာ ဖော်ပြထားပေးပါတယ်…
    ⭐️ ဒီကျောင်းကဘယ်လောက်နာမည်ကြီးပြီး ဘယ်လိုဂုဏ်သတင်းနဲ့ လေးစားဖို့ကောင်းလဲ…
    ⭐️ ဒီကျောင်းမှာတက်ပြီး နာမည်ကြီးအောင်မြင်ခဲ့တဲ့ ကျောင်းရဲ့ ကျောင်းသားဟောင်းများကဘယ်သူတွေများလဲ…
    ⭐️ ဒီကျောင်းကနေ ထိပ်တန်းဖက်ရှင်ဒီဇိုင်နာများနှင့် ဖက်ရှင်လောကကို ဝင်လို့ရမယ့်အဆက်အသွယ်တွေ့နိုင်လား (ဒါမှမဟုတ်) Brand တစ်ခုမှာ အလုပ်သင် လုပ်လို့ရမယ့် အခွင့်အလမ်းတွေရနိုင်လား…
    ⭐️ ကိုယ်ဘွဲ့ရပြီးတဲ့အခါ ကိုယ့်ရဲ့ Portfolio အတွက် ဘယ်လို အထောက်အကူပြုမလဲ …
    ⭐️ ကျောင်းက နိုင်ငံတကာက အနုပညာနှင့်ဒီဇိုင်းကျောင်းများထဲမှာ အသိအမှတ်ပြုခံထားရသော ကျောင်းဖြစ်သလား ….
    ⭐️ ကျောင်းလခတွေ တစ်နှစ်ကို ဘယ်လောက်ကုန်ကျသလဲ? ခွဲသွင်းလို့ရသလား…., Scholarship တွေ ဘယ်လိုရနိုင်သလဲ….စာသင်ရမယ့် Timetable တွေ ၊ ကျောင်းတက်စဉ် အချိန်ပိုင်းအလုပ်တွေ ကူညီရှာဖွေပေးသလား….
    ဒါတွေကတော့ အခြေခံကျတဲ့ အချက်…စသည်ဖြစ်ပေါ့နော်….. ကျောင်းတက်ရင်းနဲ့လဲ မေးစရာတွေကတော့ ထပ်ရှိလာမှာပါ။
    ▪️အမ ပြောပြထားတဲ့ မေးခွန်းတွေက ကိုယ်တိုင်မေးသင့်တဲ့ အရေးကြီးတဲ့ မေးခွန်းတွေရဲ့ လက်တစ်ဆုပ်စာသာဖြစ်ပါတယ်…
    ▪️တစ်ယောက်နဲ့ တစ်ယောက်တော့မေးချင်တဲ့ မေးခွန်းတွေ တူညီကြမှာမဟုတ်ပါဘူး …
    ဒါကြောင့်မို့လို့ သေချာစဉ်းစားပြီး ကိုယ့်ခေါင်းထဲမှာပေါ်လာသမျှ မေးခွန်းတွေကို ချရေးကြည့်ပြီး အဖြေရှာကြည့်ပါ…ဖက်ရှင်ကျောင်းသားတစ်ယောက်အနေနဲ့ ကိုယ့်အနာဂတ်အတွက် ရွေးချယ်မှုတွေပြုလုပ်ဖို့ သုတေသနလုပ်ရတာ ပျော်စရာဖြစ်လာနိုင်ပါတယ်…🤩

🔆 ငွေကြေး 🔆

  • Coco Chanel က “ဘဝမှာ အကောင်းဆုံးအရာတွေက အလကားပဲ၊ ဒုတိယအကောင်းဆုံးတွေကအရမ်းဈေးကြီးတယ်” လို့ပြောတဲ့အခါ ဖက်ရှင်အဖွဲ့အစည်းတွေအကြောင်းပြောကောင်းပြောနေတာဖြစ်ပါလိမ့်မယ်နော်….
  • Fashion School တော်တော်များများကတော့ လူနေထူထပ်တဲ့ စည်ကားလှသောနေရာတိုင်းတွင် မတည်ရှိပါဘူး…အကောင်းဆုံးသော ကျောင်းတွေရဲ့ ဈေးနှုန်းကလည်း ဈေးကြီးပါတယ်…
  • အခြားသော ကောလိပ်များနှင့်အသက်မွေးဝမ်းကျောင်းကျောင်းများက များသောအားဖြင့်ဈေးနည်းသော်လည်း အနာဂတ်မှာ ကိုယ့်ရဲ့ အိမ်မက်တွေနဲ့ ထပ်တူကြစေဖို့ကို အကျိုးပြုစေမယ့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်မှာမဟုတ်ပါဘူး…
  • ကိုယ်သွားတက်မယ့် ကျောင်းအတွက် ဘတ်ဂျက်ချတဲ့အခါ Tuition fees ၊ သင်ရိုးညွှန်းစာအုပ်များနှင့် အခြားသောစာအုပ်များ၊ မိမိ နေထိုင်ပြီး ဒီဇိုင်းဖန်တီးမယ့် အခန်းနှင့် လိုအပ်သောပစ္စည်းများ ၊ ဖက်ရှင်ပစ္စည်းများအတွက်သုံးရမယ့်ငွေ နှင့် ကျောင်းတက်နေတဲ့ တစ်လျှောက် အဝတ်အစား၊ အသုံးအဆောင်၊ စားသောက်နေထိုင်ခြင်းများကိုပါ ထည့်သွင်းစဉ်းစားရပါမယ်…အဲ့ဒီအရာတွေ အကုန်လုံးကို ကိုယ့်ဘက်က မတက်နိုင်ဘူး ၊ အခက်အခဲရှိတယ်ဆိုပါက ပညာသင်ဆုများ၊ ထောက်ပံ့ငွေများနှင့်ချေးငွေများကို ကိုယ့်ဘက်ကနေ ကြိုးစားကြည့်လို့ရပါတယ်…( ဒါပေမယ့် အမအနေနဲ့ကတော့ Fashion School တွေက ဈေးလဲကြီးတယ် ၊ နောက်ပြီး အများနဲ့မတူ ကိုယ့်ဖက်ရှင်ကိုပါ ပြင်ဆင်ရတာရယ် ၊ ကျောင်းသုံးပစ္စည်းတွေကလဲ ဈေးကြီးတဲ့အတွက် ငွေကြေးအခက်အခဲဖြစ်လို့ ပေါင်နှံပြီး ကျောင်းသွားတက်ကြမယ်လို့ တွေးထားသူတွေကို အချိန်ပိုင်းအလုပ်လုပ်ခွင့်မရှိဘဲ ကျောင်းဘဲတက်ရမယ့် နိုင်ငံကြီးတွေမှာ သွားတက်ဖို့တော့ မတိုက်တွန်းချင်ပါဘူးနော် ၊ အရမ်းခက်ခဲရတာ ကိုယ်တွေ့မို့ပါ )

🔆 အရံအစီအစဉ် 🔆
ကိုယ်က ရှုံးနိမ့်မှာကို ကြိုပြီးစဉ်းစားရမှာ မကောင်းဘူးဆိုတဲ့ အတွေးမျိုးဖြစ်ချင်ဖြစ်နေနိုင်ပါတယ်… ဒါပေမယ့် အကယ်၍ ဆိုတာ ဖြစ်လာခဲ့ရင် အဲ့ဒီအရာအတွက် အရံအစီအစဉ်တွေ ကြိုလုပ်ထားဖို့အရေးကြီးပါတယ်…
🤷🏻‍♀️ ကျောင်းတက်နေရင်းမှ Fashion Design က ကိုယ့်အတွက်မဟုတ်ဘူးဆိုတဲ့ အတွေးမျိုးဝင်လာပြီး စာဆက်မသင်ချင်လောက်အောင် စိတ်ညစ်လာတဲ့အခါမျိုး ၊
🤷🏻‍♀️ ကျောင်းက သင်တဲ့စာတွေ့ ၊ လက်တွေ့နဲ့ မလုံလောက်လို့သော်လည်းကောင်း ၊ စာမလိုက်နိုင်လို့ အပြင်အနုပညာသင်တန်းတစ်ခုတက်ဖို့ လိုအပ်တယ်လို့ တွေးမိလာတဲ့အခါမျိုး ၊
🤷🏻‍♀️ အတန်းမြင့်ကျောင်းလခတွေအတွက် စိတ်ပူပန်နေရတဲ့အခါမျိုး ၊
🤷🏻‍♀️ ကိုယ့်ရဲ့ ဒီဇိုင်းတွေကို Etsy လို website မျိုးမှာ ရောင်းချမလား…
စတဲ့ အရာတွေကြုံတွေ့လာတဲ့အခါ ကိုယ့်ရဲ့ အရံအစီအစဉ်က ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် ခိုင်မာနေဖို့လိုပါတယ်…
▪️ကိုယ့်မှာ အရံအစီအစဉ်မရှိရင် ကိုယ့်ရဲ့ပုံကြမ်းစာအုပ်တွေ မိုးရေထဲမှာကျန်နေခဲ့ရင် အများကြီးအခက်အခဲတွေ့ပါလိမ့်မယ်…
▪️ဒါကြောင့်မို့လို့ အပေါ်က အမပြောတဲ့အချက်အလက်တွေကို သေချာစဉ်းစားရွေးချယ်လိုက်တဲ့အခါ
ကိုယ်တက်ချင်တဲ့ ဖက်ရှင်ကျောင်းနဲ့ပိုနီးတဲ့ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်တာနဲ့ အတူတူပါပဲ…. 🙋🏼‍♀️
❤️ ဖက်ရှင်နယ်ပယ်လို့ခေါ်တဲ့ ငါးကန်ထဲမှာ ငါးမန်းများသာ အသက်ရှင်ကျန်တယ်ဆိုတာ သတိရပါ ❤️
ဒီနေ့တော့ အပိုင်း ၁ လေးနဲ့ဘဲ ခဏရပ်နားခွင့်ပေးပါနော်… 👋

💥 အပိုင်း ၂ ကျရင်တော့ နိုင်ငံတကာက တက်သင့်တဲ့ ကျောင်းတွေ ၊ လူသိများ နာမည်ကြီးတဲ့ကျောင်းတွေ ၊ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံများက Fashion School အကြောင်းတွေ ၊ အမတက်ခဲ့ ၊ သိခဲ့တဲ့ ကျောင်းတွေ ၊ ကျောင်းလခတွေအကြောင်းကို ထပ်ပြီး သေချာ ပြောပြပေးပါအုန်းမယ်နော် 💥
အပိုင်း ၂ ကိုရော ဆက်လက် သိချင်ကြရဲ့လား❓
နောက်ပြီး ကိုယ်တိုင်သိချင်တဲ့ မေးခွန်းလေးတွေ ရှိကြလား ❓

ရှိရင်လဲ Comment လေးမှာ ရေးသွားပေးကြပါအုန်းနော် ပြန်ဖြေပေးမယ်နော် 👋

✅ အမ မျှဝေပေးသွားတာ အကျိုးရှိတယ်ဆိုရင် Like and Share လေးလုပ်ပေးသွားပါဦးနော်
✔️ အကျိုးရှိစေမယ့်သူများထံ ပြန်လည် မျှဝေခြင်းဖြင့် ပညာကုသိုလ်ယူပါ ✔️
💙🖤 Turning your passion into fashion 🖤💙
Fashion Illustration by His’s & Her’s🌹🌹🌹