Zue-My Illustration Diary မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်✍🏻
ဒီနေ့ ညချမ်းလေးမှာတော့ အရောင်တို့ရဲ့ အခြေခံသဘောတရားများ( Basic Color Theory ) ကို လေ့လာထားသလောက်လေး ပြန်လည် ဝေမျှပေးချင်ပါတယ်နော်🌹
~~~~~
1️⃣ ကာလာမှာဆိုရင် First Color ဖြစ်တဲ့ အနီ , အဝါ , အပြာ သည် ပထမဆုံး စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါတယ်။
- ဒါကြောင့် အနီ , အဝါ , အပြာ ကို ” First color ( Primary color ) ” ဟုခေါ်ပါတယ်။
2️⃣ ထိုမှ တဆင့် First color ၃ ရောင်ကို အချိုးတူ ပေါင်းစပ်ခြင်းအားဖြင့် ပေါ်ထွက်လာသော ကာလာမှာ ” Secondary color ” ဖြစ်ပါတယ်။
အနီ +အဝါ (၁ : ၁)= လိမ္မော်
အဝါ + အပြာ (၁ : ၁)= အစိမ်း
အပြာ+ အနီ (၁ : ၁)= မရမ်း
- ဒါ့ကြောင့် လိမ္မော် , အစိမ်း , မရမ်း တို့သည် ” Secondary Color ” များဖြစ်ကြပါတယ်။
3️⃣ Third color သည် First color ၃ ရောင်ကို ၂ ချိုး ၁ ချိုး ပေါင်းစပ်ခြင်းဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။
အနီ + အဝါ (၂ : ၁)= နီလိမ္မော်
အနီ + အဝါ (၁ : ၂)= ဝါလိမ္မော်
အဝါ + အပြာ (၂ : ၁)= ဝါစိမ်း
အဝါ + အပြာ (၁ : ၂)= ပြာစိမ်း
အပြာ+ အနီ (၂ : ၁)=ပြာမရမ်း
အပြာ+ အနီ (၁ : ၂)=နီမရမ်း
- ဒါ့ကြောင့် နီလိမ္မော်, ဝါလိမ္မော်, ဝါစိမ်း, ပြာစိမ်း, ပြာမရမ်း, နီမရမ်း တို့သည် ” Third color ” များဖြစ်ကြပါတယ်။
First color (၃)ရောင်, Secondary color (၃)ရောင် နှင့် Third color (၆) ရောင် ပေါင်းလျှင် အရောင် (၁၂)ရောင် ရပါတယ်။ ထိုရရှိသော အရောင် (၁၂) ရောင်ကို ” (Hue) သက်တံ့ရောင် ” ဟုခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။
ကဲ ဒီနေ့တော့ ဒီလောက်ပါဘဲနော်….
အပိုင်းဆက်လေးတွေနဲ့ ဆက်ရှင်းပြပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးပါအုန်းနော်😊
နောက်နေ့နောက်နေ့တွေမှာတော့ ဘယ်လို ” Fashion Tip ” လေးတွေ မျှဝေပေးအုန်းမလဲဆိုတာ စောင့်မျှော်ကြည့်ရူအားပေးကြပါအုန်းနော်👩🏻🏫
♥️ မိမိအတွက် အကျိုးရှိတယ်ဆို မိမိနှင့် ဝါသနာတူ သူငယ်ချင်းလေးတွေအတွက်လည်း Like & Share လေးနဲ့ ပြန်လည်မျှဝေပေးဖို့ မမေ့ကြနဲ့နော် ♥️
Thank You👩🏻🏫
ZueZue Zin ( Fashion Illustrator )
Zue – My Illustration Diary✍🏻✍🏻✍🏻