အစိမ်းရောင်အကြောင်း

Zue – My Illustration Diary မှ ပြန်လည်ကြိုဆိုလိုကိပါတယ်နော်…✍🏻
Illustrators လေးတွေ မတွေ့ရတာ ကြာပြီးနော်…. ဒီနေ့ညလေးရဲ့ Fashion Tip လေးကတော့…..မေးခွန်းလေးနဲ့ အရင်စလိုက်မယ်နော်😉😉😉

👩🏻‍🏫အစိမ်းရောင်လို့ပြောလိုက်တာနဲ့ ဘာကိုပြေးမြင်မိလဲ?
👩🏻‍💼မြက်ခင်းစိမ်းလေးတွေ… သစ်ပင်တွေ … အစိမ်းရောင်တောအုပ်တွေ?
” ဒါပေါ့ သဘာဝပတ်ဝန်းကျင်နဲ့ အစိမ်းရောင်ဟာ ခွဲခြားလို့မှမရနိုင်ပဲ…”

📍ဒီတစ်ခါ Zue ဝေမျှပေးချင်တဲ့အကြောင်းအရာကတော့ အစိမ်းရောင်💚💚💚နဲ့ ပတ်သက်ပြိး အခြေခံသဘောတရား သူ့ရဲ့သင်္ကေတတွေ၊ ဂုဏ်သတ္တိတွေကိုပြောပြသွားမှာဖြစ်ပါတယ်…📍
~~~~~
ဆိုတော့… အစိမ်းရောင်အကြောင်း တစေ့တစောင်းပြောကြရအောင် ….
မတူညီတဲ့ ယဉ်ကျေးမှုတွေ တစ်ဦးချင်းစီရဲ့အတွေ့အကြုံတွေအပေါ်မူတည်ပြီး အစိမ်းရောင်ကို အဓိပ္ပာယ်အမျိုးမျိုးသတ်မှတ်ကြပါတယ်….

▪️တချို့က အစိမ်းရောင်ဟာ တည်ငြိမ်ခြင်း၊ ကျန်းမာခြင်း ၊ တိုးတက်ခြင်း နဲ့ သဘာဝပတ်ဝန်းကျင်ကိုကိုယ်စားပြုတယ်လို့ဆိုကြသလို….
▪️တချို့ကတော့ မနာလိုဝန်တိုခြင်း ၊ လောဘကြီးခြင်း၊ အတွေ့အကြုံနည်းပါးခြင်းဆိုတဲ့ သင်္ကေတလို့ သတ်မှတ်ကြပြန်ပါတယ်….
▪️မတူကွဲပြားတဲ့အယူအဆသတ်မှတ်ချက်တွေကိုခဏထားပြီး သူ့ရဲ့ဂုဏ်သတ္တိတွေကိုတစ်ချက်ကြည့်ရအောင်….
အစိမ်းရောင်ရဲ့ဂုဏ်သတ္တိတွေကတော့…

1️⃣ Improve reading ability
သုတေသန ပညာရှင်တွေက အစိမ်းရောင်ဟာ စာဖတ်နိုင်စွမ်းကို မြင့်တက်စေတယ်လို့တွေ့ရှိထားပါတယ်။ ကိုယ်ဖတ်မယ့်စာပေါ်မှာဖောက်ထွင်းမြင်နိုင်တဲ့အစိမ်းရောင်စက္ကူကိုတင်ပြီးစာကြည့်ရင် စာဖတ်နှုန်းကိုမြန်စေရုံသာမက နားလည်မှုစွမ်းရည်ကိုလည်းမြင့်တက်စေတယ်လို့ ဆိုကြပါတယ်….

2️⃣ Relieve stress and help heal
အစိမ်းရောင်က စိတ်ဖိစီးမှုတွေလည်းလျော့ကျစေပါတယ်။ ဒါ့အပြင် ဝေဒနာကိုလည်းကုစားပေးနိုင်တယ်။ အစိမ်းရောင်ရှိတဲ့နေရာမှာ အလုပ်လုပ်ရင် ဗိုက်နာတာကိုသက်သာစေတယ်တဲ့ 😁

3️⃣ Green is calming
ဟုတ်တယ်နော် အစိမ်းရောင်ကိုမြင်ရရင် စိတ်ငြိမ်တယ်၊ အပန်းပြေတယ်၊ လန်းဆန်းတယ်။ တစ်ခါတစ်လေ အရမ်းစိတ်လှုပ်ရှားပြီးကြောက်တာမျိုးတွေရှိလာရင် အစိမ်းရောင်ရှိတဲ့နေရာမှာသွားနေလိုက်တာက စိုးရိမ်ကြောက်ရွံ့မှုတွေကိုပြေလျော့စေပါတယ်။

4️⃣ Improve vision
အစိမ်းရောင်က အရောင်အားလုံးထဲမှာ မျက်လုံးကိုအေးစေပြီး အစိမ်းရောင်ကိုများများကြည့်ရင် မျက်စိပျက်တာတွေကိုလျော့နည်းစေရုံမက အမြင်အာရုံကိုလည်းကောင်းစေပါတယ်။

5️⃣ Sensitive colour
Spectrumဆိုတဲ့ရောင်စဉ်တွေထဲမှာအစိမ်းရောင်ကအထင်ဟပ်အလွယ်ဆုံးအရောင်လည်းဖြစ်ပါတယ်။
💚အမေရိကန်ပြည်ထောင်စုရဲ့ ပထမဦးဆုံးသမ္မတဂျော့ဝါရှင်တန်ရဲ့ အကြိုက်ဆုံးအရောင်ကလည်းအစိမ်းရောင်တဲ့💚

Zue ရဲ့ အကြိုက်ဆုံး color ထဲမှာလဲ အစိမ်းလေးက နေရာယူထားသလို သင်ရော….. အစိမ်းရောင်💚💚💚crazy လား?
ဒါဆိုရင်တော့ အစိမ်းရောင်နဲ့ပတ်သတ်ပြီးသိတာလေးတွေရှိရင်လည်း အကြိုက်တူချင်းလေးတွေ သိရအောင် ပြန်လည်ဝေမျှသွားပါဦးနော်…..
အစိမ်းနဲ့ အလိုက်ဖက်ဆုံးကာလာလေးကတော့ လိမ္မော်ရောင်လေးပါလို့ 💚🧡…. အောက်မှာလဲ အစိမ်းနဲ့ထပ်ပြီး လိုက်ဖက်တဲ့ ကာလာလေးတွေကို ထပ်ပြီးဖော်ပြထားပေးလို့ ကြည့်ရူလေ့လာပေးကြပါအုန်းနော်💚💚💚

ကဲ….. ဒါဆို နောက်နေ့နောက်နေ့တွေမှာတော့ ဘယ်လို ” Fashion Tip ” လေးတွေ မျှဝေပေးအုန်းမလဲဆိုတာ စောင့်မျှော်ကြည့်ရူအားပေးကြပါအုန်းနော်👩🏻‍🏫
♥️ မိမိအတွက် အကျိုးရှိတယ်ဆို ကိုယ့်သူငယ်ချင်းတွေထဲက Colors စိတ်ဝင်စားသူလေးများ၊ ဝါသနာတူသူငယ်ချင်းလေးတွေကိုလည်း Like & Share လေးနဲ့ မျှဝေပေးပါအုန်းနော် ♥️
Thank You👩🏻‍🏫
ZueZue Zin ( Fashion Illustrator )
Zue – My Illustration Diary✍🏻✍🏻✍🏻