အနီရောင်အကြောင်း

အနီရောင် ကြိုက်တဲ့ ကောင်မလေးတွေအတွက် သိထားသင့်သော အနီရောင်လေးအကြောင်း
📍His’s & Her’s မှ ကာလာအကြောင်းလေးတွေ အမြဲဝေမျှရင်း ဒီတစ်ခါတော့ အားလုံးရဲ ့အကြိုက် အနီရောင်လေးအကြောင်း ဖော်ပြပေးလိုကိပါတယ်နော်….📍

🔺အနီရောင်ဟာ ရဲရင့်ခြင်း၊ မြင့်မြတ်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပါတယ်…..
🔺အာရှနိုင်ငံ တော်တော်များများမှာ အနီရောင်ကို မင်္ဂလာအရောင်လို့ သတ်မှတ်ပြီး အထိမ်းအမှတ်ပွဲတွေမှာ အသုံးပြုကြပါတယ်….
🔺တရုတ်လူမျိုးတွေမှာဆိုရင် အနီရောင်ဟာ Lucky Color ဖြစ်ပြီး ဂျပန်လူမျိုးတွေကတော့ သူရဲကောင်းတွေကို အလေးအမြတ်ဖော်ပြတဲ့နေရာမှာ အသုံးပြုပါတယ်….

🔺အနီရောင်ဟာ အင်္ဂါဂြိုဟ်ကို ကိုယ်စားပြုပြီး God of War က ကြီးစိုးတဲ့ ဂြိုဟ်ဖြစ်လို့ စစ်ချီတက်တဲ့ နေရာတွေမှာလည်း အသုံးပြုပါသေးတယ်။ ဗြိတိန်နိုင်ငံရဲ့ တော်ဝင်စစ်တပ်အရောင်က အနီရောင်ပါ….
🔺ဒါ့အပြင် ပြင်းထန်တဲ့ ချစ်ခြင်းမေတ္တာ၊ နွေးထွေးမှု၊ ရှင်သန်ခြင်း၊ ရုန်းကန်ခြင်း၊ ဒေါသ စတာတွေကိုလည်း ဖော်ဆောင်ပါသေးတယ်။ မိန်းကလေးတွေအနေနဲ့ စိတ်မကြည်လင်တဲ့ နေ့ရက်တွေမှာ နှုတ်ခမ်းနီအနီရောင်လေးကို ဆိုးလိုက်ရင် စိတ်ဓာတ်တက်ကြွတဲ့ ခံစားချက်ကို ရရှိစေပါတယ်….
🔺အနီရောင်ဟာ အရောင်တွေထဲမှာ အနွေးထွေးဆုံး အရောင်ဖြစ်ပြီး လူအများစုက အင်္ကျီဝယ်တဲ့အခါ အဖြူရောင်၊ အမဲရောင် ပြီးရင် အနီရောင်ကို အများဆုံး ရွေးချယ် ဝယ်ယူလေ့ရှိပါတယ်။ အနီရောင်နဲ့ အလိုက်ဖက်ဆုံး အရောင်လေးကတော့ အမဲရောင်လို့ Color Theory အရ ဖွင့်ဆိုထားပါတယ်….

📍ဒီနေ့တော့ His’s and Her’s ကနေ အနီရောင်ကြိုက်တတ်တဲ့ ကောင်မလေးတွေအတွက် အနီရောင်လေးကို ဗဟိုပြုပြီး ရေးဆွဲထားတဲ့ အလန်းစား outfit လေး နှစ်စုံရဲ ့ဆွဲထားပုံ အဆင့်ဆင့်လေးကို ဖက်ရှင်ချစ်သူတွေအတွက် ဝေမျှပေးလိုက်ပါတယ်ရှင်📍
Thank You
His’s & Her’s Fashion Design School🌹🌹🌹