အဖြူရောင်အကြောင်း

Zue-My Illustration Diary မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်✍🏻
📍ဒီနေ့ညချမ်းလေးမှာမျှဝေပေးချင်တာကတော့……
နှင်းပွင့်လေးလို ဖြူစင်ပြီး လူကြိုက်များတဲ့ White Color ရဲ့ အကြောင်းလေးဘဲ ဖြစ်ပါတယ်… 📍
အရင်ကတင်ထားခဲ့တဲ့ (Color အကြောင်းကို ဖတ်ချင်တယ်ဆိုရင်တော့ ဒီ link လေးမှာ ဖတ်လို့ ရပါတယ်နော်)

💚 Green Color – https://www.facebook.com/1920173938287045/posts/2063337627304008?sfns=mo
💟 Color Theory – https://www.facebook.com/1920173938287045/posts/2093205630983874?sfns=mo

❄️❄️❄️
▪️အဖြူရောင်က နဂိုမူလသူ့ရဲ့ဗီဇမှာကိုက အပြုသဘောဆောင်တဲ့ အရောင်ဖြစ်ပါတယ်။ အဖြူရောင်က သန့်ရှင်းတယ်၊ စင်ကြယ်တယ်၊ သပ်ရပ်တယ် အားလုံးနဲ့ မရောပဲ တကိုယ်ထဲ သီးခြားဖြစ်တည်နေတယ်ဆိုတဲ့ သဘောကို သက်ရောက်တယ်။ အသေးစိတ် တိကျသေချာတဲ့ သဘောကိုဆောင်တယ်။
နှင်းလို ဖြူစင်တဲ့ အရောင်ဖြစ်တဲ့ အဖြူရောင်ဟာ အေးမြတယ် ရိုးရှင်းတယ်။
▪️ဆေးရုံတွေ, ဆေးဝါးစင်တာတွေ, ဓာတ်ခွဲခန်းတွေမှာမြင်ရတတ်တဲ့ အဖြူရောင်ဟာ သန့်ရှင်းစင်ကြယ်ခြင်း ပိုးမွှားကင်းစင်ခြင်းကို ရည်ညွှန်းပါတယ်။ အဖြူရောင်ဟာ အဆီနည်းတဲ့ အစားအစာတွေ နွားနို့နဲ့ ဆိုင်တဲ့ အစားအသောက်တွေနဲ့လည်း ဆက်နွှယ်မှုရှိပါတယ်။

▪️နောက်ပြီး ဟိုတယ်တွေ စားသောက်ဆိုင်ကြီးတွေရဲ့ စားဖိုဆောင်မှာလဲ စားဖိုမှုးတွေရဲ့ ဝတ်စုံကိုလဲ အဖြူရောင်တွေဘဲ သုံးတတ်ကြပါသေးတယ်။
▪️လူတွေရဲ့ မျက်လုံးအတွက် အဖြူရောင်က အတောက်ပဆုံးအရောင်ဖြစ်ပြီး အလွန်တောက်ပတဲ့ အလင်းရောင်ကိုကြည့်မိမယ်ဆိုရင် အဖြူရောင်က လူတယောက်ရဲ့ မျက်လုံးကိုတောင် ကန်းစေနိုင်ပါတယ်။
▪️အနောက်နိုင်ငံတွေမှာဆိုရင် အဖြူရောင်က သတို့သမီးဝတ်စုံတွေအတွက် ရိုးရာ အရောင်လို့တောင်ပြောလို့ရပါတယ်။ အရှေ့တိုင်းနိုင်ငံတွေမှာဆိုရင်တော့ အဖြူရောင်က စိတ်မသက်သာဖြစ်စေတဲ့အရောင် တချို့နိုင်ငံတွေမှာ အသုဘ သင်္ဂြိုလ်တဲ့အခါ ဝတ်ဆင်တဲ့ အရောင်ဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံရဲ့ ရိုးရာမှာတော့ အဖြူရောင်ဟာ မုဆိုးမတွေကို ဝတ်ဆင်ခွင့်ပြုတဲ့ တခုထဲသော အရောင်ဖြစ်ပါတယ်။

▪️အဖြူရောင်ကို နွေရာသီပဲဖြစ်ဖြစ် ဆောင်းရာသီပဲ ဖြစ်ဖြစ် တခြားဒီဇိုင်းတွေပေါ်မူတည်ပြီး ဆန်းသစ်တီထွင်ပြီး ဝတ်ဆင်နိုင်ပါတယ်။ အဖြူရောင်က ဘယ်တော့မှရိုးမသွားတဲ့ အရောင်တခုဖြစ်နေမှာအသေအချာပါပဲ။
နောက်ထပ် ကိုယ်ဖတ်ချင်တဲ့ အရောင်လေးတွေ ရှိရင် အောက်မှာ Comment ရေးပေးခဲ့ပါနော်… 👇👇👇

ကဲ…. ဒါဆို နောက်နေ့နောက်နေ့တွေမှာတော့ ဘယ်လို ” Fashion Tip ” လေးတွေ မျှဝေပေးအုန်းမလဲဆိုတာ စောင့်မျှော်ကြည့်ရူအားပေးကြပါအုန်းနော်👩🏻‍🏫
♥️ မိမိအတွက် အကျိုးရှိတယ်ဆို မိမိနှင့် ဝါသနာတူ သူငယ်ချင်းလေးတွေအတွက်လည်း Like & Share လေးနဲ့ ပြန်လည်မျှဝေပေးဖို့ မမေ့ကြနဲ့နော် ♥️
Thank You👩🏻‍🏫
Zuezue Zin ( Fashion Illustrator )