𝐇𝐚𝐮𝐭𝐞 𝐂𝐨𝐮𝐭𝐮𝐫𝐞 ဆိုတာဘာလဲ

❓ 𝐇𝐚𝐮𝐭𝐞 𝐂𝐨𝐮𝐭𝐮𝐫𝐞 ဆိုတာ ဘာလဲ ❓
ကဲ…..ဒီနေ့မှာတော့ အမက အားလုံးအရမ်းသိချင်နေကြပြီး Designer လုပ်မယ့်သူတိုင်း သိကိုသိထားရမယ့် Fashion industry ရဲ့ အဆင့်မြင့်ဆုံး ” Haute Couture ” အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်…
စလိုက်ရအောင်နော် 👇
▪️” Haute Couture ” ဆိုတာ ပြင်သစ်စကားလုံးက ဆင်းသက်လာပြီး English လိုဆို High Sewing , High Dressmaking ( အဆင့်တန်းမြင့်တဲ့ ချုပ်လုပ်မှုပုံစံ ၊ အဆင့်တန်းမြင့်တဲ့ ဖန်တီးမှုပုံစံ ) လို့ အဓိပ္ပာယ်ရပါတယ်…
▪️နောက်ပြီး ” Haute Couture ” ရဲ့ ထူးခြားချက်ကတော့ အင်္ကျီတစ်ထည်စီ / ဒီဇိုင်းတစ်ခုစီကို ဖန်တီးတဲ့အခါမှာ အစကနေ အဆုံးအထိ လက်နဲ့ ဖန်တီးချုပ်လုပ်ရတဲ့အတွက် အရည်အသွေးမြင့်ဖက်ရှင်တွေသာ မြင်တွေ့ရမှာဖြစ်လို့ ဝတ်စုံတစ်ထည်ချင်းစီတိုင်းက အရမ်းထူးခြားလှပလွန်းပါတယ်…
▪️ဒါကြောင့် ဒီလိုထူးခြားပြီး လှပသပ်ရပ်လွန်းတာမို့ အရည်အသွေးမြင့်ပြီး ဈေးကြီးပါတယ်… သာမန် မဟုတ်တဲ့ ပိတ်စတွေ ၊ ဒီဇိုင်းများနှင့် အသေးစိတ်ချုပ်လုပ်ပြီး ဝတ်စုံတွေကို ချုပ်လုပ်တဲ့ ဒီဇိုင်နာတွေကလည်း ဝါရင့်အတွေ့အကြုံရှိတဲ့ ဒီဇိုင်နာများကသာချုပ်လုပ်လေ့ရှိပါတယ်…
စိတ်ဝင်စားဖို့ ကောင်းတယ်နော်… ဒါဆို ဆက်လေ့လာကြရအောင်နော် 👇

▪️ ” Haute couture ” အဝတ်တွေကို အမြဲဝတ်ဆင်မယ့်သူ တစ်ဦးချင်းစီအတွက် ချုပ်လုပ်ပေးမယ့်ဝတ်စုံ ကိုလည်း ဝတ်ဆင်တဲ့အခါမှာ အပိုအလိုမရှိကွက်တိ ကျအောင် ဝတ်ဆင်မယ့်သူ ခန္ဓာကိုယ်အနေအထားကို သေချာတိုင်းတာပြီး အထူးဒီဇိုင်းဆွဲ ချုပ်လုပ်ကြပါတယ်…
▪️ ချုပ်လုပ်ပြီးစီးသော အထည်တစ်ထည်ရဲ့အပိုင်းအစတစ်ခုစီအတွက် အချိန်၊ ငွေနှင့်ကျွမ်းကျင်မှုတို့ကို ထည့်သွင်းစဉ်းစားရမယ်ဆိုရင် ” haute couture ” အဝတ်တွေရဲ့ ဈေးနှုန်းက တော်တော်လေးကိုမှ သတ်မှတ်ရခက်ပါတယ်…သတ်မှတ်ချက်လည်းမရှိတဲ့အပြင် အကျီလာအပ်တဲ့သူသုံးနိုင်တဲ့ အတိုင်းအတာဘတ်ဂျက်နဲ့လည်းမသက်ဆိုင်ပါဘူး…
▪️ နိုင်ငံတကာရဲ့ စစ်တမ်းကောက်ချက်များအရ ” Haute Couture ” တစ်ထည်ကို ဖန်တီးဖို့ အနည်းဆုံး ” နာရီ ၇၀၀ လောက် ” အချိန်ယူရပါတယ်တဲ့… ကုန်ကျစရိတ်လည်း တအားများတာမို့လို့ ” Haute Couture ” တွေကို တော်ဝင်မျိုးနွယ်တွေ ၊ လူကုန်ထံအသိုင်းအဝိုင်းတွေကပဲ ဝတ်ဆင်နိုင်ခဲ့ကြပါတယ်…
▪️ နောက်ပြီး Haute Couture တထည်ကုန်ကျစရိတ်ကတော့ Brand အပေါ်လိုက်ပြီးကွာခြားတတ်ပါတယ်…
( Chanel ရဲ့ Haute Couture တထည်က $40,000 နဲ့ 80,000 ကြားမှာရှိပါတယ် ) 🙀🙀🙀
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဒါဆို ဘယ်ကနေ စတင်ခဲ့တာလဲ ❓
🧵𝐑𝐨𝐬𝐞 𝐁𝐞𝐫𝐭𝐢𝐧 🧵
” Marie-Jeanne Rose Bertin ” လို့ခေါ်တဲ့ Rose Bertin က ဘုရင်မ ” Marie Antoinette ” အတွက်ဖက်ရှင်ဒီဇိုင်နာအဖြစ်လုပ်ကိုင်ခဲ့ရင်းနဲ့ ဖက်ရှင်ဒီဇိုင်းနှင့် haute couture ကို ၁၇ ရာစုအစောပိုင်းမှာ ပြင်သစ်ယဉ်ကျေးမှုဆီကို ဖော်ဆောင်ပေးခဲ့သူအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်…
သူအကြောင်းလေး လေ့လာကြည့်ရအောင်နော် 👇
🔆 Rose Bertin ဟာ Picardie မှာရှိတဲ့ St Gilles ဆိုတဲ့နေရာလေးမှာ ငယ်ဘဝကိုဖြတ်သန်းခဲ့ပြီး သူ့ရဲ့ အမေက လစာနည်းပါတဲ့ Nurse တစ်ဦးဖြစ်ပါတယ်… အဖေမရှိတဲ့နောက်ပိုင်း သူတို့မိသားစုရဲ့ ငွေဝင်မှုက ပိုပြီးချို့တဲ့လာခဲ့ပါတယ်…
သူနဲ့ သူ့အကိုက နွမ်းပါးလှတဲ့ ပညာရေးကို သင်ယူခဲ့ရပါတယ်…
ဒါပေမယ့် သူတို့နှစ်ယောက်က လွယ်လွယ်နဲ့ လက်မလျှော့တတ်တဲ့ ရည်မှန်းကြီးမားတဲ့ မောင်နှမ နှစ်ယောက်ဖြစ်ခဲ့ပါတယ်…
🔆 ဒါလိုနဲ့ဘဲ အသက် ၁၆ နှစ်မှာ Rose Bertin က ပဲရစ်ကိုပြောင်းလာခဲ့ပါတယ်…
အကြောင်းအရင်းကတော့ အဲ့ဒီအချိန်က လူကုန်ထံအသိုင်းအဝိုင်း ၊ မင်းမျိုးမင်းနွယ်အသိုင်းအဝိုင်းမှာ နာမည်ကြီးနေတဲ့ ပြင်သစ် ဒီဇိုင်နာ ” Mademoiselle Pagelle ” ဆီမှာ အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ဖို့အတွက် အခွင့်အရေးရလို့ဖြစ်ပါတယ်…
( နောက်ပိုင်းမှာတော့ Pagelle ရဲ့ Business Partner အထိ ဖြစ်လာခဲ့ပါတယ်…)
🔆 Bertin ရဲ့ ဆက်ဆံရေးကောင်းမှု ၊ တော်မှု ၊ သေသပ်မှုတွေကြောင့် Princesse de Conti, the Duchesse de Chartres ရယ်၊ နောင်တစ်ချိန်မှာ ဘုရင်မ ဖြစ်လာတဲ့ Marie Antoinette တို့ကို မိတ်ဆက်ပေးဖို့အတွက် Bertin က the Princesse de Lamballe နဲ့ သိကျွမ်းခင်မင်ခွင့်ရခဲ့ပါတယ်…
🔆 1770 ခုနှစ်မှာတော့ ပြင်သစ်က လမ်းတစ်လမ်းဖြစ်တဲ့ Rue Saint-HonorĂŠ လမ်းပေါ်မှာ ” 𝐋𝐞 𝐆𝐫𝐚𝐧𝐝 𝐌𝐨𝐠𝐨𝐥 ” နာမည်နဲ့ ကိုယ်ပိုင်ဆိုင်ဖွင့်နိုင်ခဲ့ပါတယ်…ဆိုင်ဖွင့်အပြီးမှာပဲ Bertin ရဲ့ဆိုင်က အမျိုးသမီးတွေကြားနာမည်ကျော်ကြားခဲ့ပါတယ်…
ဒါကတော့ Bertin ရဲ့ အကြောင်းလေး တစ်ပိုင်းတစ်စလေးပေါ့နော်… အဲ့လိုလေး မအောင်မြင်ချင်ကြဘူးလားဟင် ❓❓❓
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

🧵 အစောပိုင်း 𝐇𝐚𝐮𝐭𝐞 𝐜𝐨𝐮𝐭𝐮𝐫𝐞 🧵
🔆 နောက်ပိုင်းမှာတော့ Paris သို့လာရောက်လည်ပတ်ကြတဲ့ သူတွေက ပြင်သစ် Local Dressmaker တွေချုပ်တဲ့ အဝတ်အစားများတွေကို အိမ်ပြန်သယ်ကြတဲ့အထိ Paris ရဲ့ Fashion Design တွေက နာမည်ကြီးပါတယ်…
🔆 စတိုင်ကျသောအမျိုးသမီတွေအနေနဲ့ နောက်ဆုံးပေါ် Parisian ဖက်ရှင်အတွက် ဝတ်စုံများကို မော်ဒယ်တွေလို ဝတ်ဆင်ဖို့အတွက်ထိတောင် မှာယူကြပါတယ်…
🔆 ရထားလမ်းများနှင့် ရေနွေးငွေ့သင်္ဘောများက ဥရောပကို သွားလာရလွယ်ကူစေခဲ့တာမို့လို့
နိုင်ငံရပ်ခြားက ချမ်းသာသောအမျိုးသမီးများက အဝတ်အစားများနှင့် အသုံးအဆောင်များကို ဈေးဝယ်ရန်အတွက် ပဲရစ်သို့ခရီးသွားလာခြင်းတွေကို ပြုလုပ်ကြပါတော့တယ်…
🔆 ပြင်သစ် Fitter များနှင့် ချုပ်လုပ်သူများက ပြင်သစ်က အင်္ကျီ တွေနဲ့ အဝတ်အစားများကို ဥရောပတွင် အကောင်းဆုံး ဟု ပြောစမှတ်တွင်ခဲ့ကြပြန်ပါတယ်…
🔆 Private Client တွေရဲ့ လိုအပ်ချက်နှင့် အတိုင်းအတာပေါ်လိုက်ပြီး တိကျသေသပ်တဲ့ ဒီဇိုင်း အင်္ကျီတွေကို ချုပ်လုပ်ပေးတဲ့သူများကို ” 𝐂𝐨𝐮𝐫𝐭𝐮𝐫𝐢𝐞𝐫 ” လို့ခေါ်ဆိုကြပါတယ်…
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဒါလေးကနောက်တစ်ယောက်ပါ 👇
🧵 𝐓𝐡𝐞 𝐜𝐨𝐮𝐭𝐮𝐫𝐢𝐞𝐫 Charles Frederick Worth (1825–1895)🧵
🔆 English Fashion Designer 𝐂𝐡𝐚𝐫𝐥𝐞𝐬 𝐅𝐫𝐞𝐝𝐞𝐫𝐢𝐜𝐤 𝐖𝐨𝐫𝐭𝐡 ကို ယနေ့အချိန် Haute Couture တွေရဲ့ ဖခင်အဖြစ် မှတ်ယူတင်စားကြပါတယ်…
🔆 သူဟာ 19 ရာစုနဲ့ 20 ရာစုအစောပိုင်းမှာ Fashion industry အရေးပါဆုံး ၊ Ranking အမြင့်ဆုံး 𝐇𝐨𝐮𝐬𝐞 𝐨𝐟 𝐰𝐨𝐫𝐭𝐡 ကို တည်ထောင်ခဲ့ပါတယ်…
🔆 England မှာမွေးပြီး English လူမျိုးဖြစ်ပေမယ့် သူ့ရဲ့ကြိုးစားအားထုတ်မှု ၊ တော်မှုတွေကြောင့် ပဲရစ်လိုနေရာမျိုးမှာ ထိပ်တန်း ဒီဇိုင်နာဖြစ်ခဲ့ရုံသာမက High – End dress တွေရဲ့ ဖခင်အဖြစ်ပါ သတ်မှတ်ခြင်းခံခဲ့ရပါတယ်…
🔆 ဒါ့အပြင် သူက Fashion Design တွေဆိုတာ အရုပ်မ ပေါ်မှာတင်ပြသလို့ရတာမဟုတ်ဘဲ သက်ရှိလူပေါ်မှာ ( Living Models ) တွေမှာလည်း ဝတ်ဆင်ပြီးပြသလို့ရပါတယ်ဆိုတဲ့ အချက်ကို စတင်ခဲ့တဲ့ Fashion Revolutionizing ကိုလည်း သူတည်ထောင်ထားတဲ့ House of worth မှာ ပြုလုပ်ခဲ့ပါသေးတယ်…
🔆 လူကုံထံ Client တွေက House of worth ကိုလာပြီး သက်ရှိလူ ( Living Models ) တစ်ယောက်ကို စိတ်ကြိုက်ရွေးချယ်နိုင်ပြီး အရောင်တွေ ၊ ပိတ်စတွေ ကိုလည်းစိတ်ကြိုက်ရွေးချယ်ဝယ်နိုင်ပါတယ်…
🔆 House of worth က အဲ့ဒီခေတ်ရဲ့ Ready – to – wear ကို အစပြုခဲ့သလားတောင်မှတ်ယူလို့ရပါတယ်…

💎 Worth ရဲ့ ခြေလှမ်းအတိုင်းလိုက်ပြီး ခုခေတ်နာမည်ကြီး Brand တွေဖြစ်တဲ့ ” Callot Soeurs, Patou, Poiret, Vionnet, Fortuny, Lanvin, Chanel, Mainbocher, Schiaparelli, Balenciaga, နဲ့ Dior fashion houses ” တွေစတင်ခဲ့တာဖြစ်ပါတယ်… အဲ့ဒီထဲက Fashion house အချို့ကတော့ ဒီနေ့ခေတ်အထိရှိပြီး ဒီနေ့ခေတ်ရဲ့ ဒီဇိုင်နာတွေလက်အောက်မှာဆက်ပြီး လည်ပတ်နေတုန်းဖြစ်ပါတယ်…
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

🧵1960 ပြည့်နှစ်တွေမှာတော့ Dior တို့ ၊ Balenciaga တို့ လက်အောက် လူငယ်ဒီဇိုင်နာတွေက ကိုယ်ပိုင် couture house တွေကို တည်ထောင်ခဲ့ကြပါတယ်… အဲ့ဒီထဲကမှ အောင်မြင်ကြတဲ့ လူငယ်ဒီဇိုင်နာတွေကတော့ Yves Saint Laurent, Pierre Cardin, André Courrèges, Ted Lapidus , Emanuel Ungaro နှင့် Hanae Mori တို့ပဲဖြစ်ကြပါတယ်…
🧵 20 ရာစုနောက်ပိုင်းမှာ ပြုလုပ်တဲ့ Couture show တွေက အဝတ်အစားဒီဇိုင်းတွေက ရောင်းချဖို့ အတွက်ရည်ရွယ်ပြီး မပြုလုပ်ကြတော့ပဲ Show ပြဖို့သီးသန့်သာ ဖန်တီးပြုလုပ်ခဲ့ကြပါတယ်… အဓိကရည်ရွယ်ချက်ကတော့ ရောင်းချဖို့ထက် House တွေ ၊ Brand တွေအပေါ်အမြင်နဲ့ Brand ရဲ့ image အတွက် image ကောင်းတစ်ခုကို ဖန်တီးဖို့အတွက်ပြုလုပ်ခဲ့ကြတာတဲ့…
🧵 ယခုနောက်ပိုင်း fashion house တွေအတွက် ဖန်တီးထားတဲ့ဒီဇိုင်းတွေရောင်းချခြင်းက ဝင်ငွေရဲ့အဓိက အချက်မဟုတ်ပါဘူးတဲ့…
Fashion house တွေမှာရှိတဲ့ ready-to-wear အင်္ကျီတွေ ၊ အခြားသော ရေမွှေး ၊ ဖိနပ် စတဲ့ luxury products တွေကသာ fashion house company တွေအတွက် အဓိကဝင်ငွေဖြစ်တာပါတဲ့…
🧵Fashion House တွေရဲ့ ready-to-wear collections တွေက Huge Haute Couture dress တွေထက်ဆိုင်ရင် ပိုပြီး ဝယ်လိုအားများပါတယ်…
🧵 Fashion houses ယခုအချိန်ထိတော့ custom clothing တွေကို create လုပ်နေတုန်းဖြစ်ပါတယ်… နာမည်ကျော်တွေတက်ရောက်တဲ့
Academy Awards နဲ့ the Met Gala တို့အပြင်
Gossip Girl တို့လို Television show တွေမှာလည်းတွေ့နိုင်ပါတယ်…
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

အဆုံးသတ်မှာတော့….
🧵 ခေတ်သစ် Haute Couture 🧵
( Today’s World of High Fashion)
🔆 The Fédération လို့ခေါ်တဲ့ ခေတ်သစ် Haute Couture အဖွဲ့အစည်းမှာ member အရေအတွက် (၁၀၀) လောက်ရှိပါတယ်…
Board of directors အနေနဲ့ကတော့
Pietro Beccari (Christian Dior), Delphine Bellini (Schiaparelli), Riccardo Bellini (Maison Margiela), Philippe Fortunato (Givenchy), Bruno Pavlovsky (Chanel) နဲ့ Sophie Waintraub (Jean-Paul Gaultier) တို့ပါဝင်ပါတယ်…
🔆 Modern ခေတ်ရဲ့ Haute Couture show တွေကို သိမ်းပိုက်ထားတဲ့သူတွေကတော့ အားလုံး သိပြီးသား နာမည်ကြီး Brand တွေဖြစ်တဲ့ Gucci , Channel နှင့် Dior တို့ဖြစ်ပါတယ်…
နောက်ပြီး Haute Couture show တွေကို ” January နဲ့ July ” လတွေမှာ ပဲရစ်မှာပဲကျင်းပလေ့ရှိပြီး ခုဆို Instagram , Twitter, Facebook & Google တို့မှာလဲ အလွယ်တကူ ဝင်ကြည့်လို့ ရနေပြီး ဖြစ်ကြောင်း ပြောရင်း ဒီနေ့အတွက် Haute Couture ဆိုတာ ဘာလဲ ဆိုတာကို မသိသေးသော သူများအတွက် အကျဉ်းချုံးပြီး ဝေမျှပေးခဲ့ပါတယ်နော်
📍Haute couture fashion shows တွေကို Video လေးနဲ့ လေ့လာလို့ရအောင် အမ အရမ်းကြိုက်ပြီး စုထားတဲ့ Video လေးတွေကို Comment လေးမှာ Link လေးတွေ ချထားပေးပါတယ်နော် 👇
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

✅ အမ မျှဝေပေးသွားတာ အကျိုးရှိတယ်ဆိုရင် Like and Share လေးလုပ်ပေးသွားပါဦးနော်
✔️ အကျိုးရှိစေမယ့်သူများထံ ပြန်လည် မျှဝေခြင်းဖြင့် ပညာကုသိုလ်ယူပါ ✔️
💙🖤 Turning your passion into fashion 🖤💙