Zue-My Illustration Diary မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်✍🏻
ဒီနေ့မှာတော့ တစ်မူထူးခြားအောင် Fashion ချစ်သူတွေအတွက် လေ့လာစရာလေး တစ်မျိုးကို ဝေမျှပေးသွားမှာဖြစ်ပါတယ်….. ♥️♥️♥️
…………………………………………….
ဒါကတော့….. 👇👇👇
ဒီနေ့ Zue ကျောင်းကအပြန် စာအုပ်လေးတွေ သွားဝယ်ရင်း မထင်မှတ်ဘဲ စာအုပ်တွေရှိတဲ့ ကုန်တိုက်က နာမည်ကြီး Brand တွေကြီး ရောင်းတဲ့ ကုန်တိုက်လေးဖြစ်နေရော… 😲😲😲
ဒါနဲ့ Zue လဲ အရမ်းပျော်သွားပြီး လိုက်ကြည့်နေရင်းး ဘာတွေ လေ့လာဖြစ်ခဲ့လဲ ဆိုတော့….. ကိုယ်က Fashion Illustrator ပီပီ အရင်ဆုံး မြင်မိတာက သူတို့ဆီက Brand တွေရဲ့ Display ထားတဲ့ အရုပ်လေးတွေကို ကြည့်မိတော့ Amazing! 😲😲😲
ပုံမှန်ရပ်နေတဲ့ပုံတွေ မဟုတ်ဘဲ ကောက်ကြောင်းလှလှတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ အရုပ်မတွေ သုံးထားတော့ ဝယ်သူတွေက ချက်ချင်း ဆိုင်ထဲဝင်ပြီး ကြည့်ချင်စိတ်တွေ တဖွားဖွား ဖြစ်စေတာပေါ့… 😊😊😊
Zue ကိုယ်တိုင်က Fashion Illustrator တစ်ယောက်ဖြစ်တော့ ပုံကြီး တည့်တည့်ကြီးဆွဲပြီး တောင့်တောင့်ကြီးဆိုမကြိုက်ဘူးလေ ဒီလိုကောက်ကြောင်းလေးတွေနဲ့မှ ကြိုက်တော့ ဝမ်းသာအားရနဲ့ ပျော်ပြီး ချစ်စရာအရုပ်မလေးတွေကို အားလုံးကို ပြန်လည်ဝေမျှဖို့ ပုံတွေ အများကြီးရိုက်ခဲ့လိုက်တယ်….📸📸📸
📍ဒီတော့ Fashion shop ဖွင့်ထားတဲ့ သူတွေ အခုမှ ဖွင့်ဖို့ ကြိုးစားနေတဲ့သူတွေအတွက် လေ့လာလို့ရအောင် ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်.📍
ဒီနေ့မှာတော့ ပုံလေးတွေဘဲ ကြည့်ထားပေးအုန်းနော်… နောက်နေ့ကျရင်တော့ Vlog လေးပါ တင်ပေးမှာဖြစ်လို့ သေချာလေး လေ့လာကြည့်လို့ရပြီးပေါ့နော်…♥️♥️♥️
ကဲ…. ဒါဆို နောက်နေ့နောက်နေ့တွေမှာတော့ ဘယ်လို ” Fashion Tip ” လေးတွေ မျှဝေပေးအုန်းမလဲဆိုတာ စောင့်မျှော်ကြည့်ရူအားပေးကြပါအုန်းနော်👩🏻🏫
♥️ မိမိအတွက် အကျိုးရှိတယ်ဆို မိမိနှင့် ဝါသနာတူ သူငယ်ချင်းလေးတွေအတွက်လည်း Like & Share လေးနဲ့ ပြန်လည်မျှဝေပေးဖို့ မမေ့ကြနဲ့နော် ♥️
Thank You👩🏻🏫
Zuezue Zin ( Fashion Illustrator )
Zue – My Illustration Diary✍🏻✍🏻✍🏻
Fashion Illustration by His’s & Her’s