Black Color in Fashion

🔥 Black Color in Fashion 🔥
အမတို့ ဒီနေ့ Fashion လောကမှာပါမက တခြားနယ်ပယ်တွေမှာပါ အရမ်းကိုအရေးပါတဲ့ အရောင်တစ်ရောင်အကြောင်းပြော​ပြပါမယ် …
ဒါကတော့ အားလုံးရဲ့ အသဲစွဲ ” Black Color ” ဘဲ ဖြစ်ပါတယ်.
✔️ Black Color ဆိုတာ ” achromatic color ” ဖြစ်ပါတယ် ✔️
အမတို့ အမျိုးသမီး​တွေ တော်တော်များများရဲ့ ဗီဒိုထဲမှာ နေရာယူထားတာ Black Color Outfit တွေဘဲ မဟုတ်လား … You တို့ရော ..❓

ဒါတင်မကသေးဘူး အမတို့တွေ ဒီဇိုင်းတွေဆွဲပြီး ကာလာချယ်မယ်ဆိုလဲ Black color ကိုဘဲ ရွေးချယ်လွန်းလို့ Black color Marker ဆို အမြဲကုန်မြန်တတ်သေးတယ်မဟုတ်လား …❓

▪️ဖက်ရှင်စျေးကွက်မှာလည်း အဝတ်အစားတွေနဲ့ ပတ်သက်ရင် အရောင်းရဆုံး ၊ အဝယ်အများဆုံး အရောင်က အနက်ပဲဖြစ်ပါတယ်…
▪️ဘယ်တော့မှ မရိုးတဲ့အရောင်ကလဲ အနက်ပါပဲ…
▪️တော်တော်များများကလည်း အနက်ရောင်ကို ဝတ်ဆင်လိုက်ရင် ကိုယ့်ကိုယ်ကို ပိုပြီး Confidence တက်စေတာအမတို့အားလုံးအသိပဲဖြစ်ပါတယ်နော်…
▪️ အနက်ရောင်ကို ပိုချစ်တဲ့သူတွေကတော့ အမတို့လို ဝတဲ့သူတွေပေါ့ ရှိရင်းစွဲ ခန္ဓာကိုယ်ကို ပိန်သယောင်ဖြစ်စေတယ်လေ…
ဒါကြောင့် Fashion လောကမှာ အနက်ရောင်က တအားကို အရေးပါတဲ့ နေရာမှာ ပါဝင်နေတာဖြစ်ပါတယ်…ဒါပေမယ့် ဘာလို့လဲ … ဘာလို့ အနက်ရောင်က အရေးပါတဲ့နေရာမှာ ပါဝင်နေတာလဲလို့ မေးစရာရှိတာပါတယ်… 🤔

အဲ့ဒီအကြောင်းအရာကို အမက ဒီနေရာမှာ ရှင်းပြပေးပါရစေ…👇🏻

✔️ ဖက်ရှင်သမိုင်းမှာ ဘယ်တော့မှ ဦးမကျိုးခဲ့တဲ့ အနက်ရောင် ✔️
🖤 14 ရာစုလောက်မှာ အရည်အသွေးကောင်းမွန်သော အနက်ရောင်ဆိုးဆေးများကိုစတင်တီထွင်ခဲ့ပါတယ်…
🖤 အဲ့ဒီခေတ်ရဲ့ ထုံးစံအတိုင်း လူ့အဖွဲ့အစည်းမှထင်ရှားတဲ့ အထက်တန်းလွှာများသာ အနက်ရောင်ကို ၀တ်ဆင်လို့ရပါတယ်… ဘာလို့လဲဆိုတော့ အဲ့ဒီခေတ်က ဆိုးဆေးထုတ်လုတ်ဖို့အတွက် တအားကိုစျေးကြီးတာကြောင့် သာမာန်လူတွေ ဝတ်ဆင်ဖို့မတတ်နိုင်ခဲ့ကြပါဘူး…
ဒီဘက်ခေတ်ရောက်တဲ့အခါမှာတော့ …..
🖤 1927 မှာ CoCo Chanel က အနက်ရောင် Collection ကိုစပြီးထုတ်ခဲ့ပါတယ်…
Collection နာမည်ကတော့ “ The Little black dress “ ပဲဖြစ်ပါတယ်…
🖤 တချိန်တည်းမှာပဲ အမတို့ Fashion လောကရဲ့ icon ရုပ်ရှင် တစ်ခုဖြစ်လာမယ့်
” Breakfast at Tiffany’s ” ထဲက ” Audrey Hepburn ” ရဲ့ black dress က တစ်ကမ္ဘာလုံးကို ပြန့်နှံ့သွားပြီး အမျိုးသမီးတွေမှာရှိကိုရှိသင့်တယ့် အနက်ရောင်ဝတ်စုံဆိုပြီး လူတိုင်းရဲ့ ပါးစပ်မှာ ရေပန်းစားခဲ့ပါသေးတယ်…
🖤 အရောင်တွေ တစ်ရောင်ပြီးတစ်ရောင်ခေတ်စားလာပေမယ့် အနက်ရောင်ကတော့ ဘယ်တော့မှမရိုးတဲ့ အရောင်ဖြစ်ပါတယ်… Coco Chanel က “အနက်ရောင် နဲ့ အဖြူရောင်ရဲ့ အလှက ပကတိပါပဲ၊ အဲဒါက ပြီးပြည့်စုံတဲ့ သဟဇာတပါပဲ” ပြောခဲ့ပါသေးတယ်…
🖤 နိုင်ငံတကာကရော အမတို့ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြားနဲ့ စပ်တူလုပ်နေကြတဲ့ company တော်တော်များများမှာပါ Office uniform ကို Black color ကို အသုံးပြုကြတာကိုလဲ အားလုံးသိကြမှာပါ…

🖤 နောက်ပြီး အနက်ရောင်ဆိုတာ ဘယ်လို color နဲ့ဖြစ်ဖြစ် လိုက်ဖက်တဲ့အရောင်ဖြစ်ပါတယ် … အနက်ရောင်ဘောင်းဘီတစ်ထည်ရှိရင် အပေါ်က အကျီအရောင်တွေ ပြောင်းသွားရုံပါဘဲ …

✔️ အနက်ရောင်ရဲ့ သဘောတရား ✔️
🖤 အနက်ရောင်က ပရော်ဖက်ရှင်နယ်ဆန်မှု ၊ တာဝန်ယူမှုသဘောကို ကိုယ်စားပြုပါတယ်…
🖤 ဒါကြောင့်လည်း အမတို့တွေတော်တော်များများက အနောက်တိုင်းဝတ်စုံကို ပန်းရောင်ဝတ်စုံဝတ်တာထက် အနက်ရောင်ဝတ်စုံဝတ်ဆင်တာကို လုပ်ငန်းရှင်တွေ ပိုပြီးယုံကြည်ကြတယ်လေ ဟုတ်တယ်ဟုတ် ?

🖤 အနက်ရောင်က ဆွဲဆောင်မှုရှိတယ်၊ ယုံကြည်အားထားရတဲ့ သဘောအပြင်၊ တည်ကြည်ခန့်ညားစေတဲ့ သဘောပါသက်ရောက်ပါတယ်… မိန်းကလေးတွေဆိုလည်း အနက်ရောင်ဝမ်းဆက်လေးက ဆွဲဆောင်မှုတအားရှိစေပါတယ်…

✔️ အနက်ရောင်နဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းက ယဉ်ကျေးမှုတွေက လက်ခံထားတဲ့ အရာများ ✔️
🖤 အနက်ရောင်က လူအမျိုးမျိုးရဲ့ မတူညီတဲ့ ယဉ်ကျေးမှု အမွေအနှစ်များပေါ်မူတည်ပြီး အဓိပ္ပါယ်အမျိုးမျိုးရှိကြပါတယ်…
🖤 အချို့ယဉ်ကျေးမှုတွေအတွက် အနက်ရောင်က ဝမ်းနည်းခြင်း ကို ကိုယ်စားပြုပြီး အခြားသူများအတွက် ခွန်အားပေးတယ်လို့ သတ်မှတ်ထားတာလည်းဖြစ်ပါတယ်…
🖤 ဒါကြောင့်အနက်ရောင်ကို ပွဲတော်တစ်ခုခုအတွက် ဝတ်ဆင်မယ်ဆိုရင် ကိုယ်သွားမယ့်ပွဲတော်ရဲ့ ယဉ်ကျေးမှုနဲ့ အယူအဆတွေကိုသိအောင်လုပ်ထားသင့်ပါတယ်… မဟုတ်ရင်တော့ တလွဲတွေဖြစ်ပြီး သူများယဉ်ကျေးမှုကို စော်ကားရာရောက်မှာပါ…
🖤 ဥပမာအနေနဲ့ပြောရရင် chinese ရိုးရာယဉ်ကျေးမှု နှစ်ကူးပွဲမှာ ယဉ်ကျေးမှု အယူအဆအရ မဝတ်ရဘူးဆိုတဲ့ အရောင် (၂) မျိုးရှိပါတယ်…
အဲ့ဒါတွေကတော့
▪️ အမဲ
▫️အဖြူတို့ပဲဖြစ်ပါတယ်…
နောက်ပြီး နှစ်တွေရဲ့ လာဘ်ကောင်များအလိုက် မဝတ်ဆင်ရမယ့်အရောင်တွေရှိတာမို့လို့ အဲ့လိုဟာမျိုးတွေကိုအထူးသတိကပ်သင့်ပါတယ်…

🖤 နောက်ပီး အမတို့ မြန်မာတွေမှာလဲ မင်္ဂလာယူတဲ့ ပွဲတော် အချို့တွေမှာလဲ အနက်ရောင်ဆို ရှောင်ရှားကြပါသေးတယ်နော် …

အောက်မှာလဲ အမကြိုက်တဲ့ Black color outfitတွေအပြင် Breakfast at Tiffany’s ” ထဲက ” Audrey Hepburn ” ရဲ့ black dress တွေကိုပါ ဖော်ပြပေးထားလို့ လေ့လာကြပါအုန်းနော် …

▪️Breakfast at Tiffany’s ” ထဲက ” Audrey Hepburn ” ရဲ့ black dress ▪️

ကဲ … ဒီနေ့မှာတော့ အနက်ရောင်က ဖက်ရှင်လောကမှာသာမကဘဲ အပြင်လောက ၊ အယူအဆတွေနဲ့ ယဉ်ကျေးမှုတွေမှာ ဘာလို့အရေးပါနေတာလဲဆိုတာပြောပြပေးခဲ့တာပါပဲဖြစ်ပါတယ်… 🖤
📍အမြဲ အသစ်တွေသာပေးမယ့် His’s & Her’s 📍
” Turning your passion into fashion “
▪️Fashion Illustration by His’s & Her’s ▪️