Copic Marker Part ( 2 )

✨ Illustrator တိုင်းရဲ့ အိမ်မက် ” Copic Marker ” Part ( 2 ) ✨
ဒီနေ့မှာတော့ illustrator တိုင်းရဲ့အိမ်မက် ၊ illustrator တိုင်းလိုချင်ကြတဲ့ Copic Marker အကြောင်းကို Part ( 2 ) အနေနဲ့ အမက ဆက်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်…
❓Copic က ယူတို့ အိမ်မက်လား အမနဲ့ အိမ်မက်တူကြလား ပြောပြကြပါအုန်း Comment လေးမှာ ❓
▪️Part ( 1 ) တုန်းကတော့ Copic Markers ရဲ့ သမိုင်းကြောင်းနဲ့ အရောင်တွေအကြောင်းကို ပြောပြပေးခဲ့တာဖြစ်ပြီး Part ( 2 ) မှာတော့ Marker တွေ အပြင် Copic ရဲ့ အမျိုးအစားစုံလင်လှတဲ့ မတူညီတဲ့ Marker Pen တွေအကြောင်း၊ ဈေးနှုန်းတွေ ၊ ဝယ်ယူလို့ရမယ့် နေရာလေးကို လေ့လာရမှာဖြစ်ပါတယ်… 🙋🏻‍♀️
▪️Copic ဆိုတဲ့အတိုင်း ပစ္စည်းတွေက တော်တော်လေးကို စုံလင်လှပါတယ် …

တစ်ခုချင်းစီရဲ့ အသေးစိတ်လေးတွေကို သက်ဆိုင်ရာ ပုံတွေရဲ့အောက်မှာ ရေးပေးထားလို့ ပုံလေးတွေကို ထောက်ကြည့်ဖို့မမေ့ပါနဲ့နော်👇🏻

1️⃣ Copic Sketch

▪️Copic ရဲ့ Best Seller ဖြစ်တဲ့ Copic Sketch တွေကိုတော့ Professional illustration နယ်ပယ် နဲ့ Fine art တွေမှာ အသုံးပြုကြတာ အမတို့ အများဆုံးတွေ့ရမှာပါ… ( လက်ရှိအမလဲ အသုံးများတာ Copic Sketch ပါ )

▪️ဂျပန်တွေက ဘယ်လောက်ထိ စနစ်ကျလဲဆိုရင်လေ အမတို့လို အသုံးပြုသူ Illustrator တွေ အချိန်အကြာကြီးပုံဆွဲတဲ့အခါမှာ Marker ကို ဖိထားတဲ့လက် နာကျင်မှုမရှိအောင်လို့ ဘဲဥ ဒီဇိုင်းနဲ့ ပြုလုပ်ပေးထားလို့ အချိန်ကြာလဲ နာကျင်တာ မဖြစ်ဘူးနော် ..
( အောက်မှာ ပုံလေးပြထားတယ်နော် )

▪️Super Brush နှင့် Medium Broad nibs များအပြင် Marker ထဲက အရောင်ကုန်သွားရင်လည်း စိတ်ပူစရာမရှိဘဲ Refill ပြန်လုပ်လို့ရပါတယ်…

▪️အရောင်တွေကိုလဲ အလွယ်တကူ ရှာဖွေနိုင်ဖို့အတွက် Marker အဖုံးတွေအပေါ်မှာ အရောင်ကုဒ်များကို တွေ့နိုင်အောင် ပြုလုပ်ပေးထားလို့ အလွယ်တကူ ရှာရုံဘဲနော် ….

2️⃣ Copic Ciao

▪️Copic ရဲ့ အဓိကရည်ရွယ်ချက်က နယ်ပယ်ပေါင်းစုံက အသုံးပြုသူတွေအတွက် အဆင်ပြေစေအောင် အဓိကထား ထုတ်လုပ်ထားတာဖြစ်ပါတယ်…

▪️ဒီတော့ ကိုယ်က Beginner Level ( ဒါမှမဟုတ် ) ကျောင်းသား ၊ ကျောင်းသူ သာဆိုရင် ” Copic Ciao ” က ကိုယ့်အတွက်ရွေးချယ်စရာ တစ်ခုပါပဲ…

▪️ရိုးရှင်းတဲ့ ဒီဇိုင်း အဝိုင်းပုံစံနဲ့ မှင်ပါဝင်မှု နည်းတာကြောင့် စျေးအများကြီးမသုံးချင်တဲ့သူတွေအတွက် သက်သက်သာသာနဲ့ အသုံးပြုလို့ရနိုင်မှာပါ …

▪️မှင်ပါဝင်မှု နည်းတယ် ဆိုပေမယ့် ကုန်သွားရင်လဲ Refill လုပ်ပြီး ပြန်လည်အသုံးပြုလို့ရတော့ ဒါလေးတော့ ဝယ်စုဖြစ်အောင် ဝယ်ဖို့ အမအကြံပေးချင်ပါတယ် …

3️⃣ Copic Classic/ Original

▪️Architect တွေနဲ့ Designer တွေ အသုံးများကြတဲ့ Copic Classic ဟာဆိုရင် ( 1987 ) ခုနှစ်ထဲက အခုချိန်ထိ ဆက်လက်ထုတ်လုပ်နေတဲ့ အထင်ကရ ဒီဇိုင်းပဲဖြစ်ပါတယ်…

▪️သူကတော့ တိကျတဲ့ အသေးစိတ်အချက်အလက်များရေးဆွဲဖို့အတွက် Marker ထိပ်ကို ခပ်ချွန်ချွန်လေးပြုလုပ်ပေးထားပါတယ်…( ထိပ်လေးက Fine Marker ထိပ်နဲ့ ခပ်ဆင်ဆင်ပါဘဲ မာမာချွန်ချွန်လေး )

▪️ပုံမှန် Copic တွေလိုပဲ Refill ရရှိမှာဖြစ်ပြီး ဘူးအဖုံးပေါ်မှာ အရောင် နံပါတ်တွေ ပါဝင်မှာဖြစ်ပါတယ်…

4️⃣ Copic Ink

▪️Copic Maker မှင်ရည်ကုန်သွားရင် ထပ်ခါထပ်ခါ Refill ပြန်လုပ်လို့ရတဲ့ Copic ink ဟာဆိုရင် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချပေးပြီး ကိုယ့်အတွက်လည်း အကုန်အကျ သက်သာစေပါတယ်…

▪️ Copic Ink ရဲ့ ဒီဇိုင်းကိုတော့ အလွယ်ကူဆုံး နဲ့ ဖိတ်စင်မှုမရှိပဲ Refill လုပ်လို့ရအောင် ဖန်တီးပေးထားတာကို ပုံမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်…

▪️နောက်ပြီး Copic Ink ရဲ့ ဘာအရောင်မှ မရှိတဲ့ ဘူးခွံ့လွတ်ထဲမှာလဲ ကိုယ် ကြိုက်တဲ့အရောင်ကို ရောစပ်ပြီးအသုံးပြုလို့ရပါသေးတယ် …

▪️Copic Ink ကတော့ ဝယ်ရတာ အရမ်းတန်လွန်းပါတယ် သူတို့ကြေညာထားတာတော့ တစ်ဘူးကို ၇ ကြိမ် ၈ ကြိမ် အသုံးပြုနိုင်တယ်ဆိုပေမယ့် တကယ့်လက်တွေ့ အမအသုံးပြုတဲ့အခါမှာတော့ တော်တော် ကြာကြာ အသုံးပြုရပါတယ် အမဝယ်ထားတဲ့ Ink ဆို ၂နှစ်ရှိပြီး ခုထိ မကုန်သေးဘူး တစ်ခါထည့်ရင်လဲ ကိုယ်လိုအပ်သလောက်ဘဲ ထည့်တာဆိုတော့လေ ကြာရှည်ခံတယ် …

5️⃣ Copic Multiliner

▪️Sketch လုပ်ခြင်း နဲ့ ပုံဆွဲဖို့အတွက် ထုတ်လုပ်ပေးထားတဲ့ Copic Multiliner pen တွေကတော့ အသေးစိတ်ဆွဲတဲ့နေရာမှာ အကောင်းဆုံး ရေးဆွဲနိုင်မှာဖြစ်ပါတယ်…

▪️ဒါ့အပြင် Pigment Based ink ကို အသုံးပြုထားတာကြောင့် ရေနဲ့ အရက်ပြန်ထိတဲ့အခါမှာလည်း မှင်ပြန့်သွားတာမျိုး မရှိပါဘူး …

▪️ဒါကြောင့် Copic Multiliner နဲ့ Trace လုပ်ပြီး Copic Marker တွေ ပြန်ထပ် ဆွဲမယ်ဆိုလည်း အဆင်ပြေပါတယ်…

▪️Pen Size ပေါင်းစုံ ရနိုင်တဲ့အပြင် စုတ်တံပုံစံမျိုးနဲ့လည်း ထုတ်လုပ်ထားပါသေးတယ်…
( ဒါလေးတစ်မျိုးကတော့ အမလဲ မဝယ်ရသေးဘူး ဆိုင်မှာဘဲ စမ်းဘူးသေးတယ် ) 

6️⃣ Copic Set

▪️အပေါ်မှာ အမပြောပြသွားတဲ့ Copic Sketch ၊ Copic Ciao နဲ့ Copic Classic တွေကို တချောင်းချင်းစီဝယ်ယူလို့ရသလို Set လိုက်လည်း ဝယ်ယူလို့ရပါသေးတယ်…

Set လိုက်ဝယ်ယူဖို့ ဈေးကြီးတယ်ဆိုရင်တော့ တစ်ချောင်းချင်းစီလဲ ရွေးချယ်ဝယ်ယူလို့ရပါတယ်နော် … 

🤩 ဒါကတော့ အမမှာ ရှိတဲ့ Copic လေးတွေပါ 🤩

▪️လက်ရှိတော့ Copic Sketch , Copic Ciao , Copic Classic and Copic Ink ဘဲ ဝယ်ရသေးတယ် …

▪️အမအသုံးများဆုံးကတော့ Copic Sketch ပါ သူက Brush type လေးဖြစ်လို့သုံးရတာလဲ အရမ်း နူးညံ့ပြီး ကိုယ်လိုသလို အရောင် blend တဲ့အခါ အရမ်း အသုံးဝင်တယ် ၊ နောက်ပီး Copic Sketch and Copic Ciao က အသုံးပြုပုံခြင်း တူတူပါဘဲ …

▪️အမအကုန်မြန်ဆုံးကတော့ Skin Color No. E00 ဘဲ ဒါကြောင့်အမ သူအတွက် Refill 2 ဘူး ကြိုဝယ်စုထားတယ် …

▪️ဝယ်တုန်းက ၁၀ချောင်းလောက်ဘဲ ဝယ်နိုင်ခဲ့တာ ဖြည်းဖြည်းချင်းကျောင်းတက်ရင်း ဝယ်ရင်းဝယ်ရင်း ဒီလောက်တော့ စုနိုင်သွားပြီးပါ့နော် …

▪️Copic နဲ့ဆွဲထားတဲ့ အမလက်ရာလေးတွေကိုတော့ Part 1 တင်ပေးထားလို့ စိတ်ဝင်စားရင် ဝင်ကြည့်နော် …

အိမ်မက်လေးတစ်ဝက်တော့ စုနိုင်ခဲ့ပြီး … 🤩

အမလဲ အများကြီး ထပ်ဝယ်စုဖို့ ကြိုးစားနေတုန်းပါ …💪

ကဲ … ဒါဆို Copic က ရနိုင်မယ့် အရာလေးတွေ အသေးစိတ် ပုံလေးတွေမှာ လေ့လာဖတ်ပြီးပြီး ဆိုရင်တော့ ခု Copic ကို ပြည်တွင်းမှာ ဝယ်လို့ရမယ့် နေရာလေးရယ် ဈေးနှုန်းလေးတွေအကြောင်းကို ဆက်ပြောပြပါမယ် …
( ပြည်ပက ကျောင်းသူတွေကတော့ Amazon website ကနေ အလွယ်တကူ မှာယူလို့ရတယ်နော် )
▪️Copic က အားလုံးသိကြတဲ့အတိုင်း ဈေးများတဲ့ International သုံး Marker ဖြစ်လို့ ပြည်တွင်းမှာ Touch တို့လို နေရာတိုင်းမှာ အလွယ်တကူ မရနိုင်သလို ဆိုင်တွေမှာလဲ မရောင်းကြပါဘူး …
▪️ဒါပေမယ့် ခု ကံကောင်းပြီး Japan ကနေ ရန်ကုန်ကို တိုက်ရိုက် မှာယူလို့ရပါပြီးနော် …
▪️သတင်းကောင်းကတော့ ဂျပန်မှာရှိတဲ့ အမရဲ့ မိတ်ဆွေ Fashion Designer Tr. paing က ဂျပန်မှ တဆင့် ရန်ကုန်ကို Copic တွေ စပြီး ပို့ပေးတော့မယ်ဆိုတော့ တို့တွေအတွက် စမ်းသုံးကြည့်လို့ ရပြီးပေါ့နော် …

▪️​ဈေးနှုန်းလေးတွေ အနေနဲ့ကလဲ တိုက်ရိုက်ဖြစ်လို့ တော်တော်သက်သာအောင် လုပ်ပေးထားပါတယ် အမထိုင်းမှာ ကျောင်းတက်တုန်း ဝယ်တုန်းကဆိုရင် တစ်ချောင်းကို မြန်မာငွေနဲ့ 11500ks လောက် ပေးဝယ်ခဲ့ရပါတယ် …

ကဲ ဒါဆို …. မှာယူချင်တယ်ဆိုရင်တော့ …
Design Goods For You
Page ကတဆင့် မှာယူလို့ရနေပါပြီးနော် …
ဈေးနှုန်းလေးတွေကတော့ ….
🔺 Copic Sketch , Copic Classic/ Original and Copic Ink ဆိုရင် …

  • 1 ချောင်းကို 10000ks ကျသင့်ပါတယ် ။
  • 10 ချောင်း နဲ့ အထက်မှာယူမယ်ဆိုရင်တော့ တစ်ချောင်းကို 9700 kyats သာ ကျသင့်ပါမယ်။
    🔺Copic Ciao ဆိုရင် …
  • 1 ချောင်းကို 7500ks ကျသင့်ပါတယ် ။
  • 10 ချောင်းနဲ့ အထက် မှာယူမယ်ဆိုရင်တော့ တစ်ချောင်းကို 7200 kyats သာကျသင့်ပါမယ် ။
    📍အမအကြံပေးချင်တာကတော့ အနည်းဆုံး ၅ ချောင်းမှ စမှာပေးမှ အဆင်ပြေပါမယ်နော် နောက်ဆို ပို့ခတွေအများကြီးကုန်မှာ မတန်တော့ဘူးပေါ့နော် ဒီတော့ သူငယ်ချင်းတွေ စုမှာကြရင် ပိုတန်တာပေါ့နော် 📍
  • Waiting Time အနေနဲ့ကတော့ Shipping နဲ့ဆိုရင် ခေတ်ကာလ အခြေအနေများအရ ၂လခွဲကနေ ၃ လအထိ ကြာနိုင်ပါတယ်တဲ့ ။
  • ဒါပေမယ့် ဝယ်ယူသူများပြီး ပို့ဆောင်မယ့်အချိန် လေယာဉ် အဆင်ပြေတဲ့ အချိန်နဲ့တိုက်ရင်တော့ ၁ လအတွင်းရမဲ့အခါတွေ ရှိနိုင်ပါတယ်တဲ့ ။
    ▪️ဒီတော့ Illustration ဆွဲတဲ့သူမှန်ရင်တော့ Skin Color No. E00 နဲ့ သူ့ရဲ့ Refill လေးကိုတော့ ဝယ်ကိုဝယ်ထားသင့်ပါတယ်နော် ကျန်တာကတော့ ယူတို့ စိတ်ကြိုက်ပါနော် ။
    တခြားသော အသေးစိတ် သိချင်တာလေးတွေကိုတော့ ” Design Goods for You ” Page ကို တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်နော် ။
    ကဲ … ဒါဆို ဒီတခေါက်မှာတော့ အမက Copic က ထုတ်လုပ်ထားတဲ့ Marker တွေရဲ့ အမျိုးအစားတွေရယ် ၊ ဈေးနှုန်းနဲ့ ဝယ်လို့ရမယ့် နေရာလေးကို အသုံးပြုလို့ ရအောင်ပြောပြပေးခဲ့တာ ဖြစ်ပါတယ်…
    နောက်ထပ် အကောင်းဆုံး ဝေမျှခြင်းတွေနဲ့အတူ ပြန်ဆုံပါမယ် 🙋🏻‍♀️
    Photo by Google
    ✅ အမ မျှဝေပေးသွားတာ အကျိုးရှိတယ်ဆိုရင် Like and Share လေးလုပ်ပေးသွားပါဦးနော်
    ✅ သူငယ်ချင်းတွေ ၊ အသိတွေထဲက ကြည့်သင့်တယ် ၊ သိသင့်တယ်လို့ထင်တဲ့သူတွေကိုလည်း mention လုပ်ပေးသွားပါဦးနော်
    ✔️ အကျိုးရှိစေမယ့်သူများထံ ပြန်လည် မျှဝေခြင်းဖြင့် ပညာကုသိုလ်ယူပါ ✔️
    💙🖤 Turning your passion into fashion 🖤💙