အားလုံး မင်္ဂလာပါရှင်???
His’s and Her’s ကနေ လေ့လာခဲ့တဲ့ Fashionများ နဲ့ ပတ်သတ်ပြီး အမြဲအားလုံးကိုဝေမျှပေးနေရင်း အခုတစ်ခါမှာတော့ ယနေ့ခေတ် ထင်ပေါ်ကျော်ကြားနေတဲ့ Fashion Illustrator တယောက်အကြောင်းကို အားလုံးလည်း ဗဟုသုတ ရအောင် ဝေမျှပေးလိုက်ပါတယ်ရှင်
သူကတော့ Anna Halarewicz ပဲဖြစ်ပါတယ်ရှင်
Anna Halarewicz ကို 1983 ခုနှစ်မှာ မွေးဖွားခဲ့ပြီး Wroclaw မြို့ရဲ့ School of Fine Art ကနေ ဘွဲ့ရခဲ့တာဖြစ်ပါတယ်။ သူမဟာ Fashion ရေစီးကြောင်းကို ဦးဆောင်တီထွင်သူဖြစ်ရုံသာမက Fashion တွေ လူအသီးသီးအပေါ် လွှမ်းမိုးနိုင်ရန် အတွက် အမြဲကြိုးစားလေ့ရှိတဲ့ အမျိုးသမီးတဦးလည်း ဖြစ်ပါတယ်။ ယခုအချိန်မှာလဲ တကိုယ်တော် ပြပွဲ ပေါင်းများစွာပြုလုပ်ခဲ့ပြီးပြီဖြစ်ပါတယ်။ သူမရဲ့ တီထွင်ဆန်းသစ်မှုတွေကိုTwój Styl, Elle, Harper’s Bazaar, Glamour, InStyle, Viva!Moda, Elle, Newsweek, OOBစတဲ့ နာမည်ကျော် မဂ္ဂဇင်းတွေမှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။
သူမဟာ
- Distinction for dissertation “The Personification of Soul”, BWA Gallery, Opole, 2007
- Diploma of the Year, Graphic Department, Academy of Fine Arts in Wroclaw, 2008
- Rector’s Second Award, Students Graphics Biennale, Academy of Fine Arts, 2009
- Funded Award, Seventh Edition of Polish Graphic Triennial, Katowice, 2009
- Finalist of Art & Fashion (Award from Twoj Styl), Poznan, 2010
- Member of Workshops organized by Exklusive Magazine, Cybernetics Center, Warsaw, 2010
- Print Ad of The Week, Lüerzer’s Archive, 2011 စတဲ့ Awards နဲ့ Distinctions တွေကိုရခဲ့ပါသေးတယ်။
Anna Halarewicz ဟာ ယခုအချိန်မှာ အောင်မြင်ကျော်ကြားဆုံးသော Fashion Illustrator နဲ့ Designer တယောက်ဖြစ်နေပေမယ့်လို့ ကိုယ့်ကိုကိုယ် အမြဲနှိမ့်ချနေတတ်ပြီး အနုပညာလက်ရာတွေ တီထွင်ဖန်တီးဖို့နဲ့ ပန်းချီဆွဲဖို့ အတွက်ပဲ သူမရဲ့အချိန်တွေကို ကုန်ဆုံးလေ့ရှိပါတယ်။ - သူ့ရဲ့ Instagram Acc ကတော့ https://instagram.com/annahalarewicz… ပဲ ဖြစ်ပါတယ်။
https://m.facebook.com/Anna-Halarewicz-Fashion-Illustrations-400619140068478/
ကဲ ဒါဆိုရင်တော့ သူမရဲ့ Instagram ထဲကို ကိုယ်တိုင်ဝင်ရောက်လေ့လာပြီး Follow လုပ်ရင်း သူမရဲ့ ဆန်းသစ်လှပတဲ့ ဒီဇိုင်းလက်ရာလေးကို တူတူကြည့်ရင်း ကိုယ်ပိုင်ဒီဇိုင်းဆန်းလေးတွေကို ဖန်တီးကြည့်ရအောင်နော်။
နောက်နေ့နောက်နေ့တွေမှာလဲ Fashion နဲ့ ပတ်သတ်ပြီး ဘယ်လိုအသစ်သစ်လေးတွေကို ဝေမျှပေးသွားမလဲဆိုတာ စောင့်မျှော်ကြည့်ရူအားပေးကြပါအုန်းနော်။ - THANK YOU
His’s & Her’s Fashion School???