Fashionista and G-Dragon

📌 What is Fashionista ?
ဒီနေ့မှာတော့ Fashion အကြောင်းပြောကြတော့မယ်ဆိုရင် ဒီနေ့ခေတ် လူတိုင်းရဲ့ အတွေးတွေ၊ မသိစိတ်တွေမှာ နေရာယူထားတဲ့
” Fashionista ” ဆိုတဲ့ ဝေါဟာရ တစ်ခုအကြောင်းကို ဒီနေ့ အမတို့ ဆွေးနွးကြည့်ရအောင် …👇
📌 What is Fashionista ?
” Fashionista ဆိုတာ အသစ်အသစ်သော အရာတွေကို ဖန်တီးနိုင်ပြီး ပြောင်းလဲနေတဲ့ fashion ခေတ်ရေစီးကြောင်းတွေကို ကြိုးကိုင် လှုံဆော်ပေးနေတဲ့သူ ၊
နောက်ဆုံးပေါ် trends တွေ အတိုင်း ပြောင်းလဲ နေထိုင်ပြီး fashion နဲ့ပတ်သက်လာရင် လူတိုင်းရဲ့ ပြောစမှတ်ထွင်ရတဲ့ နေထိုင်မှုပုံစံမျိုး နဲ့ ရှင်သန်နေတဲ့ သူတစ်ယောက် ကို ” Fashionista ” လို့ခေါ်လို့ရပါတယ်…”
📌 အခြေခံအားဖြင့်တော့ လူတိုင်းမှာ fashion နဲ့ ပတ်သက်တဲ့ စိတ်ကူးစိတ်သန်း တွေ အတွေးအမြင် လေးတွေတော့ ရှိတတ်ကြပါတယ်။
📌 ဒါပေမယ့် Fashionista တစ်ယောက်ဆိုတာကတော့ High end ဖြစ်တဲ့ fashion designs တွေဖန်တီးပြီး ကိုယ့်ရဲ့ trends တွေကို လူတွေ စိတ်ဝင်စားလာအောင် လှုံ့ဆော်ပေးနိုင်တာကြောင့် fashion industry ထဲမှာလည်း fashion editor တစ်ယောက် လိုမျိုး အရေးပါတဲ့ နေရာတစ်နေရာကနေ ပါဝင်နေပါတယ်…
အမ ဥပမာထားပြီး ပြောပြရမယ်ဆိုရင် Asia မှာသာမက နိုင်ငံတကာမှာပါ လူကြိုက်အများဆုံးနာမည်ကြီးတွေထဲကတစ်ယောက်ဖြစ်တဲ့ 🌟 K-pop star, G-Dragon 🌟 ကိုတော့ Fashionista လို့သတ်မှတ်ခြင်းခံရပါတယ်…
📌 ဘာလို့လဲဆိုတော့ ပုံမှန် K-pop icon တွေနဲ့မတူဘဲ G-Dragon ကတော့ fashion follower များစွာကိုဆွဲဆောင်နိုင်မယ့် unisex နဲ့ပတ်သက်ပြီး ခံစားပုံဖော်နိုင်မှု အတွေးအမြင်တွေရှိလို့ဘဲ ဖြစ်ပါတယ်…
📌 heavy eyeliner တွေ skinny ဖြစ်ပြီး fit ဖြစ်နေတဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ် အချိုးအစား၊ feminine dressing style တွေကြောင့် သူ့ရဲ့ unique ဖြစ်တဲ့ male idol တစ်ယောက်ရဲ့ ဘဝပုံစံမျိုးကိုပိုပြီး ထင်ဟပ် စေပြီး fashion လောကရဲ့ game changer တစ်ယောက်အနေနဲ့ပါ ပိုပြီးတော့လူသိများလာခဲ့ပါတယ်…
📌 ၂၀၁၄ ခုနှစ်မှာ LVMH က YG Entertainment မှာ ဒေါ်လာသန်း ၅၀ ကျော်ရင်းနှီးမြှုပ်နှံခဲ့တဲ့ အချိန်ကစပြီး GD ရဲ့ fashion industry မှာ လွှမ်းမိုးမှုက စတင်လာခဲ့ပါတယ်…
📌 Lanvin နဲ့ Saint Laurent လို brand တွေအတွက် front row နေရာက ရှိခဲ့ပြီး 2015/16 မှာတော့ Chanel ရဲ့ Autumn/Winter 2015 show မှာပါဝင်လာမှု ကနေတစ်ဆင့် fashion industry မှာ သူရဲ့ အကောင်းဆုံးသော နေရာတစ်ခုကို ရရှိခဲ့ပါတယ်…
📌 ငယ်စဉ်ကတည်းက စီးပွားရေးလုပ်ငန်းတွေနဲ့ ထိတွေ့ခဲ့တဲ့ သူတစ်ယောက်ဖြစ်ပြီး Big-Bang ရဲ့ အဖွဲ့အဝင်တစ်ယောက်အနေနဲ့ K-Pop industry အပေါ် တကယ့်ကို ကြီးမားတဲ့ impact အနေနဲ့လည်း ရပ်တည်နိုင်ခဲ့ပါတယ်…
📌များသောအားဖြင့် Dior နှင့် Givenchy ကဲ့သို့သော high-end brand တွေကို Ambush နဲ့ KTZ လိုမျိုး streetwear brand တွေနဲ့ ရောစပ်ပြီး fashion လောက ရဲ့ ရှေ့ပြေး design တွေကို ဖန်တီးနိုင်ခဲ့ပါသေးတယ်…
📌ဒါ့ကြောင့်လည်း social-media တွေမှာ သူရဲ့လွှမ်းမိုးမှုက တစ်နေ့တခြား ပိုပြီး ကြီးမားခဲ့တာဖြစ်ပါတယ်…
📌 သူကိုယ်တိုင် design ဆွဲပြီး ထုတ်လုပ်ထားတဲ့ brand တစ်ခုရဲ့ fashion prototype လို design မျိုးကို ဝတ်ပြီး instagram မှာတင်လိုက်ရုံနဲ့ အဲ့ဒီ brand တွေရဲ့ ရောင်းအားက ချက်ချင်းဆိုသလို တိုးလာတဲ့ အထိကို လွှမ်းမိုးနိုင်ခဲ့ပါတယ်…
🌟၂၀၁၆ ခုနှစ်မှာတော့ သူ့ရဲ့ stylist Gee Eun နဲ့အတူ ကိုယ်ပိုင် luxury streetwear brand ဖြစ်တဲ့ PEACEMINUSONE ကိုစတင်ခဲ့ပါတယ်။
Nike နဲ့ collaboration လုပ်ထားတဲ့ Para Noise sneaker series ကတော့ streetwear လောကရဲ့ အောင်မြင်မှု မှတ်တိုင်တစ်ခုလို့ ဆိုနိုင်ပါတယ်…
🌟 ဒီဇိုင်နာ clothes တွေ၊ branded တွေထက် ထူးခြားတဲ့အတွေးအခေါ် ရောစပ်မှုတွေ fashion နဲ့ပက်သက်ပြီး သာမာန်ထပ် ပိုမြင်နိုင်ပြီး sharp ဖြစ်တဲ့ masterimind ကိုပိုင်ဆိုင်ထားတဲ့ Fashionista တွေရဲ့ အရေးပါမှုကတော့ fashion industry တစ်ခုကို ကိုင်လှုပ်နိုင်တဲ့အထိ ကြီးမားလှပါတယ်…
” ဒါ့ကြောင့်မလို့ fashion နဲ့ ပတ်သက်ပြီး budget တွေသုံးနိုင်တာ designers’s clothes တွေဝယ်ဝတ်နိုင်တာနဲ့ မဆိုင်ပဲ ထူးခြားတဲ့ အတွေးအခေါ်တွေနဲ့ fashion လောက ကို အသစ်ဆန်းပြီး ကိုယ်ကိုတိုင်တည်ဆောက်ထားတဲ့ ၊ trend တစ်ခုရဲ့နောက်ကို ပိုမိုကျယ်ပြန့်တဲ့ fashion ကို စိတ်ဝင်စားသူတွေဆီ
အရောက်ပို့ပေးနိုင်တဲ့ စိတ်ကူးဉာဏ် ကွန့်မြူး နိုင်မှုတွေက သာ ” Fashionista ” တစ်ယောက်ဖြစ်လာစေဖို့အတွက် အရေးပါဆုံးသော အထောက်အပံ့တွေပဲ ဖြစ်ပါတယ်…”

ကဲ…. ဒီနေ့တော့ ထပ်ပြီး သိထားသင့်တဲ့ အကြောင်းအရာလေးတစ်ခုကို ထပ်ပြီး မျှဝေပေးလိုက်ပါပြီးနော် ။ နောက်နေ့တွေမှာလဲ အမြဲ အသစ်သစ်တွေ မျှဝေသွားမှာမို့ စိတ်ဝင်စား သိချင်ကြသေးလားနော် 🤩
✅ အမ ဒီနေ့ မျှဝေပေးသွားတာ အကျိုးရှိတယ်ဆိုရင် Like and Share လေးလုပ်ပေးသွားပါဦးနော်
✔️ အကျိုးရှိစေမယ့်သူများထံ ပြန်လည် မျှဝေခြင်းဖြင့် ပညာကုသိုလ်ယူပါ ✔️
ဒီနေ့မှာ အားလုံးကို ကျန်းမာရေးလေးဂရုစိုက်ဖို့ သတိပေးချင်ပါတယ်နော် ။ အခုဆို အမတို့ မြန်မာနိုင်ငံမှာ Covid တွေတအားဆိုးနေပြီးဖြစ်တဲ့အတွက် အမကျောင်းသူတွေကိုသာမကဘဲ ၇ရက်သားသမီးများအားလုံးကို စိတ်ပူမိပါတယ် ။ ဘာကြောင့်လဲဆိုတော့ အမလဲအခုလက်ရှိတော်တော်ဆိုးဆိုး အဲ့ဒီ ဒဏ်တွေ ခံစားနေရလို့ပါနော် ။ ဖြစ်နိုင်ရင် အပြင်လုံးဝမထွက်ကြပါနဲ့တော့နော် ။ ဒီတစ်ခါ Covid က ပိုဆိုးပါတယ်နော် ။ အားရှိတာတွေစားကြပါ။ ရေနွေးတွေသောက်ကြပါနော် ။အိပ်ရေးမပျက်မခံကြပါနဲ့နော်။ နေမကောင်းတဲ့ကြားထဲက အမမျှဝေပေးနေကျလေးတွေကို အမြဲစောင့်မျှော်နေကြတဲ့ သူလေးတွေရှိတော့ အမ မနေနိုင်ဘူး ။ အားတင်းရင် ဒီနေ့လဲ အားလုံးအတွက် Fashion နဲ့ပတ်သက်ပြီး သိထားသင့်တာလေးတစ်ခုကို မျှဝေပေးသွားပါတယ်နော် ။ အားလုံး ကျန်းမာ အေးချမ်းကြပါစေနော် ။
💙🖤 Turning your passion into fashion 🖤💙
Fashion Illustration by His’s & Her’s🌹🌹🌹