How to make Fashion Collection (Part – 2)

Fashion Collection တစ်ခုကို ဖန်တီးတဲ့အခါ…..
ဘာတွေလိုအပ်လဲ?
ဘာတွေလေ့လာသင့်သလဲ?
ဘယ်အရာတွေက အထောက်အကူပြုစေသလဲ?
ဘာတွေစုဆောင်းရှာဖွေသင့်လဲ….?
…..စတဲ့ မေးခွန်းများစွာရှိပါတယ်….ဒီထဲကမှ Zueလေ့လာထားတဲ့ အကြောင်းအရာများကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်

ကဲ…. ဒါဆို စလိုက်ရအောင်နော်….
Collection တစ်ခုပြုလုပ်ခြင်းဆိုတာ အလွန်စဉ်းစားပြီး ဖွဲ့စည်းထားရသော အရာတစ်ခုဖြစ်ပြီး အဲ့လို့ Collection လေးတွေပြုလုပ်တော့မယ်ဆိုရင်လဲ Zue တို့က အမျိုးမျိုးသော အဆင့်တွေကို ပြုလုပ်ရမှာဖြစ်ပါတယ်။ ကိုယ်ပြုလုပ်မယ့် Collection အတွက် အရင်ဆုံး အောက်ပါအချက်များကို ကြိုတင်စဉ်းစားရပါမယ်….

  1. Season
    ကိုယ့် Collection ကို ဘယ်လိုရာသီဥတုအတွက် ထုတ်လုပ်မှာလဲ? Summer, Raining or Winter???
  2. Gender
    ကိုယ့် Collection ကို ဝတ်ဆင်ရမယ့် Gender က အမျိုးသားလား??? အမျိုးသမီးလား???
  3. The Type of Market
    ကိုယ့် Collection က ဥပမာ – Casual, Sport, Ready to Wear???
  4. The Target
    ကိုယ့် Collection က အထက်တန်းလွှာအတွက်လား? အလယ်လတ်စားအတွက်လား? အခြေခံလူတန်းစားအတွက်လား?
  5. The Concept
    ကိုယ့် ပြုလုပ်မယ့် Collection ရဲ့ Theme က ဘာကို Inspiration ယူပြီး ဒီဇိုင်းကို ဖန်တီးရေးဆွဲမှာလဲ???
  6. The Analysis of Fashion Trends
    ကိုယ့်ရဲ့ Collection အတွက် ဘယ်လိုပိတ်စမျိုးသုံးမှာလဲ? ဘယ်လိုကာလာမျိုးသုံးမှာလဲ? ဘယ်လို Accessories လေးတွေနဲ့ အလှဆင်မှာလဲ?

Leave a Reply

Your email address will not be published. Required fields are marked *