🔥My Favorite 10 Outfits 🔛 Emily in Paris 🔥
Hello…အစ်မတို့အားလုံး စောင့်မျှော်နေကြတဲ့ ” Emily in Paris” Season (2) ထွက်ရှိလာပြီနော် 🙋🏻♀️
you တို့ရော ကြည့်ပြီးကြပြီးလား ❓
✨ Emily in Paris Season (2) Series တစ်ခုလုံးနောက်ကွယ်ကနေ Fashion idea အသစ်တွေနဲ့ ဆင်ယင်ပေးနေသူကတော့ Sex and the City ရဲ့ Fashion Designer, Patricia Field ပဲဖြစ်ပါတယ် …
✨ Season ( 1 ) မှာတော့ Fashion အလန်းစားတွေနဲ့ ဆွဲဆောင်သွားတဲ့ Emily က Season ( 2 ) မှာလည်း ဘယ်လို Fashion တွေ ဝတ်ပြသွားတယ်ဆိုတာကို အစ်မ အကြိုက်ဆုံး Outfit လေး (10) ခုနဲ့ အတူတူကြည့်လိုက်ကြရအောင် …
❣️Season ( 2 ) ကြည့်ပြီးတဲ့သူတွေထဲမှာရော သဘောကျမိတဲ့ Outfit လေးတွေရှိရင် အမနဲ့ အကြိုက်တူရဲ့လားလို့ Comment လေး လုပ်ပေးသွားပါဦးနော် …❣️
🌟 Camille’s outfit to the Lunch ( Ep: 1 )
✨Sylvie နဲ့ Emily တို့နဲ့အတူ နေ့လယ်စာ စားပွဲဆီကို လျောက်လှမ်းလာတဲ့ Camille ဝတ်ဆင်ထားခဲ့တဲ့ အဖြူနဲ့ အမဲစက် Jacket အင်္ကျီ၊ အမဲရောင်ပွပွနဲ့ ရွှေရောင်ကြည်သီးတွေပါတဲ့ အနက်ရောင် ဘောင်းဘီရှည် တို့ကို အမိုက်စား အနက်ရောင် Leather အိတ်နဲ့ Boots ဖိနပ်ကို တွဲဖက် ဝတ်ဆင်ထားခဲ့ပါတယ် …
✨ခေတ်ရှေ့ပြေးပြီး ပေါ့ပေါ့ပါးပါးဖြစ်စေတဲ့ အတွဲအစပ်တစ်ခုဖြစ်တာကြောင့် Emily In Paris ရဲ့ အမာခံ ပရိတ်သတ်တွေ ရှာဖွေဝတ်ဆင်ကြည့်ဖို့လည်း အဆင်ပြေစေမယ့် Outfit မျိုးပဲ ဖြစ်ပါတယ် …
🌟 Emily on the St. Tropez ( Ep: 2 )
✨စိန့်ထရိုပက်ဇ်ရဲ့လမ်းများကို စူးစမ်းလေ့လာဖို့ ထွက်ခဲ့တဲ့ Emily ကတော့ အဖြူအမဲ ဦးထုပ်လေးနဲ့ ရောင်စုံ Pattern တွေပါတဲ့ ပုတီးစေ့အိတ်လေးကို ပေါ့ပေါ့ပါးပါး Short Dress လေးနဲ့ တွဲဖက်ဝတ်ဆင်ပြီး Nude Color ဒေါက်မြင့်ဖိနပ်လေးကို စီးထားခဲ့ပါတယ် …
✨တကယ့်ကို ပေါ့ပါးလွပ်လပ်ပြီး စိတ်အားထက်သန်မှုအပြည့်နဲ့ လမ်းလျောက်ထွက်လာခဲ့တဲ့ Emily ရဲ့ ချစ်စရာသွင်ပြင်လေးကို မြင်တွေ့ရမဖှာ ဖြစ်ပါတယ် …
🌟 The One with Yellow Beret ( Ep: 9 )
✨Alfie and Gabriel’s ရဲ့ ဘောလုံးပွဲကို Emily လာရောက်ကြည့်ရှုခဲ့တဲ့ Sence မှာ အဝါရောင် ပန်းပွင့်ပုံလေးတွေနဲ့ ပုံဖော်ထားတဲ့ Dress လေးကို အဝါရောင်နဲ့ အစိမ်းရောင် Pattern အစင်းကြား Top လေးကို ဝတ်ဆင်ထားပြီး အဝါရောင် Beret ဦးထုပ်လေးနဲ့ Prada bag လေးကို တွဲဖက်ဝတ်ဆင်ထားခဲ့ပါတယ် …
✨Paris မြို့က မိန်းကလေးငယ်တွေရဲ့ နုပြိုတက်ကြွတဲ့ ဝတ်စားဆင်ယင်ပုံလေးကို အထင်းသားတွေ့မြင်နိုင်တဲ့ ဝတ်စုံ အတွဲအစပ်လေးပဲဖြစ်ပါတယ် …
🌟 Emily’s Yellow Blazer ( Ep: 5 )
✨ရိုးသားဖြူစင်တဲ့ ကောင်မလေးတစ်ယောက်အနေနဲ့ မြင်တွေ့ရမယ့် နောက်ထပ် Emily ရဲ့ Dressing လေးကတော့ အဝါရောင် Blazer coat ကို Check board ပုံစံ တီရှပ်လေးပေါ်ကနေ ထပ်ဝတ်ဆင်ထားပြီး အရောင်အသွေးစုံလင်တဲ့ စကတ်တိုလေးနဲ့ တွဲဖက်မှုပဲ ဖြစ်ပါတယ်…
✨Outfit လေးကို ပိုပြီးတော့ ပြည့်စုံစေဖို့အတွက် Dolce & Gabbana အိတ်လေးနဲ့ Lavender ရောင် Boots အရှည်လေးကို ဝတ်ဆင်ထားခဲ့ပါတယ် …
🌟 Mindy’s sparkly Evening Dress ( Ep: 6 )
✨Gabriel ရဲ့ စားသောက်ဆိုင်ဖွင့်ပွဲကို Emily နဲ့အတူ ပွဲတက်ခဲ့တဲ့ Mindy ရဲ့ ပွဲတက်ဝတ်စုံလေးကတော့ ကြည့်ရှုသူတိုင်းကို အံ့သားသင့်စေလောက်အောင် လှပလွန်းနေပါတယ် …
✨Sparkle ဖြစ်ပြီးလင်းလက်တောက်ပနေတဲ့ ကျောက်ပွင့်လေးတွေနဲ့ စီခြယ်ထားတဲ့ ပွဲတက်ဝတ်စုံ Top လေးကို အဖြူရောင် ငှက်မွှေးပုံစံလေးတွေ ဆင်ယင်ထားတဲ့ အနက်ရောင် စကတ်လေးနဲ့ တွဲဖက်ဝတ်ဆင်ပြီး အစိမ်းရင့်ရောင့် အိတ်လေးကို လွယ်ထားခဲ့ပါတယ် …
🌟 Mindy’s outfit in Drag Club ( Ep: 1 )
✨ဒါ့အပြင် Drag Club မှာ သူ့ရဲ့ ပထမဆုံးပွဲဦးထွက်ပွဲအတွက် Mindy ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံလေးကတော့ Feminism နဲ့ Masculinity ကြားမှာ စည်းခြားထားခဲ့တာတွေကို ရောစပ်ပြသခဲ့တာဖြစ်ပါတယ် …
✨Tuxedo နဲ့ လင်းလင်းလက်လက် ပွဲတက်ဝတ်စုံလေး နှစ်ခုကို တွဲစပ်ထားပြီး အမျိုးသားရော အမျိုးသမီးပုံစံနဲ့ပါ အစွမ်းကုန် ဖျော်ဖြေခဲ့တာဖြစ်ပါတယ် …
🌟 Black Dress with Massive Bow ( Ep: 3 )
✨အနက်ရောင် ဂါဝန်ရှည်ကို ပန်းရောင် ဖဲပြားအကြီးကြီးနဲ့ တွဲဖက်ထားပြီး ကီမိုနိုပုံစံအပေါ်ထပ် ကုတ်င်္အကျီကို Emily က သူ့ရဲ့ မွေးနေ့ပွဲမှာ Celebrate လုပ်ဖို့အတွက် ဝတ်ဆင်ထားခဲ့ပါတယ် …
✨မွေးနေ့ပွဲ Party ကို တက်ရောက်ခဲ့တဲ့ သူတွေသာမက ဒီ Episode ကို စောင့်ကြည့်နေရတဲ့ သူတွေရဲ့ အမြင်အာရုံကိုပါ ဆွဲဆောင်မှု အပြည့်ပေးနိုင်ခဲ့တဲ့ ဝတ်စုံလေးပဲ ဖြစ်ပါတယ် …
🌟 Hot Oufits of the Trio ( Ep: 2 )
✨စိန့်ထရိုပက်ဇ် ရဲ့ လမ်းတွေပေါ်မှာ လျှောက်လှမ်းလာစဉ်က Emily ဝတ်ဆင်ထားခဲ့တဲ့ ခရမ်းနုရောင် ဝတ်စုံနဲ့ သက်တံရောင်ပုံစံ ဒေါက်ဖိနပ်၊ Mindy ရဲ့ Lavender ရောင် ဘောင်းဘီတိုနဲ့ အဝါရောင် Top အတွဲအစပ်၊ Camille ရဲ့ Oversized Blazer ကုတ်အင်္ကျီနဲ့ ငွေရောင်ဒေါက်မြင့်ဖိနပ် အတွဲအစပ် Fashion တွေက သူငယ်ချင်းသုံးယောက်လုံးရဲ့ Outfit ကို အမိုက်စားတွေ့မြင်နိုင်တဲ့ Scene လေးပဲဖြစ်ပါတယ် …
🌟 A day out with Red and Pink ( Ep: 7 )
✨အနီရောင်နဲ့ ပန်းရောင် တွဲစပ်မှုကို လိုက်ဖက်မှုမရှိဘူးလို့ ထင်မြင်ခဲ့ပေမယ့် Emily ကတော့ အနီရောင် Top လေးနဲ့ ကြယ်ပွင့်ပုံစံ ကြယ်သီးလေးတွေပါတဲ့ ပန်းနုရောင် စကတ်တိုလေးကို လေးထောင့်ကျကျ အိတ်လေးနဲ့ ပေါ့ပါးလှပစွာ ဝတ်ဆင်ပြသွားခဲ့ပါတယ် …
🌟 Emily’s Office Dress ( Ep: 9 )
✨Strong and Independent အမျိုးသမီးလေး တစ်ယောက်အဖြစ် မြင်တွေ့ရမယ့် Emily ရဲ့ Office wear လေးကတော့ အဖြူနဲ့အမဲ အရောင်စပ်ကိုမှ အမဲရောင် ကြယ်သီးလေးတွေ တပ်ဆင်ထားတဲ့ ရိုးရိုးရှင်းရှင်း Mini Dress လေးပဲ ဖြစ်ပါတယ် …
✨Emily ရဲ့ တခြားသော အရောင်အသွေးစုံ Fashion တွေနဲ့ ကွဲထွက်နေပြီး ကြည့်ရှုသူတိုင်းကိုလည်း ရုံးတက် Fashion နဲ့ ပတ်သက်ပြီး အမြင်သစ်တစ်ခု ရစေမယ်လို့ မျှော်လင့်မိပါတယ် …
♥️ ဒါ့ကြောင့် “ Emily In Paris “ series လေးကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ Fashion နဲ့ ပတ်သက်ပြီး အတွေးအမြင်သစ်တွေ Fashion Company တွေရဲ့ လုပ်ငန်း အတွေ့အကြုံတွေ တွေ့မြင်နိုင်တာကြောင့် Fashion ကိုစိတ်ဝင်စားသူတွေ အနေနဲ့ ကြည့်ဖို့အတွက် အကြံပြုလိုက်ချင်ပါတယ် … ♥️
✅ အမ မျှဝေပေးသွားတာ အကျိုးရှိတယ်ဆိုရင် Like and Share လေးလုပ်ပေးသွားပါဦးနော်
✔️ အကျိုးရှိစေမယ့်သူများထံ ပြန်လည် မျှဝေခြင်းဖြင့် ပညာကုသိုလ်ယူပါ ✔️
💙🖤 Turning your passion into fashion 🖤💙
Fashion Illustration by His’s & Her’s🌹🌹🌹