Description
အမတို့ မြန်မာနိုင်ငံမှာ အမျိုးသားတွေအတွက် ထုတ်တဲ့ Clothing brand တွေ၊ Menswear Class တွေ ၊ Menswear illustration class တွေ၊ Menswear illustrators တွေကလဲ နည်းသလို မြန်မာအမျိုးသားတွေကလဲ ရိုးရှင်းတဲ့ Fashion များကိုသာ ရွေးချယ် ဝတ်ဆင်လေ့ရှိတာ မြင်တွေ့ရမှာပါ …
တကယ်လဲ မြန်မာနိုင်ငံက အမျိုးသားအများစုက Shirt & T-shirt ကိုသာ ရိုးရှင်းစွာ ဝတ်ဆင်လေ့ရှိပြီး Streetwear လို Fashion အများစုကို ယနေ့ခေတ် လူငယ်များသာ ဝတ်ဆင်ကြတာ မြင်တွေ့ရမှာပါ …
ဒါပေမယ့် ဒီခေတ်ရဲ့ Trend အရ K-pop fashion တွေက အရမ်းလွှမ်းမိုးထားတာကြောင့် ယနေ့ခေတ် ကောင်လေးတွေက လိုက်ဝတ်ဆင်ကြရုံမကဘဲ သူတို့ရဲ့ ကောင်မလေးတွေကပါ သူတို့ကောင်လေးတွေကို အကျီလက်ဆောင် ဝယ်ပေးရင်တောင် K-pop fashion တွေ ဝယ်ပေးနေကြပါပြီး ….
ဒီတော့ အမတို့ Illustrator တွေလဲ ခေတ်နဲ့အညီ Menswear Fashion တွေကို ခေတ်နဲ့အညီ ဖန်တီးနိုင်ကြဖို့ မသိတာ မဆွဲတတ်တာ မဖြစ်ရလေအောင် Menswear တွေကို illustration ဖြင့် ပုံဖော်နေကြပါပြီး …
အမျိုးသမီးအဝတ်အထည်တွေ ဒီလောက် အပြိုင်အဆိုင် အကုန်ထုတ်နေကြချိန်မှာ ပြိုင်ပြီးအလုအယက်ထုတ်နေကြမယ့်အစား ” အမျိုးသား အဝတ်အထည်တွေကို ခေတ်နဲ့အညီ ဖန်တီးပေးလိုက်ရင် သူတို့အတွက် အဆင်ပြေသွားမှာ မဟုတ်လား…. နောက်ပြီး အပြိုင်အဆိုင် နည်းသေးတော့ ကိုယ့် Product အတွက် တက်လမ်း ပိုရတယ် မဟုတ်လား…
Reviews
There are no reviews yet.