အခု မြင်တွေ့နေရတဲ့ fashion illustration တွေက ဘယ်အချိန်ကနေ စခဲ့တယ် ဆိုတာကို ခန့်မှန်းမိကြလား …
▪️ကဲ…. အမတို့ ဒီနေ့မှာတော့ Fashion မှာ မရှိမဖြစ် မသိမဖြစ် သိကိုသိထားရမယ့် ၊ အမတို့ မြန်မာနိုင်ငံမှာ ဒီပညာရပ်ကို သိတဲ့သူ အားနည်းနေသေးတဲ့ ” Fashion Illustration ” ဆိုတဲ့ ပညာရပ်လေး ဖြစ်လာပုံလေးကို ပြောပြပေးသွားမှာဘဲ ဖြစ်ပါတယ်နော် ။
▪️Fashion History တွေကို စိတ်ဝင်စားသူတွေ ၊ International မှာ Fashion School တက်မယ့်သူလေးတွေဆို ဒီအကြောင်းတွေကို သိကို သိထားသင့်လို့ လေ့လာထားတာလေးတွေကို ဒီနေ့လေးမှာ အမဝေမျှပေးသွားမှာ ဖြစ်ပါတယ် ။
▪️မြန်မာနိုင်ငံမှာသာ Fashion လို့ကြားရင် Designer လောက်ဘဲ သိထားပေမယ့် နိုင်ငံတကာမှာ ကျောင်းတက်တဲ့အခါ ဒီ Fashion History တွေက အရမ်းလဲအရေးပါသလို ကျောင်းကဆရာမတွေကလဲ ရူးခါနေအောင် History တွေ ရှာခိုင်းလေ့ရှိပါတယ် ။ ဒီတော့ ဘယ်လိုဘဲဖြစ်ဖြစ် ဒီနေ့ခေတ်က Fashion စိတ်ဝင်စားသူတွေများပြားလာတဲ့အတွက် အမတို့လဲ နိုင်ငံတကာက Fashion School တွေလို Fashion History တွေကို လေ့လာဖို့ ဒီတစ်ခါ Fashion Illustration History လေးကို လိုက်မှတ်ထားရအောင်နော် ။
ကဲ… စလိုက်ကြရအောင်နော်
” THE BEGINNING OF FASHION ILLUSTRATION “
အမလွယ်လွယ်နဲ့ လိုရင်းပြောရမယ်ဆိုရင် အမတို့ အားလုံးရဲ့ ကမ္ဘာကြီးပေါ်မှာ ရှိတဲ့ မတူညီတဲ့လူမျိုးစုတွေ၊ မတူညီတဲ့ ဝတ်စားဆင်ယင်ပုံတွေနဲ့ မတူညီတဲ့ ရိုးရာဓလေ့ တွေကို ပေါင်းစပ်ဖန်တီးချင်ခဲ့ကြတာကြောင့် ၁၆ ရာစု မှာ ” Fashion Illustration ” ဆိုပြီး စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ်…
နောက်ပြီး အဲ့လို မတူညီတဲ့ လူနေထိုင်မှုတွေ ကွာခြားတဲ့ အဆင့်အတန်းတွေကို ဖော်ပြနိုင်ဖို့ အတွက် မတူညီတဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့် Fashion illustration တွေဟာ အရေးပါသထက် ပိုပြီး အရေးပါလာခဲ့ပါတယ်…
အဲ့ဒီကနေတဆင့် ၁၅၂၀ နဲ့ ၁၆၁၀ ခုနှစ်တွေကြားထဲမှာတော့ fashion collection ပေါင်း ၂၀၀ ကျော်လောက် ထွက်ရှိလာခဲ့ပါတယ်…
အဲ့ဒီ Fashion တွေက မတူညီတဲ့ ဝတ်စားဆင်ယင်မှု figure တွေ၊ သူတို့ရဲ့ nationality ဒါမှမဟုတ် သူတို့ရဲ့ လူနေထိုင်မှု အဆင့်အတန်းကို ပြသနိုင်တဲ့ အဝတ်အစား တွေပဲ ဖြစ်ခဲ့ပါတယ်..
အဲ့ဒီ ခုနှစ်တွေကတော့ အမတို့ ပုံမှန် Fashion illustration ကနေ နောက်ပိုင်းမှာ ” Modern fashion illustration ” အဆင့်ဆီကို ကူးပြောင်းသွားမယ်ဆိုတာကို ပထမဦးဆုံး ထုတ်ဖော်ခဲ့တဲ့ ခုနှစ်တွေပဲ ဖစ်ပါတယ်…
အဲ့လိုနဲ့ဘဲ ဒီ illustration ဆိုတာ အဝတ်အစား ချုပ်တဲ့သူ စက်ချုပ်သမားတွေက သူတို့ရဲ့ client တွေကို design အသစ်အသစ်တွေ ကိုးကားဖန်တီးပြီးတဲ့အခါ ပြသတဲ့ အရာတစ်ခုဖြစ်လာခဲ့ပါတယ်…
17th century မှာတော့
Jacques Callot (1592-1635) လို့ခေါ်တဲ့ artist နဲ့ Abraham Bosse (1602-1676) တို့ နှစ်ယောက် က သူတို့ခေတ်က Costumes တွေနဲ့ တကယ်လက်တွေ့ကျပြီး Detail ကျတဲ့ အဝတ်အစား တွေကို ထုတ်လုပ်နိုင်ဖို့အတွက် ခေတ်သစ် ” Engraving ” ဆိုတဲ့ နည်းပညာကို အသုံးပြုခဲ့ကြပါတယ် ။
” Engraving ” ဆိုတာကတော့ သတ္တုပြားတွေပေါ်မှာ ကိုယ်လိုချင်တဲ့ ဒီဇိုင်းကို ဆေးရိုက်နှိပ်ဖို့ အတွက် line တွေ ပုံဖော်ပီးတော့ ရေးဆွဲ ပေးရတဲ့ နည်းပညာပဲ ဖြစ်ပါတယ်…
Fashion နဲ့ ပတ်သက်ပြီး ၁၆၇၀ ပြည့်နှစ်မှာ French နဲ့ England မှာ ထုတ်လုပ်ခဲ့တဲ့ ဂျာနယ်ကတော့ ပထမဦးဆုံး fashion magazine အဖြစ် သတ်မှတ်လို့ရပါတယ်…
အဲ့ဒီ အချိန်ကနေ စပီးတော့ ဂျာနယ် မဂ္ဂဇင်းတွေ ထုတ်လုပ်တဲ့ အရေအတွက်က တစ်ဟုန်ထိုး တိုးတက်လာခဲ့ပီးတော့ အမျိုးသမီးတွေရဲ့ Fashion Design တွေ … နာမည်ကျော်ကြာ အရှိန်အဝါရှိသူတွေရဲ့ ဝတ်စားဆင်ယင်ပုံတွေကိုလည်း နောက်ဆုံးထွက် fashion magazine တွေမှာ ဖော်ပြခြင်းခံ ရပါတော့တယ်…
18th century နဲ့ အစောပိုင်း 19th century တို့မှာတော့ အမျိုးသားတွေရဲ့ fashion တွေကလည်း အမျိုးသမီးတွေကဲ့သို့ အရေးပါသထက် ပါလာပီးတော့ fashion magazine တွေမှာပါ အာရုံစိုက် ဖော်ပြခြင်း ခံလာရပါတော့တယ်…
ဒါဆို Fashion illustration သမိုင်းနဲ့ပတ်သက်ပြီးတော့ ဒီနေ့မှာတော့ ဒီလောက်ပဲဖြစ်ပါတယ်…
နောက်တစ်ခါကျရင်လည်း ထပ်ပြီး Fashion နဲ့ပတ်သက်ပြီး အကျိုးရှိစေမယ့် အကြောင်းအရာအသစ်တစ်ခု ထပ်ပြောပြပေးသွားဦးမှာမို့လို့ စောင့်မျှော်အားပေးကြပါအုန်းနော်…
သင်သာ Fashion ချစ်တဲ့သူဆိုရင် Fashion History နဲ့ ပတ်သက်ပြီး
များများရှာဖွေပါ
များများလေ့လာပါ
များများတွေးကြည့်ပါ
များများသိလာလိမ့်မယ်….
နှစ်တိုင်း နှစ်တိုင်းမှာ Fashion က ပြောင်းလဲနေသလို အရင်နှစ်တွေရဲ့ Fashion တွေကလဲ တဖန် ပြန်လည်ပတ်ပြီး အရင် Fashion Design တွေကို ဒီနေ့ခေတ်နဲ့အညီ ပြန်လည်ထုတ်လုပ်လာကြတာ မြင်ရမှာပါ
ဒါကြောင့် Fashion ပြန်လည်ပတ်နေသလို အရင် Fashion တွေကို လေ့လာပြီး ဒီနေ့ခေတ်ရဲ့ Fashion တွေနဲ့ ကိုက်ညီစေမယ့် Design တွေ ထုတ်လုပ်ကြဖို့က Fashion Designer တွေအတွက် အတွေးအမြင်အသစ်တွေ ရလာနိုင်မှာပါနော်