Useful Website, YouTube Channel & Social Channel for those who are learning about Fashion

🔥 Fashion အကြောင်းကို လေ့လာနေတဲ့သူတွေအားလုံးအတွက် အရမ်းကို အကျိုးရှိပြီး အသုံးဝင်မယ့် Website ၊ YouTube Channel နဲ့ Social Channel 🔥
ဒီအကြောင်းအရာလေးတွေကို ဝေမျှပေးဖို့ အမဘာကြောင့် စိတ်ကူးရလာခဲ့သလဲဆိုရင်….အမတို့ ပြည်တွင်းမှာ ခုတလော ကိုယ်ပိုင် Clothing brand ထုတ်ဝေတဲ့ သူတွေအကြား ဖြစ်ပေါ်နေတဲ့ ဒီဇိုင်းခိုးတာတွေ ၊ ဒီဇိုင်းထပ်တာတွေ ၊ Fashion trend မသိတာတွေ ၊ Design idea မရှိတာတွေ ကြားလိုက်တာဆိုတာ မနည်းဘူးနော် …
ဒီတော့ တစ်ခု အမပြောပြချင်ပါတယ် …
တကယ်က ဒီဇိုင်းခိုးတာ မဟုတ်ပါဘူး၊ ဒီဇိုင်းအိုင်ဒီယာ မစဉ်းစားတတ်သေးတာပါ ဒါကြောင့် သူများထုတ်ဝေထားတာကို သဘောကျလို့ reference ယူပြီး ပြန်လည်ထုတ်ဝေတာပါ , ဘာကြောင့် ဒီလိုဖြစ်တာလဲ❓
ကိုယ်ပိုင်ဒီဇိုင်းတစ်ခုကို မထုတ်တတ်တာ, ဘာလိုမထုတ်တတ်တာလဲဆိုတော့ ကိုယ်ပိုင်ဒီဇိုင်းထုတ်ဖို့အတွက် ဘယ်က လေ့လာရမလဲဆိုတာကိုတောင် မသိတာ ၊ ဘာအကြောင်းအရာတွေ သိထားရမလဲဆိုတာကို မသိတာ ၊ ဘယ်တွေ ကြိုတင်ပြင်ဆင်ထားရမလဲဆိုတာကို မသိကြတာ ၊ Fashion Brand တစ်ခုကို စတင် မထုတ်ခင်ကတည်းက ကြိုတင်ပြီး ပြင်ဆင်ရမယ့် Market Research တွေ မလုပ်ထားတာ ၊ Design collection တွေ ကြိုတင်မဆွဲထားတာ၊ စိတ်ကူးထဲက Design တွေကို Drawing ချမဆွဲတတ်တာ ၊ Fashion Trend တွေ မလေ့လာတတ်တာ စတဲ့ အချက်တွေ တော်တော်များများကြောင့် ဖြစ်ပါတယ် ။ နောက်ပြီး မြန်မာနိုင်ငံရဲ့ ဈေးကွက်အခြေအနေအရ online shopping တွေများလာတဲ့အခါ မိန်းကလေးတွေ တော်တော်များများက ထိုင်းမှ အထည်များ ၊ တရုတ်မှ အထည်များအား ပိုမို ကြိုက်နှစ်သက်လာကြတယ် ။ အကြောင်းရင်းကတော့ လှတယ် ဈေးသက်သာတယ် ကွာလတီ ကောင်းတယ်လေ ။ ဒါကြောင့် ပြည်တွင်း brand ထုတ်ဝေကြသူတွေက မိန်းကလေးတွေအကြိုက်ကို အဲ့လိုမြင်မိတော့ ဒီဇိုင်းအတွက် အားမစိုက်ကြတော့ဘဲ အလွယ်တကူဘဲ ပြည်ပက အထည်တွေရဲ့ ဒီဇိုင်းကို ပြန်လည် reference ယူပြီး ပြန်လည်ထုတ်ဝေကြပါတော့တယ် ….
ဒီတော့ ဒီဇိုင်းခိုးတယ်၊ ဒီဇိုင်းအိုင်ဒီယာမရှိဘူး စတဲ့ပြသနာတွေများလာပါတယ် ..
ဒါကြောင့် အမ ဒီနေ့မှာ အဲ့လိုပြသနာတွေ နည်းလာစေဖို့၊ ကိုယ်ပိုင်အိုင်ဒီယာတွေ ရစေဖို့ ၊ လေ့လာလို့ရအောင် ၊ Motivation ယူပြီး ကိုယ်ပိုင်အိုင်ဒီယာတွေထွက်ပေါ်လာစေဖို့ Design idea တွေအများကြီးရစေဖို့ အကျိုးရှိစေမယ့် Social channel, You Tube channel , Website တွေကို မျှဝေပေးသွားပါမယ် ။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ဒီနေ့မှာတော့ အမက Fashion အကြောင်းကို လေ့လာနေတဲ့သူတွေအားလုံးအတွက် အရမ်းကို အကျိုးရှိပြီး အသုံးဝင်မယ့် Website ၊ YouTube Channel နဲ့ Social Channel လေးတွေကို တစ်စုတစည်းထဲဖော်ပြ ပေးလိုက်ပါတယ် …..

အရင်ဦးဆုံး Fashion လေ့လာရင် အရမ်းကို အသုံးဝင်ပြီး Inspiration လည်း ယူလို့ရမယ့်အပြင် Fashion Brand တစ်ခုကို ထုတ်ချင်တဲ့ သူတွေအတွက် အသုံးဝင်မယ့် Website လေးတွေကိုပြောပြပေးမယ်နော် …
🟡 Lulus
Lulus လို Fashion Website တွေက စျေးဝယ်သူတွေရဲ့ စိတ်ကို ပြီးပြည့်စုံပြီး လိုလားချက်မရှိအောင် ဖန်တီးပေးထားတဲ့ Website မျိုးဖြစ်တာမို့လို့ ဝင်ရောက်လေ့လာသင့်ပါတယ်… Lulus မှာဆိုရင် အရောင်အသွေးစုံလင်ပြီး လုံးဝကို “ မိုက်တယ် “ လို့ခံစားစေရမယ့် အဝတ်အစားတွေ အမတို့အများကြီးတွေ့ရပါလိမ့်မယ်…
Lulus – Cute Dresses, Tops, Shoes, Jewelry & Clothing for Women
Lulus – https://www.lulus.com
🟡 Fabletics
Fabletics လိုမျိုး Website တွေကကျ Customer တစ်ဦးချင်းစီရဲ့ လိုချင်တဲ့ အချက်အလက်တွေကို အရင်ဆုံး စုဆောင်းပြီး ကိုယ်နဲ့ အကြိုက်ညီဆုံးဆိုတဲ့ အဝတ်အစားတွေကိုပဲ ဒီဇိုင်းတွေကိုပဲ ပေးတာဖြစ်ပါတယ်…
အချက်အလက်တွေကို Quiz ပုံစံမေးခွန်းမျိုးနဲ့ မေးတာဖြစ်ပြီး ကိုယ့်ရဲ့ Fashion Design တွေနဲ့ Brand တစ်ခုကို စပြီး ထုတ်ချင်တဲ့သူတွေအတွက် တကယ်ကိုလေ့လာသင့်တဲ့ Website တစ်ခုလည်းဖြစ်ပါတယ်…
Fabletics – https://www.fabletics.com
🟡 Ann Taylor
Ann Taylor မှာ အမတို့ Body size ပေါင်းစုံ အတွက် ရွေးပြီး ဝယ်လို့ရတဲ့ ဒီဇိုင်းတွေ အများကြီးရှိတဲ့ Website မျိုးဖြစ်ပါတယ်… အရပ်ရှည်ရှည် ပိန်ပိန်ဝဝ သူ့ Website ထဲမှာရှိတဲ့ Design တွေကို ခန္တာကိုယ်အမျိုးအစားတိုင်းအတွက်ထုတ်ပေးထားတာမို့လို့ ဝင်ရောက်လေ့လာသင့်တဲ့ Website တစ်ခုပဲဖြစ်ပါတယ်…
Ann Taylor – https://www.anntaylor.com
🟡 True Linkswear
True Linkswear က Fashion လောကမှာ သက်တမ်း (၁၀)နှစ်ကျော်ရှိတဲ့ Website တစ်ခုလည်းဖြစ်ပါတယ်… အစတုန်းကတော့ Golf – Shoe တွေထုတ်ပေးခဲ့တဲ့ Company တစ်ခုဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ တခြား ဖိနပ်ဒီဇိုင်းတွေမှာ ထုတ်လာတဲ့ Brand တစ်ခုဖြစ်တာမို့ ဖိနပ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူတွေအတွက် သေချာပေါက်ဝင်ရောက်လေ့လာသင့်ပါတယ်…
True Linkswear – https://truelinkswear.com
🟡 Maison Labiche
Maison Labiche ကတော့ ပြင်သစ် Brand တွေထုတ်တဲ့ Website တစ်ခုပဲဖြစ်ပါတယ်…
သူ့မှာထူးခြားတဲ့အချက်ကတော့ ကိုယ်လိုချင်တဲ့ စာပဲဖြစ်ဖြစ် ၊ တခြားဒီဇိုင်းတွေကို ကိုယ်ဝယ်ချင်တဲ့ အင်္ကျီမှာ Customize လုပ်ပြီး ထိုးပေးတာရတာဖြစ်ပါတယ်… သူ့မှာ T-Shirt ၊ ခြေအိတ်ကအစ Jacket တွေအထိ ကိုယ်လိုချင်တဲ့ ဒီဇိုင်းကို ဝယ်ယူလို့ရတာမို့လို့ ဝင်ရောက်လေ့လာသင့်တဲ့ Website တစ်ခု ဖြစ်ပါတယ်….
Maison Labiche – Maison Labiche – Embroidered clothing for Men, Women and Kids
Maison Labiche – https://www.maisonlabiche.com
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ကဲ … အမတို့ ဆက်ပြီး Fashion illustration ဆွဲတဲ့နေရာမှာဖြစ်ဖြစ် ၊ ဒီဇိုင်းတွေ ဖန်တီးတဲ့အခါမှာ မဖြစ်မနေ တကယ်ကို စောင့်ကြည့်သင့်တဲ့ Fashion Show ၊ Fashion Week တွေကို အခု ပြောပြပေးပါမယ်နော်
🟡 New York Fashion Week
Fashion လေ့လာသူတိုင်း မဖြစ်မနေစောင့်ကြည့်သင့်တဲ့ New York Fashion Week …
New York Fashion Week ကို တစ်နှစ်မှာ ( ၂ ) ခါ ဖေဖော်ဝါရီလနဲ့ စက်တင်ဘာလထဲမှာ ပြုလုပ်ပေးနေကျဖြစ်ပါတယ်…
New York Fashion Week ကို 1993 ခုနှစ်မှာ American က Fashion Designer အဖွဲ့အစည်းကနေ စတင်ကျင်းပခဲ့တာဖြစ်ပြီး အခုချိန်ထိ New York Fashion Week မှာ အရည်အချင်းရှိတဲ့ Fashion Designer တွေက လက်စွမ်းပြနေဆဲမို့လို့ မဖြစ်မနေ စောင့်ကြည့်သင့်ပါတယ်…
New York Fashion Week – http://nyfw.com
🟡 Paris Fashion Week
New York Fashion Week လိုပဲ ကမ္ဘာပေါ်မှာ ဒိတ်ဒိတ်ကြဲ စောင့်ကြည့်သင့်တဲ့ Fashion week နောက်တစ်ခုကတော့ Parsi Fashion week ပဲဖြစ်ပါတယ်…
Paris Fashion Week က လူတွေကြားမှာ သိပ်ပြီး မကျော်ကြားဘူးဆိုပေမယ့် အရည်အချင်းရှိပြီး တကယ်တော်တဲ့ Fashion Designer များစွာက ပြသတဲ့ ပွဲတစ်ခုဖြစ်ပါတယ်…
Paris Fashion Week မှာတော့ အမေရိကန်နဲ့ ပြင်သစ်က Fashion Designer တွေအပြင် နာမည်ကြီး Stephen Burrows, Yves Saint Laurent နဲ့ de Givenchy စတဲ့ Designer တွေပါဝင်ပါတယ်…
Paris Fashion Week – https://fhcm.paris/en/
🟡 Berlin Premium International Fashion Trade Show
January လ 2003 မှာ စပြီး ကျင်းပခဲ့တဲ့ Berlin Fashion Event က စလုပ်တဲ့အချိန်ထဲက ဒီဇိုင်းတွေက Premium ဖြစ်ဖြစ်နဲ့ ထူးခြားတဲ့ ဒီဇိုင်းတွေ အများကြီးကို ပြသပေးနိုင်ခဲ့ပါတယ်…
Station-Berlin exhibition halls မှာ နှစ်စဉ်ပြုလုပ်တဲ့ပွဲမှာ လူပေါင်း ( ၆ ) သောင်းကျော်တက်ရောက်ပြီး ဒီဇိုင်းတွေ ( ၁၃၀၀ ) ကျော်ကို ပြသလေ့ရှိပါတယ်…
Berlin Premium International Fashion Trade Show – https://www2.premiumexhibitions.com
🟡 Victoria’s Secret Fashion Show
Victoria’s Secret ဆိုရင် အမတို့ မသိတဲ့သူတွေ မရှိသလောက်ပါပဲနော်… 1995 ခုနှစ်ထဲက ကျင်းပခဲ့တဲ့ Show က အခုချိန်ထိ ကမ္ဘာတစ်ဝှမ်းလုံးက စောင့်ကြည့်ခဲ့ရတဲ့ Show တစ်ခုပဲဖြစ်ပါတယ်… Model တွေကလည်း တကယ်ကို မိုက်တဲ့သူတွေကိုရွေးထားတာကြောင့် Victoria’s Secret မှာ လျှောက်ပြီးတဲ့ Model တွေဆို Victoria’s Angle ဆိုပြီးတင်စားကြပါတယ်…
2001 ခုနှစ်မှာ သူ့ရဲ့ Show တွေကို TV အစီအစဉ်တွေမှာ စတင်ပြသခဲ့ပါတယ်…
Victoria’s Secret Fashion Show – https://www.victoriassecret.com/fashion-show
🟡 Chanel Fashion Show
အခုချိန်ထိ နာမည်ကြီးဆဲ ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Coco Channel ရဲ့ Show ပွဲတွေက 1909 ခုနစ်ထဲကနေပြီးတော့ အခုချိန်ထိ ကျင်းပနေဆဲဖြစ်ပါတယ်… Show တွေက Paris, Singapore နဲ့ Scotland စတဲ့ နိုင်ငံတွေမှာကျင်းပလေ့ရှိပြီး မော်ဒယ်တွေကို Themes တစ်ခုထဲက ဒီဇိုင်းတွေကို ဝတ်ဆင်ပေးလေ့ရှိပါတယ်ရှင်…
Chanel Fashion Show – http://www.chanel.com/en_GB/
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ဒီတစ်ခါမှာတော့အမက Fashion Design တွေလေ့လာလို့ရမယ့် ၊ Inspiration ယူလို့ရမယ့် YouTube Channel တွေကို ဆက်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်…
🟡 Christian Dior
၂၁ ရာစုရဲ့ အကောင်းဆုံး Luxury Design တွေကို ဖန်တီးနေတဲ့ Dior ကို YouTube ထဲကို အမတို့သေချာပေါက်ဝင်ရောက်လေ့လာသင့်ပါတယ်… Dior House စဖွင့်တဲ့အချိန်ထဲက Monsieur Dior က လှုံဆော်ခဲ့တဲ့ အတိုင်းအခုချိန်ထိ တူညီတဲ့ ကျက်သရေရှိတဲ့ Design တွေကိုဆက်လက်ထုတ်ဆဲဖြစ်ပါတယ်…
Dior YouTube Channel Link – youtube.com/user/Dior/videos
🟡 Justine Leconte officiel
အခုလောလောဆယ် Berlin မှာ နေထိုင်တဲ့ ပြင်သစ်ဒီဇိုင်နာ တစ်ဦးရဲ့ YouTube Channel ဖြစ်ပါတယ်… Justine တွေက အမျိုးသမီးတွေအတွက် အဝတ်အစားတွေကို ထုတ်လုပ်ပေးနေတဲ့အပြင် သူ့ရဲ့ YouTube Channel မှာ Color Pallet တွေအကြောင်း စတဲ့ ဗဟုသုတရစရာတွေကို Share ပေးနေတဲ့ YouTuber တစ်ယောက်လည်းဖြစ်ပါတယ်…
Justine Leconte officiel – https://m.youtube.com/c/Justineleconte
🟡 GUCCI
Dior လိုပဲ အစဉ်အလာကြီးမားတဲ့ Gucci ရဲ့ YouTube Channel ဖြစ်ပါတယ်… Gucci က 1921 ခုနှစ်ထဲက စတင်ခဲ့တဲ့ Brand တစ်ခုဖြစ်တဲ့အပြင် အခုချိန်ထိ ဖန်တီးမှုအားကောင်းကောင်းနဲ့ Design အသစ်တွေကို ဆက်လက်ထုတ်လုပ်နေတဲ့ Brand ဖြစ်ပါတယ်…
Gucci – https://m.youtube.com/channel/UCo6fjlKg6GuCmEMeqYbGJng
🟡 Daniela Tabois
Daniela Tobois က Fashion Designer တစ်ယောက်ဖြစ်ပါတယ်… သူ့ရဲ့ YouTube Channel မှာ Fashion Design တွေအတွက် စက်ချုပ်ရင် အသုံးပြုလို့ရမယ့် နည်းလမ်းတွေရယ် ၊ Draping တွေ ၊ Pattern လုပ်တဲ့နည်းစနစ်တွေကို မျှဝေပေးနေတဲ့ ဒီဇိုင်နာ တစ်ယောက်ဖြစ်ပါတယ်…
Daniela Tabois – https://m.youtube.com/c/DanielaTabois
🟡 Versace
1978 ထဲက Gianni Versace ကနေစတင်တည်ထောင်ခဲ့တဲ့ Versace Brand က အီတလီ Luxury Brand တစ်ခုဖြစ်တာ အားလုံးသိပြီးသားဖြစ်ပါ… အသုံးအဆောင်ပစ္စည်းတွေ၊ ကောင်းမွန်သောလက်ဝတ်ရတနာတွေ ၊ နာရီ ၊ မျက်မှန်၊ အမွှေးနံ့သာ နှင့် အိမ်သုံးပရိဘောဂများအပါအဝင် ဖက်ရှင်နှင့်လူနေမှုပုံစံစသည့်ပစ္စည်တွေကို ဒီဇိုင်းဆွဲ၊ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းပေးနေတဲ့ တစ်ကမ္ဘာလုံးမှာ နေရာတစ်နေရာထိယူထားတဲ့ Fashion Brand တစ်ခုဖြစ်ပါတယ်…
Versace – https://m.youtube.com/channel/UCrx5pVziMo1qzF8isicR5SQ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ဒီနေ့မှာတော့ အမက Fashion Brand ထုတ်ဝေမယ့်သူတွေ၊ ဒီဇိုင်းဆွဲမယ့် သူတွေအတွက် အိုင်ဒီယာကောင်းလေးတွေ ရအောင် Fashion Design တွေလေ့လာနေတဲ့နေရာမှာ အသုံးဝင်ပြီး Inspiration ယူလို့ရမယ့် Brand တွေ ၊ Fashion Designer တွေရဲ့ Website တွေ ၊ YouTube Channel တွေ ၊ Fashion Show တွေကို စုစည်းပြီးပြောပြပေးခဲ့တာဖြစ်ပါတယ်…
✅ အမ မျှဝေပေးသွားတာ အကျိုးရှိတယ်ဆိုရင် Like and Share လေးလုပ်ပေးသွားပါဦးနော်
📍အမြဲ အသစ်တွေသာပေးမယ့် His’s & Her’s 📍
” Turning your passion into fashion “
▪️Fashion Illustration by His’s & Her’s