What is Fashion Marketer ?

🔥 Fashion Marketers တစ်ယောက်ရဲ့ Total Skills တွေနဲ့ အရေးပါပုံ 🔥
Fashion Marketer ဆိုတာဘာပါလိမ့် ……❓
ဒါအားလုံးသိချင်နေကြမယ့် အကြောင်းရင်းလေးဖြစ်မယ်လို့ အမ မျှော်လင့်ပါတယ် …

ဒါကြောင့် အစအဆုံး သေချာဖတ်ပြီး ကြိုက်နှစ်သက်တယ်၊ အကျိုးရှိတယ် ဆိုရင် အမဝေမျှပေးတာလေးကို Like and Share လေးသာ လုပ်ပေးသွားမယ်ဆိုရင် နောက်ထပ်အသစ်သစ်တွေ ဝေမျှပေးဖို့ အမ အားအင်တစ်ခု ထပ်ရပါပီး ….🤩

ကဲ စလိုက်ရအောင် …..
🌟 အရင်တုန်းက သိပ်စိတ်မဝင်စားကြပေမယ့် အခုချိန်မှာ အစ်မတို့ အားလုံး စိတ်ဝင်စားနေကြတဲ့ ” Fashion Marketing ” ဆိုတာ တိုတိုနဲ့ လိုရင်း ပြောရမယ်ဆိုရင် Fashion နဲ့ပတ်သက်တဲ့ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်း တွေကို စျေးကွက်ရှာဖွေပြီး အရောင်းမြှင့်တင်ပေးရတဲ့ လုပ်ငန်း တစ်ခုပဲဖြစ်ပါတယ် 🌟
ဒါကြောင့်လည်း အခုချိန်မှာ တအားအရေးပါလာတာဖြစ်ပါတယ်…

ပြည်ပမှာတော့ Fashion Marketing ဆိုတာ မထူးဆန်းပေမယ့် အမတို့ ပြည်တွင်းမှာတော့ တော်တော်များများ သေချာမသိသေးတဲ့ တစ်ခုပါ…

ဒါဆို Fashion Marketing ပညာရပ်ကို တတ်မြောက်ပြီးနောက် Fashion Marketers ဆိုတာ …
🔆 Fashion Marketers တွေဟာ အဝတ်အစားအမှတ်တံဆိပ်တွေရဲ့ စျေးကွက်ရှာဖွေပြီး ကြေညာလုပ်ငန်းတွေနဲ့ စီမံခန့်ခွဲမှုတွေအတွက် နည်းပညာနဲ့ အနုပညာ Skills တွေကို လက်တွေ့ အသုံးချနိုင်တဲ့ အရည်အချင်းရှိသူတွေပဲ ဖြစ်ပါတယ် …
🔆 ဒါ့ကြောင့် Fashion အပေါ်မှာ ရူးသွပ်မှုပြီး ကြိုက်နှစ်သက်ကြတဲ့သူတွေနဲ့ Fashion Industry ထဲဝင်ရောက်ပြီး အသက်မွေးဝမ်းကြောင်း တစ်ခုအနေနဲ့ လုပ်ဆောင်ချင်တဲ့ သူတွေ အတွက်တော့ Fashion marketing က ရွေးချယ်စရာ Option တစ်ခုအနေနဲ့ သင့်တော်ပါတယ်…
🔆 Fashion Marketers တွေဟာ Customers တွေနဲ့ ဆက်သွယ်ပြောဆိုပြီး ဝယ်ယူမှုနှုန်းထားတိုးတက်လာစေရန် အတွက် အဝတ်အစားအမှတ်တံဆိပ်တွေနဲ့ ဆက်သွယ်ပြောဆိုရပါတယ်…
🔆 တစ်နည်းအားဖြင့် Fashion Designer တွေနဲ့ တိုက်ရိုက်ပြောဆိုနိုင်ပြီး မိမိတို့ လိုချင်တဲ့ အဝတ်အထည် Brand တွေကိုပါ ရွေးချယ်လုပ်ကိုင်နိုင်ခွင့် ရှိတဲ့သူတွေ ဖြစ်ကြပါတယ်။
Fashion စျေးကွက်ရှာဖွေသူ တစ်ယောက်အနေနဲ့ …
🔸Brand တစ်ခုရဲ့ ပုံရိပ်ကို မြှင့်တင်ခြင်း
🔸Target Audience ရှာဖွေခြင်း
🔸စျေးကွက် အစီအရင်ခံစာများကို ခွဲခြမ်းစိတ်ဖြာခြင်း
🔸Fashion Collection အသစ်တွေ အတွက်
ဓာတ်ပုံ၊ Video ရိုက်ကူးမှုတွေကို Schedule ဆွဲပေးခြင်း
🔸စျေးကွက်ရှာဖွေရေး Campaign များအတွက် Content Idea တွေ ရှာဖွေပေးခြင်း
🔸Fashion Trends အသစ်တွေကို ခန့်မှန်းပြီး
Customer များရဲ့ တုံ့ပြန်မှုတွေကို တိုးတက်အောင်ပြုလုပ်ခြင်း

🔸စျေးကွက်ရှာဖွေရေး ဘတ်ဂျက်ကို အကောင်းဆုံး အသုံးပြုနိုင်ခြင်း … စတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရပါတယ်။

ဆက်ပြီးတော့ Fashion Marketer တစ်ယောက်ဖြစ်လာဖို့ ဘာတွေလိုအပ်မလဲဆိုတာ အစ်မနဲ့ အတူ ကြည့်လိုက်ရအောင် …
1️⃣ Earn a bachelor’s degree
✨Fashion Marketing အတွက် ပုံမှန်အားဖြင့် အသိအမှတ်ပြု တက္ကသိုလ်/ ကောလိပ် တစ်ခုမှ စျေးကွက်ရှာဖွေရေးဘွဲ့ တစ်ခု ( BA. Hons ) ရှိဖို့လိုအပ်ပါတယ် …
✨စျေးကွက်ရှာဖွေရေးနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်တွေအတွက် လိုအပ်တဲ့ …Journalism, Communications, Advertising, Public relations, Multimedia and Business management စတဲ့ ပညာရပ်တွေကို သင်ကြားရမှာ ဖြစ်ပါတယ် …
✨အကယ်၍ လုပ်ငန်းခွင်မှာ အကြီးတန်း စီနီယာ Position တစ်ခုကို ရှာဖွေချင်တယ်ဆိုရင်တော့ Fashion Marketing ဆိုင်ရာ Master Degree ကို တက်ရောက်ဖို့ အကြံပြုချင်ပါတယ်။
2️⃣ Get an internship
✨အလုပ်သင် Program တွေက တကယ် အလုပ်လုပ်ရတော့မယ့်နေရာမှာ လိုအပ်တဲ့ Experience & Skills တွေကို အများဆုံးရရှိရာနေရာပဲဖြစ်ပါတယ် …
✨လုပ်ငန်းခွင်မဝင်ရောက်မှီ အလုပ်သင်ကာလအတွင်း တွေ့ဆုံရမယ့် လူတွေကနေ တစ်ဆင့် အဆက်အသွယ်ကောင်းတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
3️⃣ Apply to marketing positions
✨အလုပ်သင် ကာလ အတွင်း ရရှိခဲ့တဲ့ အချိတ်အဆက်တွေကို အသုံးပြုပြီး Sales & Marketing နေရာတစ်ခုကို လျှောက်ထားနိုင်ပါတယ်…

✨Clothing Retail ဆိုင်တစ်ခုလိုနေရာမျိုးမှာ အလုပ်ရသည် ဖြစ်စေ Fashion Industry နဲ့ နီးစပ်တဲ့ အတွေ့အကြုံတွေကို စုဆောင်းရင်း ကိုယ့်ရဲ့ Personal Skill ကို မြှင့်တင့်နိုင်ပါတယ်။

ဒါ့အပြင် Fashion Marketer တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အသွေးတွေကရောဆို…….
🔸ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း
🔸တီထွင်ဖန်တီးနိုင်မှု
🔸ဦးဆောင်နိုင်မှု
🔸အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု 🔸စျေးကွက်ရှာဖွေနိုင်မှု Analysis
🔸Computers Skills
🔸Social Media Management
🔸Aesthetic sense
🔸Design Skill …

စတဲ့ တစ်ကိုယ်ရည် Skill တွေပြည့်ဝနေဖို့လည်း လိုအပ်ပါတယ်။

🔆 Fashion Marketing ကို အသက်မွေးဝမ်းကြောင်း တစ်ခုအနေနဲ့ လုပ်ဆောင်မယ့်သူတစ်ယောက်ဟာ နယ်ပယ်ပေါင်းစုံက ကျွမ်းကျင်မှု နည်းပညာတွေ ပြည့်ဝနေဖို့ လိုအပ်ပါတယ် …
🔆 Fashion industry ဆိုတာ စဉ်ဆက်မပြတ် အသစ်သစ်တွေ ပြောင်းလဲနေတာကြောင့်
Fashion လောက ကို ဦးဆောင်မယ့် Marketers တွေအနေနဲ့ …
✨Be Curious
✨Be Consistent
✨Be Human
✨Be Up to Date …
စတဲ့ Tips လေးတွေကို အမြဲလက်ကိုင်ထားသင့်ပါတယ်။
💞 ဒါ့ကြောင့် Fashion Industry ထဲမှာ လွှမ်းမိုးမှုကြီးမားရုံသာမက စျေးကွက်ရှာဖွေရေး လုပ်ငန်းမှာပါ အရေးပါတဲ့ Fashion Marketers တစ်ယောက်ရဲ့ Total Skills တွေနဲ့ အရေးပါပုံတွေကို အနည်းငယ်ပြောပြပေးခဲ့တာပဲ ဖြစ်ပါတယ် … 💞
နောက်များမှာလည်း Fashion နဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ဗဟုသုတ ရစရာ အကြောင်းအရာလေးတွေကို ရေးသားတင်ဆက်ပေးဦးမလဲ ဆိုတာ စောင့်ကြည့်ပေးပါဦးနော် … ❣️
❓နောက်ရော ဘယ်လို blog လေးတွေ လုပ်စေချင်ကြလဲ ပြောသွားပေးပါအုန်းနော် ❓
📍အမြဲ အသစ်တွေသာပေးမယ့် His’s & Her’s 📍
” Turning your passion into fashion “
▪️Fashion Illustration by His’s & Her’s ▪️