What’s the Difference Between Vintage and Retro

🔥 What’s the Difference Between Vintage and Retro 🔥
You တို့ Vintage Fashion look လေးတွေကို ကြိုက်ကြလား ❓

#vintageandretro

အစ်မတို့တွေ Instagram နဲ့ Facebook မှာ ခုတလော အရမ်းကို ရေပန်းစားနေတဲ့ Vintage fashion looks တွေနဲ့ Retro Style တွေက တစ်ကျော့ပြန် ခေတ်စားလာနေကြတာ အားလုံးအမြင်ပါပဲနော် … အခုခေတ် Fashion ပုံစံတွေဟာ Trend အရ လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၂၀ ) လောက်ကို ခေတ်နောက်ပြန်ပြီး သွားနေပါတယ်…
Vintage လို့ ကြားတာနဲ့ အရောင်ဖျော့ဖျော့ အညိုလေးတွေ ကို အရင်ဆုံးပြေးမြင်မိမှာ အသေချာပါဘဲ …
နောက်ပြီး Vintage Fashion ဆိုတာ အမ အရမ်းကြိုက်တဲ့ Fashion ထဲက ထိပ်ဆုံးတစ်ခုပေါ့ …
♻️ ခုနောက်ပိုင်း Fashion ကို Upcycling ပြုလုပ်ဖို့ စိတ်ဝင်စားသူတွေကနေစပြီး Thrift ထည်ဆိုင်တွေ၊ ဘေဆိုင်တွေနဲ့ Online Stores တော်တော်များများမှာပါ Vintage ထည်တွေနဲ့ ခေတ်ဟောင်း ဒီဇိုင်းပုံစံမျိုးစုံကို စုံစုံလင်လင်တွေ့မြင်နေကြရတယ်နော်…
♻️ ဒါနဲ့ဘဲ လူတိုင်း အပြောများနေကြတဲ့ Vintage အထည်တွေနဲ့ Retro Clothing တွေက ဘယ်လိုမျိုးကွဲပြားမှုရှိလဲဆိုတာကို အမတို့ research လုပ်ထားသလောက်လေး ဒီနေ့ပြောပြပေးပါမယ်…
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
✔️ Vintage နဲ့ Retro ရဲ့ ကွာခြားချက် ✔️
🪀 Vintage အထည်တွေဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း (20) ကနေ နှစ် (100) အတွင်းမှာ ထုတ်လုပ်ခဲ့တဲ့ အထည်တွေကို ဆိုလိုပါတယ် … အမှတ်တရအနေနဲ့ အထည်အရေအတွက် နည်းနည်းသာ ထုတ်လုပ်ခဲ့တာတွေ၊ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အတိတ်က ပုံရိပ်တွေကိန်းအောင်းနေတဲ့ Band T-shirt တွေနဲ့ နာမည်ကြီးသူတချို့ ဝတ်ဆင်ခဲ့တဲ့ အဝတ်အထည်တွေကတော့ Vintage လောကမှာ
အတော်လေးကို စျေးမြောက်တဲ့ အထည်တွေ ဖြစ်ပါတယ်…
🪀 Retro Clothing ဆိုတာကတော့ ခေတ်ဟောင်းအဝတ်အထည်ပုံစံတွေနဲ့ ခေတ်တစ်ခေတ်ရဲ့ Fashion ရေစီကြောင်းအတိုင်း အဝတ်အထည်ပုံစံတွေကို ပြန်လည်ချုပ်လုပ်ပြီး ဝတ်ဆင်ကြတဲ့ ဒီဇိုင်းမျိုးဖြစ်ပါတယ်…
🪀 1980 / 90 ပြည့်နှစ်တွေတုန်းကလို Jeans pants အတွဲအစပ်စတိုင်တွေနဲ့ ပွပွရွရွ Baggy Pants တွေ၊ Varsity Jacket တွေကို ပြန်ပြီး ဝတ်ဆင်လာကြတာကို ယနေ့ခေတ်မှာ အတော်များများတွေ့မြင်ရပါတယ်….
🪀 Vintage ထည်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကနေ ယနေ့အချိန်ထိ မပျက်စီးပဲ ထိန်းသိမ်းနိုင်ခဲ့ကြောင့် Quality ပိုင်းကို အထူးစိတ်ချရပြီး အတိတ်ခုနှစ်တွေက စစ်မှန်တဲ့ ချည်ထည်ပုံစံတွေနဲ့ ပြုလုပ်ထားကြပါတယ် ….
🪀 Retro Style အဝတ်အထည်တွေကတော့ ယခုခေတ်ရဲ့ Fabrics အစိတ်အပိုင်းတွေကို အသုံးပြုကာ ခေတ်ဟောင်းနဲ့ လက်ရှိ Fashion ဒီဇိုင်းတွေကို ပေါင်းစပ်ပြီး လုပ်ထားတဲ့ Designer တွေရဲ့ လှည့်ကွက်တစ်ခုပဲ ဖြစ်ပါတယ်….
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
❇️ Vintage နဲ့ Retro clothing နှစ်မျိုးမှာတူညီတဲ့ အချက်ကတော့ ဘယ်အမျိုးအစားကို ရွေးချယ်တာပဲဖြစ်ဖြစ် အတိတ်ခုနှစ်တွေမှာ Popular ဖြစ်ခဲ့ပြီး လူကြိုက်များခဲ့တဲ့ Fashion ပုံရိပ်ကို ပြန်လည် အသက်သွင်းပေးနိုင်ခြင်းပဲဖြစ်ပါတယ်…
🪀 ဒါပေမယ့် Vintage Item တစ်ခုမှာ အသုံးပြုထားတဲ့ အကြမ်းခံပြီး ယနေ့ခေတ်ထက် အရည်သွေးပိုမိုကောင်းမွန်တဲ့ Fabric တွေနဲ့ ပုံစံတူပြန်လည်ချုပ်လုပ်ဖို့ဆိုတာ မလွယ်ကူပါဘူး …
♻️ ဒါကြောင့် ခေတ်ဟောင်းအထည် Design တစ်မျိုးမျိုးကို လိုချင်ပြီဆိုရင်တော့ Vintage အထည်တွေ စိတ်ကြိုက်ရွေးချယ်လို့ရတဲ့ Thrift Shop တွေကသာ ဝယ်သူတွေရဲ့ ကျေနပ်မှုကိုအပြည့်အဝပေးနိုင်မှာပဲဖြစ်ပါတယ် …
ဒါ့ကြောင့် Retro Clothing ကိုနှစ်သက်လို့ပဲဖြစ်စေ Vintage culture ကိုမှ မြတ်နိုးလို့ပဲဖြစ်ဖြစ် Inspiration ယူပြီး ဝတ်ဆင်ကြည့်လို့ရမယ့် Vintage & retro Looks လေးတွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်နော် ♻️

အမနဲ့ အကြိုက်တူတဲ့သူလေးတွေ ဘယ်သူ​တွေ ရှိကြလဲ❓
မကြာခင်မှာ အမရဲ့ Vintage & retro Fashion တွေအတွက် Mood board လုပ်ထားတာလေးလဲ ဝေမျှပေးမှာမို့ စောင့်မျှော်ပေးကြပါအုန်းနော် ..
📍အမြဲ အသစ်တွေသာပေးမယ့် His’s & Her’s 📍
” Turning your passion into fashion “
▪️Fashion Illustration by His’s & Her’s ▪️