ကမ်းခြေဖက်ရှင်

တောင်တန်းတွေဆီလား?? ကမ်းခြေလား???
🌹🌹🌹အားလုံးပဲ မင်္ဂလာပါရှင့်🌹🌹🌹
ဒီတစ်ခေါက် His’s and Her’s ကနေ ဘာအကြောင်းအရာလေးများ ဝေမျှပေးမလဲဆိုပြီး စိတ်ဝင်စားနေကြပြီ ဟုတ်!

ဒီတစ်ခေါက်တော့ ပွင့်လင်းရာသီလည်း ရောက်လာပြီဆိုတော့ ခရီးသွားဖို့ ပလန်နေကြတဲ့သူတွေအတွက် Fashion Tips လေးတွေ ဝေမျှ ပေးသွားပါမယ်ရှင့်…
ခရီးသွားရမယ့် ဖက်ရှင် အသုံးအဆောင်လေးတွေထဲမှာ ဘာတွေ အပါခေါ်သွားရမလဲဆိုတာ အောက်မှာ ဆက်ဖတ်ကြည့်ကြမယ်နော်….

(၁) မျက်မှန် 🕶🕶🕶
ကိုယ်ယူသွားတဲ့ အဝတ်အစားလေးတွေနဲ့ ဓာတ်ပုံရိုက်တဲ့အခါ အလန်းစားလေး ဖြစ်နေဖို့ မျက်မှန်လေးက ကူညီပေးမှာပါ။

(၂) ပဝါ🧣🧣🧣
ပဝါလေးကတော့ ရိုးရှင်းတဲ့ ဝတ်စုံလေးတွေကို အမြင်ဆန်းစေပါတယ်။ တောင်တန်းဆီ အလည်သွားတဲ့အခါ လည်ပင်းမှာ ပဝါလေးကို လည်ပင်းမှာ ပတ်တာလေးကို သင့်ကို ကိုရီးယားမလေးလို လှပနေစေပြီး ကမ်းခြေတွေဆီ သွားတဲ့အခါမှာတော့ ပုဝါလေးပတ်ထားတဲ့ စတိုင်လေးက ကပိုကရိုနဲ့ အမြင်ဆန်းစေမှာပါ။

(၃) ဦးထုပ် 👒👒👒
ခရီးသွားတဲ့အချိန် လှပတဲ့ ဓာတ်ပုံလေးတွေ ရဖို့နဲ့ နေလောင်ဒဏ်မှ ကာကွယ်ပေးနိုင်ဖို့အတွက် ဦးထုပ်လေးက မရှိမဖြစ်ပါပဲ။ ကမ်းခြေသွားတဲ့အခါ ဦးထုပ်ကားကားတွေယူသွားသင့်ပြီး တောင်တန်းတွေဆီ သွားဖို့အတွက်ဆိုရင် သိုးမွှေးဦးထုပ်လေးတွေကို ရွေးပါ။

ကဲ ဒီပစ္စည်းလေးတွေကို အပါခေါ်သွားမယ်ဆိုရင် ခရီးသွားတဲ့အခါ အထာကျကျ လှနေနိုင်ပါပြီနော်…. အချစ်တို့ရော ခရီးသွားတဲ့အခါ အမြဲ ယူသွားဖြစ်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းက ဘာများ ဖြစ်မလဲ?😍😍😍
THANK YOU