Zue-My Illustration Diary မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်နော်✍🏻
ဒီနေ့ညချမ်းလေးမှာတော့ Zue ကိုယ်တိုင် ” Fashion Illustration ” ပညာရပ်ကို စတင်လေ့လာခဲ့စဉ်က ရှာဖွေတွေ့ရှိခဲ့တဲ့
▪️Body Figure ဆွဲနည်းတွေ
▪️Face Action တွေ
▪️Hair Design Drawing တွေ
▪️Color Technique rendering အပိုင်းတွေ
ကို ဓာတ်ပုံတွေ နှင့်အတူ ဆွဲချက်တွေကိုပါ ယှဉ်ပြထားတဲ့ ပုံလေးတွေကို ပြန်ပြီး Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်ရှင်.. 👇👇👇
~~~~~~
Fashion ကို Illustration ဆွဲတဲ့အခါ တစ်ချို့က ပြောလေ့ရှိကြပါတယ်….
📍Design Creation သာ အရေးကြီးဆုံးပါ.. ကျန်တာတွေက အဲ့လောက်မဟုတ်ပါဘူးး အကျီဆွဲတတ်ရင် ရပါပြီး📍
ဆိုပြီး အကျီကိုသာ အလေးအနက်ထားဆွဲတတ်ကြပါတယ်… တကယ်တော့ မှန်သင့်သလောက်သာမှန်ပါတယ်… နောက်ပိုင်း သေချာလေ့လာကြည့်တဲ့အခါ အကျီဘဲလှနေပြီး လူပုံက ဆွဲဆောင်မူမရှိတဲ့ပုံထက် အကျီရော လူရော အကုန်လှနေတဲ့ပုံလေးတွေက ပိုပြီး အသက်ဝင်လှပတယ်ဆိုတာ မြင်တွေ့ခဲ့ရပါတယ်… ဒါကြောင့် အကျီဒီဇိုင်းတစ်ခုတည်းကိုဘဲ Creative မပြုလုပ်ဘဲ မော်ဒယ်ရဲ့ Body Figure, Makeup look, Hair styleတွေကိုပါ အလေးထားပြီး လေ့ကျင့် ဆွဲပေးသင့်ပါတယ်… ဒီလို လေ့လာဆွဲခြင်းအားဖြင့် နောက်ထပ် အကျိုးကျေးဇူးရရှိစေမယ့် တစ်ခုက မိမိဟာ Stylish ဆိုတဲ့ ပညာရပ်တစ်ခုကို အကျိုးပြုစေမယ့် အရာတွေကိုပါ အခြေခံနားလည်သွားမှာ ဖြစ်ပါတယ်နော်…
👩💻Stylish နဲ့ပတ်သက်တာလေးတွေကိုတော့ နောက်နေ့မှ ထပ်ပြီး Sharing လုပ်ပေးတော့မယ်နော်….👩💻
ကဲ….. ဒါဆို နောက်နေ့နောက်နေ့တွေမှာတော့ ဘယ်လို ” Fashion Tip ” လေးတွေ မျှဝေပေးအုန်းမလဲဆိုတာ စောင့်မျှော်ကြည့်ရူအားပေးကြပါအုန်းနော်👩🏻🏫
♥️ မိမိအတွက် အကျိုးရှိတယ်ဆို ကိုယ့်သူငယ်ချင်းတွေထဲက စိတ်ဝင်စားသူလေးများ၊ ဝါသနာတူသူငယ်ချင်းလေးတွေကိုလည်း Like & Share လေးနဲ့ မျှဝေပေးပါအုန်းနော် ♥️
Thank You👩🏻🏫
ZueZue Zin ( Fashion Illustrator )
Zue – My Illustration Diary✍🏻✍🏻✍🏻
His’s & Her’s