အောင်မြင်ကျော်ကြားသော 𝐅𝐚𝐬𝐡𝐢𝐨𝐧 𝐈𝐥𝐥𝐮𝐬𝐭𝐫𝐚𝐭𝐨𝐫 များအကြောင်း ( 𝐏𝐚𝐫𝐭 𝟐 )

” Hair Style အလွှင့်လေးတွေ အမြဲဆွဲတတ်တဲ့ Laura Laine အကြောင်း “👩🏼👩🏼👩🏼👩🏼
His’s & Her’s ကနေပြီးတော့ ယနေ့ခေတ်မှာ ကျော်ကြားအောင်မြင်နေတဲ့ Fashion illustrator နောက်တစ်ယောက်အကြောင်းကို မျှဝေပေးသွားပါမယ်နော်…
သူကတော့ Laura Laine ပဲဖြစ်ပါတယ်။

Laura Laine ကိုFinland နိုင်ငံ Helsinki မြို့မှာ 1983 ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။သူဟာ Helsinki မြို့ရဲ့ University of art and design မှာ Fashion Design ပညာရပ်ကိုသင်ကြားခဲ့ပြီး ဘွဲ့ရခဲ့ပြီးအချိန်မှာတော့ Fashion illustrator တစ်ယောက်အဖြစ်စတင်ရပ်တည်ခဲ့ပါတယ်။ သူဟာ Freelancer တယောက်အဖြစ်နဲ့ အလုပ်လုပ်ခဲ့ပေမယ့်လို့ photographer တွေ art director တွေ stylist တွေနဲ့ အလုပ်အတူတူတွဲလုပ်ရတာ သဘောကျသူတယောက်ဖြစ်ပါတယ်။ သူဟာ မကြာခဏ Snow Studio နဲ့ အလုပ်တွဲလုပ်လေ့ရှိပြီး သူ့ရဲ့ တီထွင်ဆန်းသစ်မှုများကို Tokyo, New York, London, San Francisco, Los Angeles နဲ့ Helsinki စတဲ့ နိုင်ငံတွေမှာ ပြသလေ့ရှိပါတယ်။

အခုချိန်မှာတော့ သူဟာ Vogue Japan, Vogue Italy, Vogue Germany, Givenchy, Elle, The New York Times, Sephora, Marie Claire, The Guardian, I.T. Store, Harvey Nichols, Pantene, H&M, Zara, Telegraph and GQ စတဲ့ နာမည်ကျော် brand တွေအတွက် fashion design ပေါင်းများစွာကိုရေးဆွဲပေးလျက်ရှိပါတယ်။
(အရင်တခေါက်ကဖော်ပြခဲ့တဲ့ Anna Halarewicz အကြောင်းကို ဖတ်ချင်တယ်ဆိုရင်တော့ အောက်က link လေးမှာ ဖတ်လို့ရပါတယ်နော်)
https://www.facebook.com/…/a.432689337…/712313979143193/
THANK YOU