အောင်မြင်ကျော်ကြားသော 𝐅𝐚𝐬𝐡𝐢𝐨𝐧 𝐈𝐥𝐥𝐮𝐬𝐭𝐫𝐚𝐭𝐨𝐫 များအကြောင်း ( 𝐏𝐚𝐫𝐭 𝟯 )

အားလုံးပဲ မင်္ဂလာပါရှင်…
His’s and Her’s ကနေ ဒီနေ့ခေတ် ထင်ပေါ်ကျော်ကြားနေတဲ့ Fashion illustrator တွေ အကြောင်းကို တင်ဆက်ပေးရမယ့်ရက်လေးကို ရောက်ရှိလာပြန်ပါပြီ။

ဒီနေ့ တင်ဆက်ပေးမယ့် သူကတော့ Jessica Durant ပဲဖြစ်ပါတယ်
Freelance illustrator တယောက်ဖြစ်တဲ့ Jessica က fashion, အလှအပနဲ့ , လူမှုဘဝနဲ့ပတ်သတ်သမျှ အနုပညာတွေကို အထူးပြုရေးဆွဲလေ့ရှိပါတယ်။

Jessica ကို Las Vega, Nevada မှာမွေးဖွားကြီးပြင်းခဲ့ပြီး အခုချိန်မှာတော့ Atlanta, Georgia မှာ နေထိုင်နေပါတယ်။
Jessica က Southern Utah University ကနေ
Fashion illustration ဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ်။
Jessica ရဲ့ ခံယူချက်ကတော့ “သူဖန်တီးခဲ့တဲ့ အနုပညာတခုချင်းစီက သူ့ကိုယ်သူတိုးတက်အောင် လုပ်နေခြင်းလို့မြင်ပြီး ပုံဆွဲခြင်းနဲ့ ပန်းချီဆွဲခြင်းအတွက် အသက်ရှင်နေတာပါ ” လို့ ပြောကြားခဲ့ပါတယ်။
သူဟာ နာမည်ကျော် brandတွေဖြစ်တဲ့
Target, Sephora, Chantecaille, Jimmy Choo, Ebay, Starbucks, Nature Made, Lancôme Paris, Marionnaud,, L’Oreal Paris Kérastase, Avène, NYX Cosmetics, Lavazza, Bayer နဲ့ QVC တွေအတွက် အလုပ်လုပ်ပေးခဲ့ပြီး
CHANEL, Oscar de la Renta နဲ့ Elie Saab တို့နဲ့လည်း ပူးပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။