𝐓𝐡𝐞 𝐅𝐚𝐦𝐨𝐮𝐬 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫𝐬 ( 𝐏𝐚𝐫𝐭 -𝟏 ) 👩🏻🦰👱🏻♀️👩🏻
မင်္ဂလာညချမ်းလေးပါရှင်😴😴😴
𝗭𝘂𝗲-𝗠𝘆 𝗜𝗹𝗹𝘂𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 𝗗𝗶𝗮𝗿𝘆 မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်✍🏻
ဒီနေ့မှာတော့
▪️အခုချိန် လူပြောများ ရေပန်းစားနေတဲ့
▪️ရေရှည်မှာလည်း တကယ်ကို လျှမ်းလျှမ်းတောက် နာမည်ကြီးလာမယ့် follow လုပ်ထားသင့်တယ့် ဒီဇိုင်နာ (၃) ဦး အကြောင်းကို အမက ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်…
👩🏻👱🏻♀️👩🏻🦰 လျှမ်းလျှမ်းတောက် နာမည်ကြီးလာပြီး
follow လုပ်ကို လုပ်ထားသင့်တယ့် ဒီဇိုင်နာ (၃) ဦး ( Part-1 ) 👩🏻👩🏻🦰👱🏻♀️
” Brand တွေ ထုတ်မယ်ဆို Designer တွေ လုပ်မယ်ဆို
ဒါဆိုရင်တော့ သူတို့ကို သိကို သိထားသင့်တယ်နော် “
ရုတ်တရက်ကြည့်ရင်တော့ သူတို့ ဒီဇိုင်းတွေက ဘယ်လိုမျိုးလဲပေါ့ ဒါပေမယ့် အခုလို နာမည်ကြီး ဒီဇိုင်နာတွေကိုလေ့လာပြီးဆိုရင် သူတို့ဒီဇိုင်းတစ်ခုထဲမဟုတ်ဘဲ….
✔️ဘယ်လိုမော်ဒယ်တွေသုံးပြီး ကုန်ပစ္စည်းကြေညာသလဲ
✔️မော်ဒယ်ကို ကုန်ပစ္စည်းနဲ့လိုက်ဖက်တဲ့ ဘယ်လို post မျိုး Manage လုပ်ထားလဲ
✔️ကုန်ပစ္စည်းနဲ့လိုက်ဖက်တဲ့ Hairs style , Make up , Accessories, Shoes တွေ ဘယ်လို Manage လုပ်ထားလဲ
ပါ လေ့လာသင့်တယ်… မြန်မာမှာက အကျီကြေညာရင် အကျီကိုဘဲ ဂရုစိုက်တယ် ကျန်တာ အကုန်မေ့ထားတတ်ကြတယ် ၊ Stylist ပိုင်း အားနည်းတယ်ပေါ့ ၊ ဒါကြောင့် Stylist အပိုင်းကို စိတ်ဝင်စားသူတွေက ဒီလို Designer Brand တွေများများလေ့လာသင့်တယ် ။
သူတို့တွေရဲ့ အင်္ကျီ ဒီဇိုင်းလှရုံတင်မကဘူး……
✔️ ကိုယ့် ပတ်ဝန်းကျင်မှာရှိတဲ့ Local product တွေ ကို ဘယ်လိုပြန်သုံးထားတာလဲ ?
✔️ ဘယ်လို Technique ကိုသုံးပြီး ဒီ ဒီဇိုင်းကို ဖန်တီးထားလို့ နာမည်ကြီးတာလဲ ?
✔️ ဘယ်လို Color တွေနဲ့ အမျိုးသမီးတွေ ဆွဲဆောင်ထားလဲ ?
✔️ ဘယ်လို Design တွေ ထုတ်နေတာလဲ ?
✔️ ရေရှည် မှာ ဘယ်လောက်ထိ နာမည်ကြီးနိုင်မလဲ ?
စတဲ့ အချက်တွေနဲ့ ဒီဇိုင်နာတွေကို အမတို့ကျောင်းတက်တုန်းကလည်း အများကြီးလိုက်ရှာပြီး လေ့လာခဲ့ရတာပါ…🤩
ဒါကြောင့်မို့လို့…. ဒီနေ့မှာတော့
▪️အခုချိန် လူပြောများ ရေပန်းစားနေတဲ့
▪️ရေရှည်မှာလည်း တကယ်ကို လျှမ်းလျှမ်းတောက် နာမည်ကြီးလာမယ့် follow လုပ်ထားသင့်တယ့် ဒီဇိုင်နာ (၃) ဦး အကြောင်းကို အမက ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်…
1️⃣ Maisie Wilen
Instagram- https://instagram.com/maisie_wilen?utm_medium=copy_link
▪️ Maisie Schloss က ” Maisie Wilen ” ဆိုတဲ့ နာမည် နဲ့ Fashion Company ကို 2018 ခုနစ်မှာ စလုပ်ခဲ့ပါတယ်…
▪️သူဟာ နာမည်ကြီး Rapper တစ်ဦးဖြစ်တဲ့ ” Kyne West ” ရဲ့ Yeezy ဖိနပ် အပြင် တခြားသော အမျိုးသမီးဝတ်တွေရဲ့ ဒီဇိုင်နာအဖြစ် (၄ ) နှစ်ကျော်လောက် အလုပ်လုပ်ခဲ့ပါတယ်…
▪️ Kyne West ကတောင် သူဟာ အရမ်းတော်တဲ့ ဒီဇိုင်နာတစ်ဦးဖြစ်ပြီး သူ့ရဲ့ ဖိနပ်ဒီဇိုင်းတွေက ယောက်ျားလေးတွေအတွက် အရမ်းထူးခြားပြီး ဝတ်ရတာ အရမ်းသက်တောင့်သက်သာဖြစ်တဲ့ ဒီဇိုင်းတွေဖြစ်ကြောင်း ချီးကျူးခဲ့ပါသေးတယ်…
▪️ Yeezy ဖိနပ်အတွက် (၄) နှစ်တာ အလုပ်လုပ်ပြီးတဲ့ အချိန် (၂၀၁၈ ) မှာ သူက ကိုယ်ပိုင် Company ထောင်ဖို့ ဆုံးဖြတ်ခဲ့ပြီး အခုချိန်ထိ Fashion Collection တွေကို အများကြီးထုတ်နေတဲ့ အရမ်းတော်တဲ့ အမျိုးသမီး ဒီဇိုင်နာတစ်ယောက်ဖြစ်ပါတယ်…
Website ကဆို ဒီမှာ သူလုပ်ခဲ့တဲ့ Collection တွေကြီး ကြည့်လို့ရတယ်နော် – https://www.vogue.com/fashion-shows/designer/maisie-wilen
2️⃣ Kenneth Ize
Instagram- https://instagram.com/kennethize?utm_medium=copy_link
▪️နိုင်ဂျရီးယားလူမျိုးဖြစ်ပြီးတော့ ဗီယင်နာမှာမွေးခဲ့တဲ့ Kenneth Ize က အမျိုးသား ဖက်ရှင် ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး (၂၀၁၃) ကနေ စပြီး Collection တွေကို စထုတ်ခဲ့တာဖြစ်ပါတယ်…
▪️သူက နိုင်ဂျီးရီးယား ပြည်တွင်းမှာထုတ်တဲ့ (Local Fabric) ကိုအသုံးပြုပြီးတော့ ဒီဇိုင်းတွေဖန်တီးရင်း လူသိများလာခဲ့ပါတယ်…
▪️ သူ့ရဲ့ အထင်ရှားဆုံး ဒီဇိုင်းကတော့ အရောင်တောက်ပြီး အရမ်းကို လှတဲ့ ” Aso Oke ” လို့နာမည်ပေးထားတဲ့ ဒီဇိုင်းပဲဖြစ်ပါတယ်…
▪️ 2019 မှာ LVMH ( Moët Hennessy Louis Vuitton ) က ကျင်းပခဲ့တဲ့ပွဲမှာ Finalist အထိပါဝင်ခဲ့ပြီး 2020 Fall Collection မှာ နာမည်ကြီး မော်ဒယ်တစ်ဦးဖြစ်တဲ့ Naomi Campbell က Ize ရဲ့ ဒီဇိုင်းကို ဝတ်ဆင်ပြီး Runway ပေါ်မှာ လျှောက်ပေးခဲ့ရလောက်တဲ့အထိ အရမ်းကိုအောင်မြင်ပြီး တော်တဲ့ ဒီဇိုင်နာတစ်ဦးဖြစ်တာမို့ ကျိန်းသေ Follow လုပ်ထားသင့်ပါတယ်နော်…
▪️သူရဲ့ သုံးသွားတဲ့ Fabric က အမတို့ဆီက ချည်ထည်တွေနဲ့ ဆင်တူတာမို့ အခုက မြန်မာမှာ ချည်ထည်တွေ အရမ်းခေတ်စားနေတာမို့ သူဒီဇိုင်းတွေ တော်တော်လေ့လာသင့်တယ် ချည်ဗြောင်တွေကြီး ထုတ်နေကြမယ့်အစား ချည်ကို အခုလို ပုံစံသစ်ဆန်းပြီး ပြုလုပ်သင့်တယ်နော်…
Website ကဆို ဒီမှာ သူလုပ်ခဲ့တဲ့ Collection တွေကြီး ကြည့်လို့ရတယ်နော် – https://www.vogue.com/fashion-shows/designer/kenneth-ize
3️⃣ Chopova Lowena
Instagram- https://instagram.com/chopovalowena?utm_medium=copy_link
▪️ Emma Chopova နဲ့ Laura Lowena က Central Saint Martins မှာ တက်ရင်း စတင်တွေ့ဆုံခဲ့ကြပြီးတော့ သူတို့ (၂) ဦးရဲ့ နာမည်တွေပါတဲ့ Chopova Lowena ဆိုတဲ့ Brand ကို အတူတူဖန်တီးခဲ့ကြပါတယ်…
▪️ သူတို့ Brand ရဲ့ ထူးခြားချက်ကတော့ ဘူဂေးရီးယား နိုင်ငံမှာရှိတဲ့ လူတွေ သိပ်စိတ်မဝင်စားတော့တဲ့ ” Local Vintage Fabric ” တွေကို ရောစပ်ပြီး အဝတ်အစား ဒီဇိုင်းတွေ ဖန်တီးခဲ့ကြပါတယ်…
▪️ နောက်ပြီး သူတို့ရဲ့ Brand ကို ဘူဂေးရီးယား နဲ့ အင်္ဂလန် တို့မှာ ရောင်းချခဲ့ရင်းနဲ့ အရမ်းကို အောင်မြင်ပြီး လူသိများလာတဲ့ Brand တစ်ခုဖြစ်ပါတယ်…
Website ကဆို ဒီမှာ သူလုပ်ခဲ့တဲ့ Collection တွေကြီး ကြည့်လို့ရတယ်နော် – https://www.vogue.com/fashion-shows/designer/chopova-lowena
နောက်ထပ် နာမည်ကြီး Designers Part-2 ဆက်ရန်ရှိ
❓ ထပ်ပြီး သိချင်ကြသေးလား ❓Comment လေးမှာ ရေးပေးသွားပါအုန်းနော် 🥰
ကဲ… ဒီနေ့တော့ ဒီ ဒီဇိုင်နာတွေရဲ့ ပုံတွေ ၊ သူတို့ ဖန်တီးထားတာလေးကို လေ့လာထားလိုက်ကြပါဦးနော် …
နောက်တစ်ခေါက်မှာလည်း ဘယ်လို ဒီဇိုင်နာတွေ ၊ ဘယ်လို Brand တွေကို inspired ရအောင် ဖော်ပြပေးမလဲဆိုတာ စောင့်မျှော်ပေးကြပါဦးနော် 🔜🔜🔜
ကဲ…. ဒါဆို နောက်နေ့နောက်နေ့တွေမှာတော့ ဘယ်လို ” 𝐅𝐚𝐬𝐡𝐢𝐨𝐧 𝐓𝐢𝐩 ” လေးတွေ မျှဝေပေးအုန်းမလဲဆိုတာ စောင့်မျှော်ကြည့်ရူအားပေးကြပါအုန်းနော်👩🏻🏫
♥️ မိမိအတွက် အကျိုးရှိတယ်ဆို မိမိနှင့် ဝါသနာတူ သူငယ်ချင်းလေးတွေအတွက်လည်း 𝐋𝐢𝐤𝐞 & 𝐒𝐡𝐚𝐫𝐞 လေးနဲ့ ပြန်လည်မျှဝေပေးဖို့ မမေ့ကြနဲ့နော် ♥️
𝐓𝐡𝐚𝐧𝐤 𝐘𝐨𝐮 👩🏻🏫
𝐙𝐮𝐞𝐳𝐮𝐞 𝐙𝐢𝐧( 𝐅𝐚𝐬𝐡𝐢𝐨𝐧 𝐈𝐥𝐥𝐮𝐬𝐭𝐫𝐚𝐭𝐨𝐫 )
𝐙𝐮𝐞 – 𝐌𝐲 𝐈𝐥𝐥𝐮𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐃𝐢𝐚𝐫𝐲 ✍🏻✍🏻✍🏻
Fashion Illustration by His’s & Her’s