♻️ အိမ်မှာ အသုံးမလိုတော့တဲ့ ပစ္စည်းလေးတွေနဲ့ ” Fashion board & Pen Cup ” လေး တွေလုပ်လိုက်တဲ့အခါ♻️
✔️ ဈေးကြီးတဲ့ အိမ်မက်တွေကို အကောင်ထည်မဖော်နိုင်ခင်မှာ မလိုအပ်ဘဲ ငွေတွေ ထုတ်မသုံးကြစေဖို့ စေတနာဖြင့် ကိုယ်တိုင် ကျင့်သုံးခဲ့တဲ့ တန်ဖိုးနည်း ချစ်စရာလေးတွေ ✔️
👇👇👇👇
📆 အိမ်မှာ နှစ်လွန်နေတဲ့ စားပွဲတင်ပြကဒိန်လေးတွေ ပစ်လိုက်ကြမယ့်အစား မလိုတဲ့စာရွက်လေးတွေ ဖြုတ်ပြီး ကိုယ့် ဖန်တီးချင်တဲ့ Fashion တစ်ခုအတွက် အခုလိုလေး ကြိုတင် Board လေးလုပ်ထားတော့ ဆွဲတဲ့အခါ စိတ်တွေ မလွှင့်ဘဲ တစ်ခုတည်း အာရုံစိုက်လို့ရပီးပေါ့ 📆
✂️ ဘာမှမခက်ဘူးနော် ကိုယ်ကြိုက်တဲ့ လိုချင်တဲ့ပုံလေးတွေ ကတ်ကြေးလေးနဲ့ညပ်ပီး ကော်လေးနဲ့ကပ်လိုက်ရုံဘဲ… 🗓️
🍹 နောက်ပြီး Bubble Tea ကြိုက်တဲ့သူလေးတွေ ရှိကြလား 🥛
▪️တစ်ချို့ဆိုင်က အအေးခွက်လေးတွေက မာမာလေးနဲ့ Quality ကောင်းရင် သောက်ပီး အမှိုက်အနေနဲ့ လွှင့်ပစ်လိုက်ကြမယ့် အစား ဆေးကြောပီး အခုလို ကိုယ့်စားပွဲပေါ်မှာ ပျံ့ကြဲနေတဲ့ Pen တွေ Pencil တွေ Markers တွေကို စုစည်းပြီး ထည့်လိုက်တော့ အမှိုက်ကနေ ချစ်စရာ Pen ခွက်လေး ရပီးပေါ့ ဒီတော့ ဈေးကြီးတဲ့ Pen ခွက်လေးတွေအတွက်လဲ ငွေမကုန်တော့ဘူးပေါ့ 🙀🙀🙀
♻️ ကဲ ဒါဆို လွှင့်မပစ်ဘဲ Recycle အနေနဲ့ Fashion board လေးရယ် Pen cup လေးတွေအဖြစ် ပြန်သုံးကြပါနော် ♻️
အသုံးပြုထားတဲ့သူလေးတွေရှိရင် Comment လေးမှာ ပြပေးကြပါအုန်းနော် 👇👇👇
🖤💙Turning Your Passion into Fashion 💙🖤
Fashion Illustration By His’s & Her’s 🌹🌹🌹