𝐁𝐞𝐠𝐢𝐧𝐧𝐞𝐫 𝐁𝐨𝐝𝐲 𝐅𝐢𝐠𝐮𝐫𝐞 𝐒𝐤𝐞𝐭𝐜𝐡

👉 Beginner Body Figure Sketch 👈
ကဲ ဒီနေ့လေးမှာတော့ အားလုံး အိမ်မှာနေရင်း Dress Design Sketch လေးတွေဆွဲတဲ့အခါမှာ Body Figure လှလှလေးတွေနဲ့ အလွယ်တကူ ဆွဲနိုင်စေဖို့ အခုလို Body Figure ထုတ်နည်း အလွယ်နည်းလေးကို နောက်တစ်မျိုးအားလုံးကို ဝေမျှပေးလိုက်ပါတယ်နော် 💛
ပထမတစ်မျိုး ပြောပြထားတဲ့ Video လေးပါ 👇
📍 https://fb.watch/7vut_LgIRw/ 📍
▪️အမ ကျောင်းသူဘဝတုန်းက လေ့လာတွေ့ရှိခဲ့တဲ့ အလွယ်နည်းလေးပါ ။ အမက Body Figure ထုတ်ရတာ အရမ်းကြိုက်တဲ့သူပါ Dress Design တွေအပြင် Body Anatomy ကိုပါ စိတ်ဝင်စားလို့ ထပ်တက်ခဲ့ပါတယ်။ ဒါကြောင့် အမလို စိတ်ဝင်စားမယ့်သူလေးတွေကို ကိုယ်တိုင် Figure ထုတ်တတ်အောင် ပြန်လည်ဝေမျှပေးတာပါနော် ။ နောက်ပြီး ပေတံတွေနဲ့မဟုတ်ဘဲ လက်တန်းဆွဲချင်တဲ့သူများလဲ ဒီနည်းကို များများလေ့ကျင့်ခြင်းဖြင့် တဖြည်းဖြည်း လက်တန်းဆွဲနိုင်မှာမို့ များများလေ့ကျင့်ကြပါနော်
▪️ဒီနည်းလေးတွေ အားလုံးက Iphone နဲ့သာ ပြုလုပ်ထားတဲ့ နည်းလေးတွေပါ။ ( Andriod သမားတွေအတွက်လဲ မကြာခင် ထပ်တင်ပေးမယ်နော် 🥰 )
▪️Iphone user များ အလွယ်တကူ သုံးလို့ရပါတယ်နော် ။ Iphone ရဲ့ Photo edit ထဲမှာ အလွယ်တကူ ပါပြီးသားဖြစ်လို့ တခြား App, photoshop တွေ သုံးစရာ မလိုဘဲ ကိုယ်လိုချင်တဲ့ Figure တစ်ခုကို လိုချင်ရင် အဲ့ဒီ Figure post ကို Photo ထဲဝင်ပြီး Edit လုပ်ရုံပါဘဲနော် ။
▪️သိပြီးတဲ့သူတွေလဲ သိပြီးသား ဖြစ်မှာပါ အမကျောင်းသူတစ်ချို့ကိုတော့ ပြောပြဖူးပါတယ် ။ မသိသေးတဲ့ကျောင်းသူလေးတွေ အတွက်ကိုလဲ Video လေးနဲ့ အဆင့်ဆင့် ပြုလုပ်ပုံလေး နောက်နေ့ တင်ပေးမှာမို့ စိတ်ဝင်စား သိချင်သူများ ရှိကြတယ်ဆို Comment လေးမှာ ဝင်ရေးပေးသွားပါအုန်းနော် ။

✅ အမ ဒီနေ့ မျှဝေပေးသွားတာ အကျိုးရှိတယ်ဆိုရင် Like and Share လေးလုပ်ပေးသွားပါဦးနော်
✔️ အကျိုးရှိစေမယ့်သူများထံ ပြန်လည် မျှဝေခြင်းဖြင့် ပညာကုသိုလ်ယူပါ ✔️
💙🖤 Turning your passion into fashion 🖤💙
Fashion Illustration by His’s & Her’s🌹🌹🌹