𝟐𝟎𝟐𝟐 𝐅𝐚𝐬𝐡𝐢𝐨𝐧 𝐓𝐫𝐞𝐧𝐝

2️⃣0️⃣2️⃣2️⃣ Fashion Trends 🤩
ဒီနေ့မှာတော့ အမကျောင်းသူတွေနဲ့အတူ Fashion Project လေး တစ်ခု လုပ်ရင်း အမကျောင်းသူတွေသာမက တခြားသော Clothing Brand ထုတ်လုပ်ကြမယ့် သူလေးတွေ, Fashion Designer တွေ, Clothing ကို Online shopping လုပ်နေသူတွေ, Fashion ကို စိတ်ဝင်စား သူအတွက်ပါ သိထားသင့်တဲ့ ” 2022 Fashion Trends ” လေး အကြောင်းကို လေ့လာထားသလောက်လေး ပြန်လည်မျှဝေပေးပါမယ်နော် 🙋🏻‍♀️

▪️2021 ကတော့ အဖြစ်အပျက်တွေ အများအပြားနဲ့ အတူ Fashion လောကမှာလည်း Trend အသစ်တွေ ၊ ဒီဇိုင်းအသစ်တွေ အများကြီး ပေါ်ထွက်လာခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်…
▪️ဒါကြောင့် 2021 က မကြာခင်မှာကုန်ဆုံးတော့မှာဆိုတော့ 2022 မှာ Trend ဖြစ်လာနိုင်မယ့် ဒီဇိုင်းတွေ ၊ accessories တွေ ၊ အရောင်တွေကို အမနဲ့အတူ ကြည့်ကြရအောင်နော် …. 🙋🏼‍♀️🙋🏼‍♀️
အရင် Trend တွေကို မပြောခင် တစ်ခုပြောစရာရှိပါတယ်👇
▪️ဘာလဲဆိုတော့ နိုင်ငံတကာမှာက Design Collection တွေ , Fabric တွေ , Color တွေကို ရွေးချယ်တဲ့အခါမှာ ရာသီဥတုအပေါ် မူတည်ပြီး ရွေးချယ်လေ့ရှိပါတယ် ။ အမတို့မှာတော့ နွေ,မိုး,ဆောင်း ဆိုပြီး ၃မျိုးထဲ ရှိပေမယ့်….ပြည်ပနိုင်ငံတွေမှာ ဆောင်းဦး ( Autumn ) , ဆောင်း ( Winter ) , နွေဦး ( Spring ), နွေ ( Summer )… ဆိုပြီး ၄မျိုး ရှိပါတယ်…
▪️ဒါကြောင့်လဲ Spring Summer Collection 2021 တို့ ,Fall Winter Collection 2021 ဆိုပြီး Fashion Show တွေ လုပ်နေကြတာ အားလုံး မျက်မြင်ဘဲဖြစ်ပါတယ်နော်…
▪️ဒါကြောင့် နိုင်ငံတကာမှာ Fashion Trend တစ်ခုကို Analysis လုပ်တဲ့အခါ Seasons တွေ အပေါ်လိုက်ပြီး သတ်မှတ်လေ့ရှိတာပါ…
▪️ဒါဆို အမ လေ့လာထားတဲ့ထဲက Fashion Trends တစ်ချို့ကို ဝေမျှပေးလိုက်ပါတယ်နော်…
စလိုက်ကြရအောင်… 👇

⭐️ Cabaret Inspiration ⭐️
Cabaret ဆိုတာ ၁၂ ရာစုလောက်ထဲကပေါ်ပေါက်ခဲ့ပြီး သီချင်း၊ အက၊ ရွတ်ဆိုခြင်း ( သို့မဟုတ် ) ပြဇာတ် ပါဝင်တဲ့ ဖျော်ဖြေမှုပုံစံတစ်ခုဖြစ်ပါတယ်…Cabaret ကို ဖျော်ဖြေရေးစင်မြင့်ပါဝင်တဲ့ ဘား ၊ ကာစီနို၊ ဟိုတယ်၊ စားသောက်ဆိုင် (သို့မဟုတ်) ကလပ်များမှာပြုလုပ်လေးရှိပါတယ်…

  • Cabaret fashion မှာ ပုံမှန်အားဖြင့် အရောင်ပျိုးပျိုးပျက်ပျက်လက်တဲ့ စီးကွင့် ( ဒါမှမဟုတ် ) ပုလဲလုံးတွေနဲ့ ချုပ်ထားတတ်ပါတယ်… ဝတ်စုံရဲ့အောက်နားမှာ ပုလဲလုံးတွေနဲ့ အတန်းလိုက် စီထားတဲ့ စွဲမက်စရာ ဝတ်စုံမျိုးဖြစ်ပါတယ်…

– Accessories အနေနဲ့ကတော့ အမွှေးပွခြုံထည် ၊ လက်အိတ် ၊ ခြေအိတ် စတာတွေကို ဝတ်ဆင်ပြီး Cabaret inspired လုပ်ထားတဲ့ Fashion တွေကို 2022 မှာ ပြန်လည် တခေတ်ထလာမယ့် Fashion လို့ ခန့်မှန်းထားကြပါတယ်…

⭐️ ချိန်းကြိုးများ ⭐️

  • 90 ခုနှစ်တွေရဲ့ အကြီးများဆုံး ၊ အလွှမ်းမိုးနိုင်ဆုံး Fashion Accessory Trend တစ်ခုဖြစ်တဲ့ ချိန်းကြိုးတွေကို 2021 ထဲက ပြန်လည်ဝတ်ဆင်လာကြပေမယ့် Trend တော့ဖြစ်မလာသေးပါဘူး …

– ဒါပေမယ့် 2022 မှာတော့ ချိန်းကြိုးတွေက သေချာပေါက် Fashion Trend တစ်ခုအဖြစ်တပတ်ပြန်လည်မှာ အသေအချာဖြစ်ကြောင်း Fashion Show တစ်ချို့မှာ မြင်တွေ့နေရပါတယ် …

⭐️ Cut Outs ⭐️
အဝတ်အစားတွေကို ရှိရင်းထက်ပိုပြီး ဆွဲဆောင်မှုရှိအောင် ဖန်တီးထားတဲ့ Cut Outs fashion တွေက 2022 မှာ တကျော့ပြန်လာနေပါပြီ …

  • Cut outs fashion တွေကို 1933 ခုနှစ်မှာ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံး မင်းသမီးတလက်လို့ မှတ်ယူထားကြတဲ့ ” Bette Davis ” ကစပြီး ဝတ်ဆင်ခဲ့ပါတယ်…
  • 1934 ခုနှစ်မှာ နာမည်ကျော် ဆုတွေအများကြီးကို သိမ်းပိုက်ထားတဲ့ ရုပ်ရှင်မင်းသမီး ” Mary Astor ” ဝတ်ဆင်ခဲ့ပြီး
  • 1960 ပြည့်နှစ်တွေမှာတော့ မော်ဒယ်နှင့် fitness guru ဟောင်းတစ်ယောက်ဖြစ်တဲ့ Jane Fonda ၊ မင်းသမီး Diana Rigg တို့ cut outs တွေ ဝတ်ဆင်ခဲ့ကြပါတယ်…

– 1990 ပြည့်နှစ်မှာတော့ ဆွဲဆောင်မှုအားကောင်းတဲ့ မင်းသမီး Julia Roberts ဝတ်ဆင်ခဲ့တာဖြစ်ပြီး Cut outs တွေကအခုချိန်ထိ ရိုးမသွားဘဲ 2022 မှာလည်း ကြီးမားတဲ့ Trend တစ်ခု ဖြစ်လာမယ်ဆိုတာ Fashion Show တွေက မျက်မြင်အသေအချာပါပဲ ….

⭐️ Denim ⭐️
1873 , Levi’s ကနေစတင်ခဲ့ပြီး အခုချိန်ထိဘယ်တော့ရိုးမသွားတဲ့ ဂျင်းတွေပဲဖြစ်ပါတယ်…

  • ဂျင်းတွေက 2022 မှာ ခေတ်စားလာဦးမယ့် Fabric တွေပဲဖြစ်ပါတယ်…
  • မကြာသေးမီက အမိုက်စား ဂျင်းဝတ်ရုံနဲ့ ” CL ” ကို Met Gala မှာ တွေ့မြင်ခဲ့ရပါသေးတယ်…

– 2022 မှာတော့ ဂျင်း Fabric ကို ဖန်တီးပြီး ဘယ်လို အဝတ်အစားဒီဇိုင်းတွေဖန်တီးကြမလဲဆိုတာ အမတော့ရင်ခုန်နေပါပြီ…

⭐️ Futuristic Aviator ⭐️
Futurism ဖက်ရှင်ဆိုတာ ရဲရင့်မှု၊ လှုပ်ရှားမှုနှင့်မြန်နှုန်းကိုထင်ဟပ်စေသော အဝတ်အထည်များ၊ ဒီဇိုင်းများ၊ အရောင်များနှင့် ဖန်တီးချုပ်လုပ်ထားခြင်းဖြစ်ပါတယ်…

  • ဒုတိယကမ္ဘာစစ်စတင်လာတဲ့အခါမှာ Futurism ဖက်ရှင်တွေ မှေးမှိန်သွားခဲ့ပြီး၊ စွန့်စားမှုနှင့်ခေတ်မှီမှုတို့ကို ဖန်တီးလိုတဲ့ Futurism ဖက်ရှင်ဒီဇိုင်နာများက အဝတ်အစားများကိုဆက်လက်ဖန်တီးနေကြဆဲဖြစ်ပါတယ်…

– Futuristic Aviator တွေကလည်း 2022 မှာ တဖန်ပြန်လည်နေရာယူလာကြမှာပါ…

⭐️ Greek and Roman Ages ⭐️
ရှေးခေတ် ဂရိနဲ့ ရောမခေတ်က အကျီဒီဇိုင်းတွေ ၊ dripping တွေကလည်း ဒီဘက်ခေတ် Fashion Designer တွေ အမြဲ inspired လုပ်ပြီး ချုပ်လုပ်နေကြဆဲဖြစ်ပါတယ်…

– ဖက်ရှင်က တစ်ပတ်ပြန်လည်လာပြီး 2022 မှာလည်း ဂရိနဲ့ ရောမခေတ်က ဒီဇိုင်းတွေကို inspired လုပ်ထားတဲ့ Fashion Design တွေထပ်ပြီး ခေတ်စားလာဦးမှာ အသေအချာပါပဲ…

⭐️ Leathers ⭐️
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀၀ လောက်ထဲက leather တွေက စတင်အသုံးပြုကြပေမယ့်
ဂျင်းတွေလိုပါပဲ Leather တွေကလည်း ဘယ်တော့မှမရိုးသွားမယ့် ဖက်ရှင် တစ်ခုဖြစ်နေဦးမှာပါပဲ …
Leather တွေက ချုပ်လုပ်ရခက်ခဲသလိုမျိုး ၊ ဒီဇိုင်းတွေဖန်တီးတဲ့အခါမှာ ပုံမှန် Fabric ထက်ခက်ခဲပါတယ်…

– ဒါကြောင့် 2022 မှာ Leather တွေကိုအသုံးပြုပြီး ဘယ်လိုဒီဇိုင်းတွေ ဖန်တီးကြမလဲဆိုတာ စောင့်ကြည့်ရမယ့် နှစ်တနှစ်ဖြစ်ပါတယ်…

⭐️ Oversize Wear ⭐️
COVID-19 ဖြစ်တော့ လူတွေက ပုံမှန် lifestyle တွေကနေပြီး lifestyle အသစ်တွေကို ပြောင်းလဲကြရပါတယ်… အဲ့ဒီလိုပြောင်းလဲကြတဲ့ အထဲမှာမှ လူကိုပိုပြီးတော့ သက်တောင့် သက်တာဖြစ်စေတဲ့အဝတ်အစားတွေကလည်း အရင်ကထက်ပိုပြီးနေရာယူလာကြပါတယ်…

  • Oversize Shirt တွေ ၊ Baggy pants တွေ အပြင် ၊ Oversize ဂါဝန်တွေ ၊ Oversize Hoodie တွေပါ style အဖြစ်ဝတ်ဆင်နေကြတာတွေ့ကြရမှာပါ…

– အဲ့ဒီလို oversize wear Trend တွေက 2021 မှာတင်ရပ်မသွားဘဲ 2022 ထိ ဆက်ပြီး လူငယ်တွေအကြား Trend ဖြစ်နေဦးမှာအသေအချာပါပဲ ….

⭐️ Pink Pop ⭐️

မကြာခင်ဆောင်းရာသီကိုဖြတ်သန်းကြပြီး ပူနွေးတဲ့ နွေရာသီကို ရောက်ရှိတော့မှာဆိုတော့ ပန်းရောင်တောက်တောက်လေးတွေက 2022 ရဲ့ နွေရာသီနဲ့အလိုက်ဖက်ဆုံးဖြစ်နေမှာအသေအချာပါပဲ …

⭐️ Transparency ⭐️
2021 အစောပိုင်းမှာ ပိုပြီး ခေတ်စားလာတဲ့ အင်္ကျီအပါးလေးတွေ ၊ ကိုယ်ခန္ဓာကိုယ်ကို ဖောက်ထွင်းမြင်နိုင်တဲ့ အင်္ကျီမျိုးလေးတွေကို မိန်းကလေးတော်တော်များများက Confidence ရှိရှိဝတ်ဆင်ခဲ့ကြတာတွေ့ရမှာပါ …

– အဲ့ဒီလို ဖောက်ထွင်းမြင်နိုင်တဲ့ အဝတ်အစားတွေက ဖက်ရှင်ဒီဇိုင်းခေတ်ရေစီးကြောင်းကနေထုတ်ဖော်ပြသနိုင်သောခွန်အားဖြစ်စေသောအမျိုးသမီးလှုပ်ရှားမှုတစ်ခုဖြစ်ခဲ့ပြီး 2022 အထိ Trend တစ်ခုအနေနဲ့ ဆက်ပြီးတည်ရှိနေမှာဖြစ်ပါတယ်….

🎨 2022 မှာ ခေတ်စားလာမယ့်အရောင်အနေနဲ့….🎨
Color အပိုင်းမှာတော့ တစ်ခုပြောစရာရှိပါတယ်နော်
ဘာလို့လဲဆိုတော့ Color ကို ရွေးချယ်တဲ့အခါမှာ နိုင်ငံတကာမှာက ရာသီဥတုအပေါ် မူတည်ပြီး ကာလာကို ရွေးချယ်လေ့ရှိပါတယ် ။ ဆောင်းဦး ( Autumn ) , ဆောင်း ( Winter ) , နွေဦး ( Spring ), နွေ ( Summer )… ဆိုပြီး ၄မျိုး ရှိတဲ့အတွက် Season ရဲ့ သဘာဝအပေါ်မူတည်ပြီး ကာလာကိုလဲ ပြောင်းလဲရွေးချယ်တတ်ကြပါတယ် ။ ဒီထဲကမှ Seasons ၄ မျိုးစလုံးနဲ့ လိုက်ဖက်မယ့် 2022 ရဲ့ Trend colors များကို ပြောပြပေးမယ်နော် ။
⭐️ Orchid Pink
⭐️ Earth Indigo
⭐️ Olive oil
⭐️ Luminous orange
⭐️ Ocean blue
⭐️ Marigold
⭐️ Watercolour lilac
⭐️ Buttery yellow
⭐️ Deep Almond Green
⭐️ Deep Grey
တို့ ခေတ်စားလာမှာဖြစ်တာမို့လို့ ကိုယ်ပိုင် Brand လေးတွေ ထုတ်မယ့်အခါဘဲ ဖြစ်ဖြစ် ကိုယ်တိုင် အဝတ်အစားဝယ်ယူတဲ့အခါမှာဘဲ ဖြစ်ဖြစ် အပေါ်မှာဖော်ပြထားတဲ့ အရောင်လေးတွေမရှိမဖြစ်ရွေးချယ်ရင်တော့ Trends နဲ့အညီ လှနေမှာပေါ့နော် … 🙋🏼‍♀️

❓ဘယ် Color လေးက ယူတို့အကြိုက်ဆုံးလဲ ဖြေသွားပေးကြအုန်းနော်❓
ဒီနေ့မှာတော့ အမက 2022 မှာ ခေတ်စားလာမယ့် Fashion Trend တွေနဲ့ အရောင်တွေကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်…အခုလို ကြိုတင်သိလိုက်ခြင်းအားဖြင့် 2022 မှာ Clothing Brand ထုတ်မယ့် သူလေးတွေအတွက် Design idea တွေ , ရွေးချယ်ထုတ်ဝေမယ့် Color တွေ ကြိုတင်စဉ်းစားထားလို့ရပြီးပေါ့နော်…
နောက်ပြီး Clothing ပိုင်းကို Online Shopping လုပ်နေတဲ့ သူလေးတွေလဲ ခုလို ကြိုတင်သိထားရတော့ ကိုယ်ရောင်းမယ့်အခါ Trend ဖြစ်တာလေးတွေ ယူရောင်းတော့ သူများနဲ့မတူ ပိုအောင်မြင်တာပေါ့နော်…

ကဲ…. ဒါဆို ဒီမှာဘဲ ရပ်လိုက်တော့မယ်နော် နောက်နေ့တွေမှာလဲ ဘယ်လိုအကျိုးရှိတာလေးတွေ ဝေမျှပေးအုန်းမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်နေတော့နော်…
✅ အမ မျှဝေပေးသွားတာ အကျိုးရှိတယ်ဆိုရင် Like and Share လေးလုပ်ပေးသွားပါဦးနော်
✔️ အကျိုးရှိစေမယ့်သူများထံ ပြန်လည် မျှဝေခြင်းဖြင့် ပညာကုသိုလ်ယူပါ ✔️
💙🖤 Turning your passion into fashion 🖤💙
Fashion Illustration by His’s & Her’s🌹🌹