သင်နိုင်ငံခြားမှာ 𝐅𝐚𝐬𝐡𝐢𝐨𝐧 𝐒𝐜𝐡𝐨𝐨𝐥 တက်ချင်တဲ့အခါ 𝐏𝐚𝐫𝐭 (𝟐)

💥 သင် နိုင်ငံခြားမှာ 𝐅𝐚𝐬𝐡𝐢𝐨𝐧 𝐒𝐜𝐡𝐨𝐨𝐥 တက်ချင်တဲ့အခါ Part – 2💥
📍တကယ်ဖြစ်ချင်ရင် တကယ်ကြိုးစားပါ၊
အကြောင်းပြချက်မများပါနဲ့ ၊
ကြိုးစားချင်စိတ် ၊ တကယ်ဖြစ်ချင်စိတ် ပြင်းပြရင်

တကယ် ကိုယ်လိုချင်တာ ရပါတယ် 📍

ကဲ… မျှော်နေကြတာ အရမ်းကြာသွားခဲ့ပြီးနော် အရင်တခေါက်က အမက ” နိုင်ငံခြားမှာ fashion school တက်ချင်တဲ့အခါ ” ဆိုတဲ့ Post လေးကို Part -1 လေး ပြောပြခဲ့ပြီး Part-2 လေးကိုလဲ ဆက်ပြီး မျှော်နေကြတဲ့ သူလေးများအတွက် ဒီနေ့မှာ အမက Knowledge Sharing လေးအနေနဲ့ Part-2 လေးကို ထပ်မံ မျှဝေပေးသွားမှာ ဖြစ်ပါတယ်….
Part-1 လေးကို ပြန်ဖတ်ချင်ကြတဲ့ သူလေးများအတွက် 👇👇👇
https://www.facebook.com/432554843785776/posts/1460424750998775/?d=n
ယခုတခေါက်မှာတော့ undergraduates လေးတွေ နိုင်ငံခြားမှာကျောင်းတက်ချင်တဲ့အခါမှာ ဘယ်ကျောင်းကို ရွေးချယ်သင့်လဲလို့ မေးတဲ့အတွက် ကိုယ့်တက်မယ့် ကျောင်းကို သိပြီးရင်ဘဲ ဖြစ်ဖြစ် မသိသေးလို့ ရှာဖွေချင်ရင်ဘဲ ဖြစ်ဖြစ် ဘယ်လို အချက်တွေနဲ့ ရွေးချယ်သင့်လဲ ဆိုတာကို Pdf File လေးတွေနဲ့ မျှဝေပေးသွားမှာပါ…

ကဲ… စလိုက်ရအောင်နော်….

အခုလက်ရှိ နိုင်ငံတကာမှာ Rating အကောင်းဆုံးနဲ့ လူကြိုက်များနေတဲ့ ” The World’s Top 10 Fashion Schools for undergraduates ” တွေကတော့ 👇

  1. Central Saint Martins (London, UK)
    https://www.arts.ac.uk/colleges/central-saint-martins
  2. Kingston University (London, UK)
    https://www.kingston.ac.uk/…
  3. Antwerp Royal Academy of Fine Arts (Antwerp, Belgium)
    https://ap-arts.be/en/education/fashion
  4. Parsons School of Design (New York, USA)
    https://www.newschool.edu/parsons/
  5. Fashion Institute of Technology (New York, USA)
    http://www.fitnyc.edu
  6. London College of Fashion (London, UK)
    https://www.arts.ac.uk/colleges/london-college-of-fashion
  7. Bunka Fashion College (Tokyo, Japan)
    https://www.bunka-fc.ac.jp/en/
  8. Istituto Marangoni (Milan, Italy)
    https://www.istitutomarangoni.com/…/milano-school-of…
  9. Polimoda (Florence, Italy)
    https://www.polimoda.com
  10. Instiut Francais de la Mode
    https://www.ifmparis.fr/…/degre…/bachelor-fashion-design

…… ဒီ School တွေက ခုလက်ရှိ ကျောင်းသူအတက်များဆုံး ရွေးချယ်နေတဲ့ ကျောင်းတွေ ဖြစ်ကြပါတယ် ။

ဒီကျောင်းတွေ အားလုံးထဲကမှ ဒီနေ့မှာတော့ အမ က မြန်မာလူမျိုးတွေလဲ အရမ်းသွားချင်နေပြီး မြန်မာတွေအတွက် မစိမ်းတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ နံပါတ် ၁ Fashion School ဖြစ်တဲ့ ” Bunka Fashion College ” အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်…
အမကိုယ်တိုင်လဲ အဲ့ဒီကျောင်းလေးကို အရမ်းသဘောကျလို့ အမတို့ အိမ်နီးချင်းနိုင်ငံက ထိုင်းမှာ လာဖွင့်လှစ်ထားတဲ့ Bunka Fashion College ကျောင်းခွဲလေးမှာ Fashion Illustration ဘာသာရပ်လေးကို တက်ရောက်ခဲ့ပါတယ်…
🏢 Bunka Fashion College 🏢
Bunka Fashion College (ka 服装学院, Bunka Fukusō Gakuin) ဆိုတာက ဖက်ရှင်ဒီဇိုင်းနှင့်ပတ်သက်တဲ့ ဘာသာရပ်များကိုအထူးပြုသင်ကြားပေးတဲ့ ဂျပန်အသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်ပါတယ်…
▪️Bunka Fashion College ဟာဆိုရင် (၂၀၁၈) ခုနှစ်မှာ Fashionista မဂ္ဂဇင်းရဲ့ အာရှတွင် အကောင်းဆုံးဖက်ရှင်ကျောင်းအဖြစ် အသိအမှတ်ပြုခြင်းကို ခံထားရပြီး ကမ္ဘာပေါ်ရှိအကောင်းဆုံးဒီဇိုင်းကျောင်း (၅၀) ထဲတွင် အဆင့် ( ၈ ) ၊ ဂျပန်နိုင်ငံတွင်းတွင် အဆင့်(၁) ရရှိထားတဲ့ ကျောင်းလည်း ဖြစ်ပါတယ်။
▪️Bunka က တိုကျို၊ Shinjuku မြို့မှာ အဓိက ကျောင်းတည်ရှိပြီး ဂျပန်တစ်ဝှမ်းလုံးမှာ ကျောင်းခွဲပေါင်း ( ၇၀ )ကျော်လောက်ရှိပါတယ်…
▪️Bunka ကို 1919 ခုနှစ်မှာ Isaburō Namiki မှ စတင်တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံမှာ ပထမဆုံး တည်ထောင်ခဲ့တဲ့ ဖက်ရှင် ဒီဇိုင်းကျောင်းလည်း ဖြစ်ပါတယ်… အခုဆိုရင် ကျောင်းရဲ့ သက်တမ်းက နှစ်ပေါင်း ( ၁၀၂ ) နှစ်ရှိပါပြီ …
▪️စစချင်း တည်ထောင်တဲ့အချိန်က မိန်းကလေးသီးသန့် အဝတ်အစားများ ချုပ်လုပ်တဲ့ကျောင်းအဖြစ်စတင်ခဲ့ပြီး Namiki Dressmaking School လို့ခေါ်ခဲ့ကြပါတယ်…
▪️၁၉၃၆ ခုနှစ်မှာမှ ကျောင်းရဲ့အမည်ကို Bunka Fashion College အဖြစ်ပြောင်းပြီး
ဂျပန်နိုင်ငံရဲ့ ပထမဆုံးဖက်ရှင်မဂ္ဂဇင်း So-en ကိုစတင်ထုတ်ဝေခဲ့ပါတယ်…
▪️Bunka မှာ ဖက်ရှင်ဒီဇိုင်း၊ ဖက်ရှင်နည်းပညာ၊ ဖက်ရှင်ဈေးကွက်နှင့်ဖြန့်ဖြူးရေး၊ ဖက်ရှင်အသုံးအဆောင်များနှင့်ချည်ထည်များကို အာရုံတစိုက် နဲ့ လေ့လာနိုင်ဖို့အတွက် ရွေးချယ်စရာ Program ပေါင်းများစွာ ရှိပါတယ်…
▪️ ကျောင်းသားကျောင်းသူများရဲ့ တက်ကြွမှုနဲ့ တိုးတက်မှုတို့ကို အလေးထားပြီး အဓိကကျောင်းဝင်းထဲမှာတော့ စာကြည့်တိုက် ၊ ဝတ်စုံပြတိုက် နဲ့ အခြားသော Fashion နဲ့ပတ်သက်တဲ့ သင်ထောက်ကူဖြစ်စေမယ့် လေ့လာစရာနိုင်ရန် ထည့်သွင်းတည်ဆောက်ပေးထားပါတယ်…
▪️(၂၀၁၂) ခုနှစ်ကိုရောက်တဲ့အချိန်မှာ အိမ်နီးချင်းနိုင်ငံများက ကောလိပ်များနှင့်ချိတ်ဆက်ပြီး

နိုင်ငံခြားကျောင်းသားများအတွက် ရည်ရွယ်၍ ဖက်ရှင်လေ့လာရေး မာစတာအဆင့်သင်တန်းကို ဖွင့်လှစ်ပေးခဲ့ပါတယ်… အဲ့ဒီလိုသင်တန်းမျိုးတွေကို Global Fashion Concentration လို့ခေါ်ပြီး အင်္ဂလိပ်ဘာသာဖြင့်အဓိက သင်ကြားပေးပါတယ်…

ဒီနေရာမှာ Bunka Fashion College မှာ အဓိကသင်ကြားပေးနေတဲ့ Department များကို အမအနည်းငယ်ပြောပြပေးမှာဖြစ်ပါတယ်…
✔️Fashion Creation Department ✔️
▪️အထည်ချုပ်ဖန်တီးမှု ၊ Fashion Creation အတန်းတစ်တန်းကို (၂) နှစ်ကြာမြင့်မှာဖြစ်ပြီးကျောင်းသား၊ ကျောင်းသူများအနေနဲ့ အဝတ်အစားဖန်တီးတဲ့နေရာမှာလိုအပ်တဲ့ Ability နဲ့ knowledge တို့ကိုရရှိမှာဖြစ်ပါတယ်…
▪️(၂) နှစ်သင်တန်းပြီးဆုံးသွားသူများအနေနဲ့
ကိုယ့်ရဲ့ အရည်အချင်းကို ပိုပြီးတိုးတက်ချင်တယ်ဆိုရင်တော့ တတိယနှစ်အဆင့်မြင့်အတန်းကိုဆက်ပြီးတက်ရောက်လို့ရပါတယ်…

▪️အခြား College တွေ ၊ University Intensive တွေဘွဲ့ရပြီး ကိုယ့်ရဲ့ အရည်အချင်းပိုတိုးတက်ဖို့ တက်ရောက်ချင်တယ်ဆိုပါက Garment Creation လို့ခေါ်တဲ့ တစ်နှစ်သာ တက်ရောက်ဖို့လိုတဲ့ အတန်းလည်းရှိပါတယ်…

✔️Fashion Technology Department✔️
▪️လေးနှစ်သင်တန်းဖြစ်တဲ့ Creative Design Advanced Diploma သင်တန်းက အဝတ်အထည်နယ်ပယ်မှာ စီမံခန့်ခွဲမှု နဲ့ ထုတ်လုပ်မှု အဆင့်များတွင် ဦးဆောင်နိုင်ဖို့အတွက် လေးနှစ်တာသင်ကြားပေးတဲ့ အတန်းဖြစ်ပါတယ်…

▪️ကျောင်းသား ၊ ကျောင်းသူများ အတွက် သူတို့ကိုယ်ပိုင်နယ်ပယ်ကိုတိုးတက်စေရန် ၊ အခြေခံနှင့်အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို ကျယ်ပြန့်စွာရရှိနိုင်ရန်အတွက် သုံးနှစ်တာ သင်ကြားပေးတဲ့သင်တန်းများလည်းရှိပါတယ်…

✔️Fashion Marketing and Distribution Department ✔️
▪️Global Fashion Business Advanced Diploma ကိုရရှိမှာဖြစ်ပြီး နိုင်ငံတကာဖက်ရှင်အဆင့်အထိ ဖက်ရှင်လုပ်ငန်းကို ဖန်တီးလုပ်ကိုင်လိုသူများအဓိကတက်ရောက်သင့်တဲ့လေးနှစ်တာသင်တန်းဖြစ်ပါတယ်…
▪️Styling နဲ့ Distribution ကိုအခြေခံအနေနဲ့ နှစ်နှစ်သင်ကြားပေးပြီး ကျောင်းသား ၊ ကျောင်းသူများကို ပထမနှစ်မှာ ဖက်ရှင် ၊ ဖက်ရှင်ဈေးကွက်ရှာဖွေခြင်းနှင့်ဖြန့်ဖြူးခြင်းဆိုင်ရာအခြေခံသင်တန်းကိုသင်ပေးမှာဖြစ်ပါတယ်…

▪️ဒုတိယနှစ်မှာ ကျောင်းသားကျောင်းသူကိုယ်ပိုင် အထူးပြုထားတဲ့ဘာသာရပ်များတိုးတက်စေရန်အတွက် အထူးသင်တန်းများကိုတက်ရောက်လို့ရပါတယ်… နောက်ထပ်တစ်နှစ်ထပ်တက်ရတဲ့ အဆင့်မြင့်သင်တန်းတစ်ခုလည်းရှိပါတယ်…

Bunka Fashion College ရဲ့ အားသာချက်လေးတွေကတော့ 🤩
✔️ ဒီဇိုင်နာများနှင့်ဖက်ရှင်ဒီဇိုင်နာများအတွက် ကျောင်းတက်ရန် သင့်တော်တယ်လို့ မှတ်ချက် ပြုထားခံရတဲ့ ကမ္ဘာ့အသိအမှတ်ပြု ပညာရေးအဖွဲ့အစည်းဖြစ်ခြင်း
✔️ ကမ္ဘာကျော်ဆရာများက သင်ကြားပေးခြင်း
✔️ နာမည်ကျော် ဒီဇိုင်နာများ မွေးထုတ်ပေးနိုင်ခြင်း
✔️ ဖက်ရှင်ကျောင်းအဆင့်သတ်မှတ်ချက်များတွင်အမြဲ Ranking ကောင်းမွန်ခြင်း
✔️ ကျောင်းခွဲများ များပြားခြင်း
✔️ ကျောင်းတွင်းအသုံးပြုသော သင်ထောက်ကူပစ္စည်းနှင့်နည်းပညာအခြေခံကိုနှစ်စဉ်အဆင့်မြှင့်တင်ခြင်း
✔️ ရွေးချယ်စရာ program များပြားခြင်းကြောင့် မိမိ ကြိုက်နှစ်သက်ရာ ဝါသနာနှင့် ကိုက်ညီရွေးချယ်နိုင်ခြင်း
✔️ ကျောင်းတက်နေတဲ့ သင်တန်းကာလအတွင်း နိုင်ငံတကာ Fashion Company များတွင် အလုပ်အကိုင် ရရှိနိုင်ချေ များပြားခြင်း
ဒါပေမယ့် အခုလောလောဆယ်မှာတော့ Bunka Fashion College Japan ကို နိုင်ငံတကာက လာတက်ကြတဲ့ ကျောင်းသူ၊ ကျောင်းသားများထဲမှာ မြန်မာကျောင်းသား ( ၁၀ ) ယောက်ခန့်သာရှိပါသေးတယ်….
နောက်ပြီး ကိုယ်က ဂျပန်မသွားချင်ဘူးဆိုရင်လဲ တခြား Bunka Fashion College က ကျောင်းခွဲတွေကို ဂျပန်နိုင်ငံတွင်သာမက နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး ကျောင်းခွဲတွေလည်း ဖွင့်လှစ်ထားပါသေးတယ်။
▪️Bunka Fashion School Taipei, Taiwan
▪️Bunka Fashion School Singapore
▪️Bunka Fashion School Thailand
▪️Bunka Fashion School Seoul ,Korea
နှစ်စဉ် Apirl မှာ Semester အသစ်တစ်ခုကို စတင်လေ့ရှိပြီး ကျောင်းက Tokyo မြို့တော်မှာတည်ရှိတာကြောင့် နေထိုင်စရိတ်အခန်းငှါးရမ်းခ စရိတ်ကိုပဲ တစ်လကို $ 500 ကနေ 700 ကြား ကျသင့်ပါတယ်… စားစရိတ် ၊ သွားလာစရိတ် ၊ အခြားအသုံးစရိတ်များအပြင် ကျောင်းသား၊ ကျောင်းသူများအနေနဲ့ စက်ချုပ်စက်လိုမျိုး ၊ ပိတ်စလိုမျိုး ပစ္စည်းတွေဝယ်ယူသုံးစွဲရမှာဖြစမတာကြောင့် ကျောင်းသွားမတက်ခင် အသုံးစရိတ်များအတွက် ကြိုတင် နားလည်သူတွေနဲ့ တိုင်ပင်ပြီး အစီအစဉ်လေး သေချာပြုလုပ်သင့်ပါတယ်…
📍သေချာတာတစ်ခုကတော့ ဂျပန်က အဲ့ဒီကျောင်းမှာ သွားတက်တော့မယ်ဆိုရင် အမတို့ ဂျပန်ဘာသာစကားကို N-2 Level နှင့်အထက် ရှိရပါမယ် ။ N-2 အထက် မရှိသေးရင်တော့ အရင်ဆုံး Japanese Language school ကို အရင် တက်ပြီးမှ သာ ဒီကျောင်းမှာ တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်…. 📍
📍ဂျပန်မှာက Language School တက်နေချိန်သာ ကျောင်းတက်နေရင်း Part time job လုပ်ဖို့ ခွင့်ပြုထားပေမယ့် အခုလို Fashion School လိုကျောင်းတွေ တက်ရောက်ချိန်တော့ အလုပ်လုပ်ခွင့်ပြုထားတာမျိုးတော့ အခုလောလောဆယ် မရှိသေးပါဘူး…📍
Facebook ကနေ လေ့လာချင်ရင်တော့ 👇
https://m.facebook.com/bunkafashioncollege/
အောက်က ပုံအလန်းလေးတွေကိုလဲ ရင်သတ်ရူမောဖွယ် မြင်တွေ့ရမှာပါနော်….
ဒါကတော့ ဂျပန်မှာ Fashion School ကျောင်းသွားတက်ချင်တဲ့ ကျောင်းသူများအတွက် မျှဝေပေးရခြင်း ဖြစ်ပါတယ်နော်…

#photocredit-Bunka Fashion College Facebook & Google

နိုင်ငံတကာက ရွေးချယ်လို့ အသင့်ဆုံး ၊ လူကြိုက်အများဆုံးနှင့် ပညာရှင်တွေ အများဆုံးထွက်တဲ့ ကျောင်းများကို စနစ်တကျလေး နိုင်ငံလိုက်စုပေးတထားတာမို့ လိုချင်တယ်၊သိချင်တယ်ဆိုရင်တော့ Like and Share လုပ်ပီး Comment လေးမှာ #Thebestfashionschool လို့ မန့်ခဲ့ပေးနော် Admin တွေက Pdf File လေးတွေကို အမြန်ဆုံး ပို့ပေးမှာ ဖြစ်ပါတယ်နော် 🙋🏻‍♀️
နောက်ထပ် Part -3 လေးမှာတော့ အမတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ရှိတဲ့ နာမည်ကြီး ကျောင်းလေးတွေအကြောင်းကို ပုံစံအသစ်တစ်မျိုးနဲ့ ထပ်ပြီး မျှဝေပေးမှာ ဖြစ်လို့ ရင်ခုန်စွာ စောင့်မျှော်နေတော့နော်…

Coming Soon….. Part -3
✅ အမ မျှဝေပေးသွားတာ အကျိုးရှိတယ်ဆိုရင် Like and Share လေးလုပ်ပေးသွားပါဦးနော်
✔️ အကျိုးရှိစေမယ့်သူများထံ ပြန်လည် မျှဝေခြင်းဖြင့် ပညာကုသိုလ်ယူပါ ✔️
💙🖤 Turning your passion into fashion 🖤💙
Fashion Illustration by His’s & Her’s🌹🌹🌹