What is Fast Fashion

🔥 What is Fast Fashion 🔥
ယနေ့ခေတ် အမျိုးသမီး တော်တော်များများရဲ့ အဝတ်ဗီရို ထဲမှာ 85% လောက်နေရာယူထားတာဟာ Fashion Fashion တွေဆိုတာ အမတို့ ငြင်းပယ်လို့ ရနိုင်မှာမဟုတ်ပါဘူး … ယူတို့ရဲ့ အဝတ်ဗီရို ထဲမှာရော Fast Fashion တွေ ဘယ်လောက် နေရာယူထားပြီလဲ ❓

အမတို့ ဒီနေ့မှာတော့ Fast Fashion အကြောင်းကို ကောင်းကျိုး၊ ‌ဆိုးကျိုး၊ ဘယ်လို ဖြစ်ပေါ်လာတာလဲနဲ့ ကမ္ဘာ ပေါ်မှာလက်ရှိ popular အဖြစ်ဆုံး Fast Fashion Brands တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ် 👇🏻

✔️ Fast Fashion ဆိုတာဘာလဲ ✔️

  • High – Fashion Design တွေ လက်ရှိမှာ Trendy ဖြစ်နေတဲ့ clothing တွေကို ရွေးချယ်စရာ ဒီဇိုင်းအစုံလင် နဲ့ ဈေးနှုန်းသက်သက်သာသာ ရရှိနိုင်တဲ့ Fashion ပဲဖြစ်ပါတယ်…
  • ဒါပေမဲ့ တစ်ချို့ Fast Fashion တွေက ဈေးအရမ်း သက်သာတဲ့ အတွက် quality လည်း ညံ့ပြီး ခိုင်ခံ့ မှုအားနည်းပါတယ် ဒါ့အပြင် ရေရှည် အသုံးမခံတဲ့ အတွက်လည်း ဆိုးကျိုးတွေ များရပါတယ်…
  • Fast Fashion တွေက အဓိကအနေနဲ့ ဈေးသက်သာတာ၊ အချိန်တိုင်း ဒီဇိုင်းသစ်တွေထွက်နေတာ ကြောင့် Budget save ချင်တဲ့ သူတွေ၊ Trend နောက်လိုက်တဲ့ သူတွေနဲ့ stylist တွေ social influencer တော်တော်များများက ရွေးချယ်လေ့ရှိကြပါတယ်…
  • Fast Fashion တွေက တစ်ခြားသော Fashion တွေထက် Trend နဲ့တစ်ပြေးညီ ဒီဇိုင်းသစ် တွေလည်း အပါတ်စဉ်ထွက်နေရတဲ့အတွက် ရောင်းချသူတွေက အချိန်နဲ့အမျှ တန်နဲ့ချီတဲ့ အထည်တွေကို ထုတ်လုပ်နေကြရပါတယ်…
  • Fashion က တစ်ဖြေးဖြေး ခေတ်စားလာပြီး Trend ရေစီးကြောင်း ကလည်း မြန်လာတာနဲ့အမျှ Fast Fashion Brands တွေကလည်း ပိုပို ပြီးများလာပါတယ် Zara ( Founded 1975), H&M (Founded 1947), New Look, Shein, Uniqlo, GAP, Topshop, Esprit, Forever 21, Fashion Nova, Nike စတာတွေကတော့ Fast Fashion လောကရဲ့ ထိပ်တန်းဈေးကွက်မှာ ရပ်တည်နေကြတဲ့ လူကြိုက်များတဲ့ Brands တွေပဲဖြစ်တယ်….

✔️Fast Fashion တွေက သဘာဝပါတ်ဝန်းကျင်အပေါ် ဘယ်လို သက်ရောက်မှုတွေရှိသလဲ ✔️

  • Fast Fashion ထုတ်ကုန်တွေ များပြားလာတာနဲ့အမျှ သဘာဝပါတ်ဝန်း ကျင် ပျတ်စီးမှုကိုလည်း ဖြစ်ပွားစေပါတယ်…
  • Fast Fashion တွေကိုကြိုက် နှစ်သက်တဲ့သူတွေ အနေနဲ့ သူ့ရဲ့ ဆိုးကျိုးတွေကိုလည်း မေ့ထားလို့မရပါဘူး…
  • ဈေးသက်သက်သာသာ နဲ့ထုတ်လုပ်နိုင်ဖို့ Sweatshops လိုမျိုး အလုပ်သမားတွေ အပေါ် ခေါင်းပုံဖြတ် လုပ်အားခလည်း အဆမတန်နည်းပါးတဲ့ စက်ရုံတွေလည်း အများပြားပေါ်‌ပေါက်လာခဲ့ပါတယ်…
  • Fast Fashion စက်ရုံတွေကနေ ထွက်ရှိတဲ့ ဆိုးဆေးတွေ၊ ဓာတုပစ္စည်း တွေကြောင့်လည်း ရေထုနဲ့ မြေဆီလွှာကို ပျတ်စီးစေပါတယ် စက်ရုံက မလိုအပ်လို့ မီးရှို့ ဖျတ်ဆီး လိုက်တဲ့ အဝတ်တွေက ထွက်တဲ့ ဓါတ်ငွေ့တွေကတစ်ဆင့်လည်း Greenhouse Gas ယိုစိမ့်မှုကို ဖြစ်ပေါ်စေတယ်…
  • ဒ့ါ အပြင် Fast Fashion တွေက ရေရှည်အတွက် အသုံးမခံတဲ့အတွက် နှစ်စဉ်နှစ်တိုင်း တန်နဲ့ ချီတဲ့ အသုံးမပြုတော့တဲ့ အဝတ်အစားတွေက ကမ္ဘာ့မြေထု ဆုံးရှုံးမှုတွေ ဖြစ်စေတယ် …
  • ဒီအချက်တွေကြောင့် Fast Fashion တွေကို ” The dirtiest Industry in the world” လို့တောင် တစ်ချို့က တင်စားခေါ်ဝေါ်ကြတယ်…
  • သို့ပေမဲ့ Fast Fashion ဈေးကွက်က ကမ္ဘာ့ ဖက်ရှင်ဈေးကွက်မှာ နှစ်စဉ်နှစ်စဉ် 7% လောက် တိုးပွားနေဆဲ ‌ဖြစ်ပါ‌တယ်…

✔️ Fast Fashion တွေက ဘယ်လို ပေါ်ပေါက်ခဲ့တာလဲ ✔️

  • 1800s အစောပိုင်းလောက်မှာ Sewing machine တွေ Textile machine တွေ စတင်ပေါ်ပေက်လာတာနဲ့အမျှ Ready made အထည်တွေ စက်ရုံတွေကလည်း တစ်ဖြည်းဖြည်း ပေါ်ပေါက်လာခဲ့တယ်…
  • အဲ့ဒီနောက် ဒုတိယ ကမ္ဘာစစ်ကြီး ပြီး‌တဲ့နောက် လူတွေက ဖက်ရှင် Trends နဲ့ styles တွေကို စိတ်ဝင်စားမှု များလာခဲ့တယ်…
  • ဈေးနှုန်းချိုသာ၊ ဝယ်ယူရလည်း လွယ်ကူ ပြီး ချုပ်လုပ်ပြီးစီးတာလည်း မြန်ဆန်တဲ့ Fast Fashion တွေကလည်း နေရာရလာခဲ့တယ်…
  • 20 ရာစု အစောပိုင်း ဖက်ရှင်ဈေးကွက် မှာ ဒီဇိုင်နာတွေက က ‌Spring, Summer, Autumn, Winter ရာသီလေးရာသီ အတွက် ဒီဇိုင်းတွေကို အချိန်ယူ Fitting ချပြီး ချုပ်လုပ်ခဲ့ရာကနေ 1960 နဲ့ 1970 လောက်ရောက်တဲ့အခါ လူယ်တွေက ကိုယ်ပိုင် new Trends တွေ ဖန်တီး လာကြပြီး ဈေးသက်သာ ကုန်ကျစရိတ်နည်းတဲ့ အဝတ်အစားတွေကို ရွေးချယ် ဝယ်ယူရာကနေ Fast Fashion ဆိုပြီး ခေတ်စားလာခဲ့တယ်….
  • အဲ့ဒီနောက် 1990 နဲ့ 2000 အစောပိုင်းမှာ အမေရိကန်မှာ Fast Fashionဈေးကွက် က တစ်ဟုန်ထိုး တိုးတက်လာပြီး Zara, H&M, Primark, Topshop တို့လို Brands တွေကလည်း Europe တစ်ဝှမ်းမှာ စတင် အခြေစိုက် ခဲ့ကြတယ်…
  • ဒီလိုနဲ့ Fast Fashion ဈေးကွက်က 20 ရာစု အကုန်ပိုင်းကစပြီး ရေပန်းစား ခေတ်စား‌ လာခဲ့ရာက အခုချိန်ထိ တိုင်အောင်ပဲဖြစ်တယ်…

✔️ Fast Fashion တွေက ရတဲ့ အကျိုးများ ✔️

  • ‌ငွေချွေတာချင်တဲ့ သူတွေ၊ ဝင်ငွေ နည်းတဲ့ သူတွေ အတွက် Budget save ဖြစ်သလို ဖက်ရှင်ကျကျ ဝတ်ဆင်နိုင်စေပါတယ် …
  • Trend နဲ့အညီ ဝတ်ချင်သူ တွေ ခေတ်လူငယ်တွေ အတွက် Fast Fashion တွေက ကုန်ကျစရိတ်နည်းနည်း နဲ့ အမြဲတမ်း ဝယ်ဝတ် နိုင်တဲ့ Fashionပဲဖြစ်ပါတယ်…
  • အမြဲတမ်း ဒီဇိုင်းသစ်တွေ ထွက်နေတဲ့ အတွက် The lastest trend တွေကိုလည်း လေ့လာဖြစ်ပြီး ကိုယ့်ရဲ့ Fashion Sense ကိုလည်း တိုးတက်စေတယ်…
  • Fast Fashion တွေက eco-friendly ဖြစ်တဲ့ Fashion မဟုတ်ပေမဲ့လည်း ဈေးသက်သာပြီး ဖက်ရှင်ကျတဲ့ အတွက် အခုချိန်ထိအောင် လူကြိုက်များနေတဲ့ Fashion အမျိုးအစားတစ်ခု အဖြစ်ရပ်တည်နေပါတယ်…
  • အခု နောက်ပိုင်းတွေမှာလည်း Zara, Uniqlo တို့လို Fast Fashion Brand အကြီးတွေက သဘာဝပါတ်ဝန်းကျင် အတွက် Fast Fashion အစား eco-friendly ဖြစ်စေတဲ့ Natural fibers တွေနဲ့ အဝတ်အထည်တွေကို ဦးတည်နေပြီလည်း ဖြစ်တယ်…

✔️ Fast Fashion တွေကို ဘယ်လို လျော့ချသုံးစွဲ မလဲ ✔️

  • အဓိက အချက်အနေနဲ့ကတော့ “Buy Less” ပါပဲ “တန်ဆေး လွန်ဘေး” ဆိုတဲ့စကားပုံအတိုင်း လိုအပ်သလောက်ကိုသာ ရွေးချယ် ဝယ်ယူသင့်ပါတယ် ဒီလိုနည်း နဲ့မြေလွှာ ဆုံးရှုံး မှုကို လျော့ချနိုင်ပါတယ်…
  • သဘာဝက ရတဲ့ organic Fibers တွေ Natural fibers တွေနဲ့ ရက်လုပ်ထားတဲ့ အဝတ်အစား တွေကို ရွေးချယ်ကြမယ် Organic Fibers တွေကို အသုံးများတာက organic food တွေကို စားသုံးတာလိုပဲ ကိုယ်တိုင်ရော သဘာဝကိုပါ အကျိုးပြုပါတယ်…
  • Recycle fibers တွေ linens တို့လို ထုတ်လုပ်တဲ့ အခါမှာရေ ကို အများကြီး သုံးဖို့မလိုတဲ့ Fibers တွေကိုလည်း အဓိကထားရွေးချယ်သင့်တယ်…
  • ဒါ့အပြင် ဇီဝဖြစ်စဉ်မှာ ပျတ်စီးဖို့ နှစ်ပေါင်းရာချီကြာတဲ့ polyester, Synthetic Fibersတို့လိုမျိုး တွေနဲ့ ရက်လုပ်ထားတဲ့ အထည်တွေ ကို တတ်နိုင်သလောက် ရှောင်တာမျိုး နဲ့ မဖြစ်မနေ ဝယ်ရမယ် ဆိုလည်း Quality ကောင်းပြီး ကြာရှည် အဝတ်ခံ တဲ့ Brand ကို ရွေးချယ် ဝယ်ယူတာမျိုးတွေလုပ်သင့်ပါတယ်…
  • နောက်ဆုံး တစ်ချက် မှာတော့ Fast Fashion မှာသာမက တစ်ခြားသော clothing တွေကို ဝယ်ယူ တဲ့အခါ အထည်မှာ ပါတဲ့ ဓာတုပစည်းတွေက ခန္ဓာကိုယ်ကို တိုက်ရိုက်မထိစေဖို့ ချက်ချင်း မဝတ်ဘဲ လျှော်ဖွတ်ပြီး မှ ဝတ်သင့်ပါတယ်…
    ဒီနေ့မှာ အမက ယနေ့ခေတ် ဖက်ရှင်ဈေးကွက်မှာ လူငယ်တော်တော် များများအကြား ရေပန်း အစားဆုံးဖြစ်နေတဲ့ Fast Fashion အကြောင်းကို ပြောပြပေး ခဲ့တာပဲဖြစ်ပါတယ်…
    နောက်များမှာလည်း အခုလိုမျိုး Fashion နဲ့ပက်သက်တဲ့ ဘယ်လို ဗဟုသုတ ရစရာ အကြောင်းအရာတွေကို ရေးသား တင်ဆက် ပေးသွား ဦးမလဲဆိုတာ စောင့်ကြည့်ပေးပါဦးနော်…
    ✔️ အမမျှဝေပေးသွားတာ အကျိုးရှိတယ် ဆိုရင် like and share လေး လုပ်သွားပါဦးနော်…
    📍 အမြဲ အသစ်တွေ သာပေးမယ့် His’s and Her’s 📍
    “Turning your passion into fashion”
    ◾ Fashion illustration by His’s and Her’s