မြန်မာ ထိုင်မသိမ်း အကြောင်း

🔥 ရှေးအဆက်ဆက်ကနေ အခုချိန်တွေထိ တန်ဖိုးထားဝတ်ဆင်ကြရတဲ့ မြန်မာ လူမျိုးတွေရဲ့ ထိုင်မသိမ်းနဲ့ ချိတ်ထဘီတွေ အကြောင်း 🔥
” ထိုင်မသိမ်း ဆိုတဲ့ အခေါ်အဝေါ် ဟာ အမတို့ရဲ့ နေ့စဉ် ပတ်ဝန်းကျင်မှာ မစိမ်းတဲ့ အခေါ်အဝေါ်ပဲဖြစ်ပါတယ် … “
အဲ့လိုဆိုတဲ့ အတိုင်း ထိုင်မသိမ်း ဆိုတဲ့ အနှစ်သာရဟာ ဘာလဲ ၊ ဘာကြောင့်ထိုင်မသိမ်း ဆိုပြီး ဖြစ်လာတာလဲဆိုတာကို Myanmar Traditional ဝတ်စုံအဖြစ် ဒီဇိုင်း ပညာရပ်ကို စိတ်ဝင်စားတဲ့ အမတို့ ပတ်ဝန်းကျင်က ဘယ်သူမဆိုရင်နှီး ကျွမ်းဝင်ထားပြီး သိရှိထားသင့်ပါတယ်…
” အဲ့ဒီအတွက် အမက မင်္ဂလာဆောင်တဲ့အခါ သတို့သမီးများ အလေးတမြတ် ဝတ်ဆင်လေ့ရှိကြတဲ့ တန်ဖိုးကြီးမားလွန်းတဲ့ ထိုင်မသိမ်း ဆိုတဲ့ ဝတ်စုံလေးအကြောင်းကို ဒီနေ့မှာ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ် “
▪️ထိုင်မသိမ်းဆိုတာ ရှေးခေတ်က မြန်မာ့မိဖုရားတွေ၊ နန်းတွင်းသူအပျိုတော်တွေ ဝတ်ဆင်ကြတဲ့ လှပတင့်တယ်တဲ့ ရင်ကွဲလက်ရှည် အပေါ်ထပ် အင်္ကျီတစ်မျိုးပဲဖြစ်ပါတယ်…
ဒီနေ့ ခေတ်မှာလည်း ပွဲလမ်းသဘင် တွေမှာ မြန်မာ အမျိုးသမီးတွေ အမြတ်တနိုးနဲ့ တန်ဖိုးထား ဝတ်ဆင်ကြလေ့ရှိ တဲ့ အပေါ်ထပ် ဝတ်ရတဲ့ အင်္ကျီ ပဲဖြစ်တယ်…
▪️ကုန်းဘောင်ခေတ်ဉီး နှင့် အမရပူရခေတ်၊ ဘိုးတော်ဘုရားလက်ထက်မှာ စာပေထွန်းကားရုံသာမက ဝတ်စားဆင်ယင်မှုပါ ထွန်းကားလာခဲ့တယ်…
ဒါပေမဲ့ အဲ့ခေတ်က အမျိုးသမီး တွေရဲ့ အပေါ်ဝတ် အကျ်ီ တွေက ကိုယ်,လက် အကျပ်ဖြစ်ပြီး အကျ်ီက တင်ပါးထိဖုံးပြီး ရှည်လျားတယ်…
▪️အဲ့အတွက် အဲ့ခေတ်က အမျိုးသမီးတွေက ထိုင်မယ် ဆိုရင် အကျ်ီ‌ အောက်စနားကို အဝိုင်းညီအောင် သိမ်းပြီး မှထိုင်လို့ရကြတယ်…
▪️နောက် ဘကြီးတော်လက်ထက် ရောက်တော့ အကျ်ီရှေ့က ရင်ခွဲအကျ်ီ လည်ထောင် အဖြစ် ပြောင်းလဲခဲ့တယ် ၊ ဒါပေမဲ့ အမရပူရခေတ်နှောင်းပိုင်းမှာတော့ အမျိုးသမီးတွေရဲ့ ရင်စည်း အပေါ်နား နဲ့ အောက်နားကို ဇာ, ရွှေချည်ထိုး, ငွေချည်ထိုးများတပ်ကာ ဝတ်ဆင်ပြီး ထဘီကိုလည်း အထက်ဆင်တပ်ပြီး ပြောင်းလဲဝတ်ဆင် လာခဲ့ကြပါတယ်…
▪️အဲ့ဒီနောက် ရတနာပုံခေတ်ရောက်တော့ အပေါ်ဝတ် အကျ်ီကို တင်ပါးကနေ ခါးအနီးတဝိုက်ထိတိုအောင်ပြုပြင်ချုပ်လုပ်ဝတ်ဆင်လာကြပြန်တယ် အဲ့လို ထိုင်လိုက်ရင်လဲ အောက်နားကို ပြန်သိမ်းစရာ မလိုဘဲ ကိုယ်နဲ့ ချပ်ချပ်ရပ်ရပ် ရှိတဲ့ အကျ်ီကို ထိုင်မသိမ်းလို့ခေါ်ပါတယ် …
▪️ရတနာပုံခေတ်မှာတော့ သာမန်အရပ်သားတွေပါ ထိုင်မသိမ်းကို ပွဲလမ်းသဘင်တွေရှိတဲ့အခါ ဝတ်ဆင်ခွင့်ရှိကြတာကတော့ ထူးခြားချက်တစ်ခုပါ…
▪️အမျိုးသမီး တွေက ထိုင်မသိမ်းမထပ်ခင် ရင်စည်း ၊ ရင်ခံ အရင်ပတ်ပြီး မှ အပေါ်ထပ် အနေနဲ့ ထပ်မံဝတ်ဆင်ရလေ့ ရှိပါတယ် ။
သာမန် အရပ်သားတွေလည်း ဝတ်ဆင်ကြတယ် ဆိုပေမဲ့ ရွှေနန်းတော် အတွင်းက မိဖုရား ၊ မင်းသမီး များ ကတော့ ခါးသေး ၊ ရင်ချီအောင် ကိုယ်ကျပ် အင်္ကျီကို အနောက်မှာ ကြိုးနှစ်ဆယ့်လေးချောင်းယှက်သိုင်းထိုးကာ ဝတ်ဆင်ပြီးမှ ထိုင်မသိမ်း အင်္ကျီကို အပေါ်ကထပ်ဝတ်ပါတယ်။
▪️ထိုင်မသိမ်းအင်္ကျီတစ်ထည် မှာ ဗိုက်ပြင်အနီးနား မှာ ကြေးစည် လို့ ခေါ်တဲ့ ကရနို့ ၊ အနို့ နှစ်ဖက်ချ ချုပ်လုပ် တပ်ဆင်ရပါတယ်၊ အောက်က တော့ ဗြန့်ထဘီကို သာဝတ်ဆင်ကြတယ်၊ ရတနာပုံခေတ်က ဗြန့်ထဘီတွေက အထည်ကြမ်းတွေသာဖြစ်ပြီး အနက်ရောင် အထက်ဆင်အပြားကြီး နှစ်ထွာခန့် နဲ့ ချိတ်သား တစ်ထောင်ခန့်ကို တဆာဆင်ထားပြီး
ချိတ် ကိုယ်ထည်သား အောက်က မှ ကန်လန့်စင်း အကြောင်းလေးများဆက်ပြီးမှ အောက်ဆုံးမှာ ရေသီနား ဆက်ရပါတယ် ။အဲ့လိုနဲ့ ရတနာပုံခေတ် ရှေးမြန်မာအမျိုးသမီးတွေက ထိုင်မသိမ်း ၊ ဗြန့်ထဘီ တို့ကို တွဲရက်ဝတ်ဆင်ခဲ့ကြပါတယ်…
▪️လွတ်လပ်ပြီးခေတ်ရောက်တဲ့အခါမှာတော့ ပွဲလမ်းသဘင်တွေ ပိုမိုများပြားလာခဲ့သလို မြန်မာရိုးရာဝတ်စားဆင်ယာထုံးဖွဲ့မှုများကိုလဲ ပြန်လည်ဖော်ထုတ်ခဲ့ကြတဲ့အတွက် ထိုင်မသိမ်းမှာ ပိုမို ပွဲလည်တင့်လာခဲ့ပါတယ် ။
▪️ထိုင်မသိမ်းအင်္ကျီ ချုပ်လုပ်တဲ့အခါမှာလဲ ခုလိုအစိတ်အပိုင်းများကို ထည့်သွင်းပြီး ချုပ်လုပ်ခဲ့ကြပါတယ် ။

  • ကိုယ်ထည်
  • အလက်
  • ရင်ထောင်
  • ရင်ဖုံး
  • လည်ခွံ
  • အနို့ (ကုလားနို့)
  • ခါးတောင် (အချို့)
    ▪️ဒီလိုနဲ့ ယနေ့ခေတ်မှာတော့ ကိုယ်ထည် ရင်ခံများ ထည့်သွင်းချုပ်လုပ်ပြီး ပြန့်ထဘီအစား ချိတ်ထဘီတွေကို ပြောင်းလဲ ဒီဇိုင်းထွင်ကာ ခါးထောင်နဲ့ ရေသီနားကိုလည်း အတိုအရှည် ဒီဇိုင်းထွင်ပြီး ခေတ်နဲ့အညီပုံစံမျိုးစုံ ပြောင်းလဲ ချုပ်လုပ်လာကြပြီပဲဖြစ်တယ်…
    ▪️ခုနောက်ပိုင်းဆို တိုင်းရင်းသားတွေမှာပါ သူတို့ရဲ့ ရိုးရာအထည်များဖြင့် ထိုင်မသိမ်းဒီဇိုင်းများကို လှပစွာ ပုံဖော်ပြီး အမြတ်တနိုးနဲ့ ဝတ်ဆင်နေကြတာလဲ အားလုံးမြင်တွေ့ရမှာပါ..
    ▪️နောက်ပြီး တန်ဖိုးကြီးမားလှတဲ့ ထိုင်မသိမ်းဝတ်စုံများကို မြန်မာနိုင်ငံရှိ Miss ပွဲများ၊ ဒီဇိုင်နာ ပြိုင်ပွဲများမှာပါ ဖန်တီးဝတ်ဆင်ပြရုံမကဘဲ နိုင်ငံတကာက ပွဲတွေမှာပါ ဂုဏ်ယူစွာဖြင့် ဝတ်ဆင်ပြခဲ့ကြတဲ့အတွက် နိုင်ငံတကာကပါ စိတ်ဝင်စားကြပြီး ဝတ်ချင်ကြတဲ့ ဝတ်စုံလေး ဖြစ်နေပါပြီး…
    ▪️ဒီနေ့ခေတ်မှာတော့ တန်ဖိုးကြီးမားတဲ့ မြန်မာဝတ်စုံတွေကို နာမည်ကြီး ဒီဇိုင်နာများဖြစ်ကြတဲ့ ဆရာ မင်းသက်စံ၊ ဆရာမျိုးမင်းစိုး၊ ဆရာပြည်စိုးအောင် ၊ မိုးကုတ်ပေါက်ပေါက်၊ ဆရာ ဖြိုးကို ၊ ဆရာကောင်းမြတ် … စသည်ဖြင့် လက်ရှိမှာ မြန်မာနိုင်ငံရဲ့ မြန်မာတို့ တန်ဖိုးထားရတဲ့ ဝတ်စုံလေးတွေကို ခေတ်နဲ့အညီ ဆန်းပြားသော ဒီဇိုင်းများစွာဖြင့် ဖန်တီးနေပေးကြတဲ့ ဒီဇိုင်နာကြီးအချို့အဖြစ် ဂုဏ်ယူစွာ ဖော်ပြပေးလိုက်ပါတယ်နော် …
    ကဲ ဒါဆို အမတို့ မြန်မာ လူမျိုးတွေရဲ့ ရိုးရာ ယဉ်ကျေးမှုဝတ်စုံလည်းဖြစ်ပြီး ပွဲလမ်းသဘင်တွေမှာလည်း မြန်မာ အမျိုးသမီးတို့ အမြတ်တနိုး ဝတ်ဆင်ကြရတဲ့ ထိုင်မသိမ်းနဲ့ ချိတ်ထဘီတွေအကြောင်းကို ပြောပြပေးသွားတာပဲဖြစ်ပါတယ်…
    အမအနေနဲ့ ကျောင်းသူများ ဗဟုသုတရစေရန် အမလေ့လာထားတာလေးတွေကို ဖတ်လို့ကောင်းအောင် ဆီလျှော်အောင် ပြန်ရေးထားတာဖြစ်လို့ ဒီထက်ပိုပြီး တိတိကျကျ သိချင်တယ်ဆိုရင်တော့ ကိုယ်တိုင်လေ့လာလို့ရအောင် Comment လေးမှာ Link ချပေးထားပါတယ်နော် 👇🏻
    နောက်များမှာလည်း အခုလိုမျိုး Fashion နဲ့ပက်သက်တဲ့ ဘယ်လို ဗဟုသုတ ရစရာ အကြောင်းအရာတွေကို ရေးသား တင်ဆက် ပေးသွား ဦးမလဲဆိုတာ စောင့်ကြည့်ပေးပါဦးနော်🙋🏻‍♀️

✔️ အမမျှ ဝေပေးသွားတာ အကျိုးရှိတယ် ဆိုရင် like and share လေး လုပ်သွားပါဦးနော်။
📍 အမြဲ အသစ်တွေ သာပေးမယ့် His’s and Her’s 📍
“Turning your passion into fashion”
◾ Fashion illustration by His’s and Her’s ▪️