အားလုံး မင်္ဂလာပါရှင်
His’s and Her’s ကနေ လေ့လာခဲ့တဲ့ Fashionများ နဲ့ ပတ်သတ်ပြီး အမြဲအားလုံးကိုဝေမျှပေးနေရင်း အခုတစ်ခါမှာတော့ ကျမတို့တွေ fashion illustration တွေရေးဆွဲတဲ့အခါ ကိုယ်ဆွဲလိုက်တဲ့ Design ကလှပနေရုံနဲ့ မပြီးပါဘူး။ Model ရဲ့ Body Figure ကလည်း အရေးကြီးပါတယ်။ မိမိရဲ့ Design ကဘယ်လောက်ပဲ ကောင်းကောင်း Model ရဲ့ Body Figure က အချိုးကျကျမလှပဘူးဆိုရင် မိမိဆွဲလိုက်တဲ့ ဒီဇိုင်းကလည်း အချိုးကျနမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် Fashion illustrator တယောက်အနေနဲ့ Anatomy အကြောင်းကိုလဲ သိထားသင့်လို့ ဒီနေ့အတွက် အပိုင်း(၁) အနေနဲ့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်ရှင်။
Anatomy ဆိုတာဘာလဲ ???
လူတွေ တိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံတွေနဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုလေ့လာတဲ့ ပညာကို Anatomy လို့ခေါ်ပါတယ်။ Anatomy ဟာ Body Figure တွေရေးဆွဲတဲ့နေရာမှာ အခြေခံအကျဆုံး အရေးပါဆုံးသော ပညာရပ်ဖြစ်ပါတယ်။ ဒါကြောင့် artist တိုင်းလေ့လာသိထားသင့်တဲ့ နက်နဲတဲ့ဘာသာရပ်လဲဖြစ်ပါတယ်။ ကျမတို့ဟာ လူ့ခန္ဓာကိုယ်ကို လူ့ခန္ဓာကိုယ်နဲ့ တူအောင်ဆွဲရပါမယ်။
ဥပမာ – Model တယောက်ရဲ့မျက်နှာ figure ကိုရေးဆွဲတဲ့အခါ နားရွယ်ဟာ မျက်ခုံးနဲ့ နှာခေါင်း အမှတ်၂ခုကို ထိစပ်အောင်ဆွဲရပါမယ်။ နောက်ဥပမာတခုကတော့ လက်အကွာအဝေးပဲဖြစ်ပါတယ် လူတယောက်ရဲ့ လက်မောင်းက ထွက်လာတဲ့ လက်ကို တံတောင်ဆစ်အထိ A လို့သတ်မှတ်ထားပါမယ်။ တံတောင်ဆစ်ကနေလက်ကောက်အထိ အကွာအဝေးကို B လို့သတ်မယ်ဆိုရင် A နဲ့ B အကွာအဝေးဟာ တူညီရပါမယ်။ ဒါကြောင့် ကျမတို့ဟာ body figure တွေရေးဆွဲတဲ့အခါမှာ scale တွေနဲ့ရေးဆွဲရတာဖြစ်ပါတယ်။ Scale နဲ့ရေးုဆွဲပြီးလို့ anatomy အကြောင်း အခြေခံသိရှိပြီးလျှင် မိမိစိတ်ကြိုက် figure ကို sketch နဲ့ရေးဆွဲနိူင်မှာဖြစ်ပါတယ်။ Anatomy ကို နားလည်လျှင် မိမိစိတ်ကြိုက် model , character, ဒါမှမဟုတ် ရုပ်ရှင်ကားထဲမှ ဇာတ်ကောင်ကို reference ယူပြီး စိတ်ကြိုက်ဖန်တီးရေးဆွဲ နိုင်မှာ ဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။
(အပိုင်း၂) ဆက်ရန်ရှိသည်။
စိတ်ဝင်စားပြီး ဖတ်ရူကြပေးတဲ့ တစ်ဦးချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။
THANK YOU
His’s & Her’s Fashion School