ခရီးသွား ဖက်ရှင်

ဒီတစ်ခေါက် His’s and Her’s ကနေ ဘာအကြောင်းအရာလေးများ ဝေမျှပေးမလဲဆိုပြီး စိတ်ဝင်စားနေကြပြီ ဟုတ်!
ဒီတစ်ခေါက်တော့ ပွင့်လင်းရာသီလည်း ရောက်လာပြီဆိုတော့ ခရီးသွားဖို့ ပလန်နေကြတဲ့သူတွေအတွက် Fashion Tips လေးတွေ ဝေမျှ ပေးသွားပါမယ်ရှင့်…
ခရီးသွားရမယ့် ဖက်ရှင် အသုံးအဆောင်လေးတွေထဲမှာ ဘာတွေ အပါခေါ်သွားရမလဲဆိုတာ အောက်မှာ ဆက်ဖတ်ကြည့်ကြမယ်နော်….

(၁) မျက်မှန်
ကိုယ်ယူသွားတဲ့ အဝတ်အစားလေးတွေနဲ့ ဓာတ်ပုံရိုက်တဲ့အခါ အလန်းစားလေး ဖြစ်နေဖို့ မျက်မှန်လေးက ကူညီပေးမှာပါ။

(၂) ပဝါ
ပဝါလေးကတော့ ရိုးရှင်းတဲ့ ဝတ်စုံလေးတွေကို အမြင်ဆန်းစေပါတယ်။ တောင်တန်းဆီ အလည်သွားတဲ့အခါ လည်ပင်းမှာ ပဝါလေးကို လည်ပင်းမှာ ပတ်တာလေးကို သင့်ကို ကိုရီးယားမလေးလို လှပနေစေပြီး ကမ်းခြေတွေဆီ သွားတဲ့အခါမှာတော့ ပုဝါလေးပတ်ထားတဲ့ စတိုင်လေးက ကပိုကရိုနဲ့ အမြင်ဆန်းစေမှာပါ။

(၃) ဦးထုပ်
ခရီးသွားတဲ့အချိန် လှပတဲ့ ဓာတ်ပုံလေးတွေ ရဖို့နဲ့ နေလောင်ဒဏ်မှ ကာကွယ်ပေးနိုင်ဖို့အတွက် ဦးထုပ်လေးက မရှိမဖြစ်ပါပဲ။ ကမ်းခြေသွားတဲ့အခါ ဦးထုပ်ကားကားတွေယူသွားသင့်ပြီး တောင်တန်းတွေဆီ သွားဖို့အတွက်ဆိုရင် သိုးမွှေးဦးထုပ်လေးတွေကို ရွေးပါ။

ကဲ ဒီပစ္စည်းလေးတွေကို အပါခေါ်သွားမယ်ဆိုရင် ခရီးသွားတဲ့အခါ အထာကျကျ လှနေနိုင်ပါပြီနော်….

အချစ်တို့ရော ခရီးသွားတဲ့အခါ အမြဲ ယူသွားဖြစ်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းက ဘာများ ဖြစ်မလဲ?

Leave a Reply

Your email address will not be published. Required fields are marked *