Career Opportunities at Fashion Industry

🔥 Career Opportunities at Fashion Industry 🔥
Fashion ကို ဝါသနာပါတယ် နိုင်ငံခြားမှာလဲ ကျောင်းသွားတက်ချင်တယ် ၊ ဒါပေမယ့် Fashion Designer လည်း မလုပ်ချင်ဘူး ဘယ်လို မေဂျာရွေးရမလဲလဲမသိဘူး ၊ တခြား ဘယ်လို career မျိုးတွေကို ရွေးချယ်လို့ရမလဲဆိုတာလဲ မသိဘူး ဒီတော့ သိချင်ကြမှာဘဲနော် …
အစအဆုံး ဖတ်ပြီးရင်တော့ ကိုယ့်လုပ်ချင်တာလေးရွေးပြီး ဘယ် Career က ကိုယ်လုပ်ချင်တာနဲ့ ထပ်တူကြလဲဆိုတာ နံပါတ်လေးတွေ ရွေးပြီး Comment လေးမှာ ဖြေသွားပေးကြပါအုန်းနော် 👇
အားလုံး စောင့်မျှော်နေကြတဲ့အတိုင်း ….
ဒီနေ့မှာတော့ အမက Fashion design ဆိုတာဘာလဲ နဲ့ Fashion Industry မှာ Fashion Designer နဲ့ Illustrator တို့ အပြင် တခြား ရွေးချယ်လို့ ရနိုင်မယ့် အလုပ်တွေကို ပြော‌ပြပေးသွားမှာပဲ ဖြစ်ပါတယ်…
✔️ Fashion Design ဆိုတာဘာလဲ ❓
◾ ပထမဆုံး အနေနဲ့ အသစ်သစ်သော clothing တွေကိုသာမက သူနဲ့သက်ဆိုင်တဲ့ accessories အသုံးဆောင်ပစည်းမျိုးစုံ ကို ဖန်တီးရတဲ့ အနုပညာ တစ်ရပ်က ” Fashion Design ” ပဲ ဖြစ်ပါတယ်…
◾ နိုင်ငံ၊ လူမျိုး၊ ရိုးရာယဉ်ကျေးမှု၊ ပတ်ဝန်းကျင်နေရပ်ဒေသ၊ လူတစ်ဦးတစ်ယောက် စတဲ့ အရာတွေ ပေါ်မူတည်ပြီး ဖန်တီးပြုလုပ်မှုတွေကလည်း အမျိုးမျိုး ကွဲပြားသွားရပါတယ်…
➖➖➖➖➖➖➖➖
✔️ Fashion ဆိုတာ နဲ့ Design ဆိုတာကရော ဘာလဲ ❓
◾ လူတစ်ယောက်ရဲ့ အမူအကျင့်တွေ၊ အပြုမူတွေကို စကားနဲ့ ပြောစရာမလိုပဲ ထင်ဟပ်စေတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်…
◾ ဒါ့အပြင် ခေတ်တစ်ခေတ်ရဲ့ ဖွံ့ဖြိုးမှု အနေအထား၊ လူမှု ဆက်ဆံရေး၊ စီးပွားရေး၊ အ‌ခြေအနေ တွေကို အဲ့ဒီခေတ်ရဲ့ Fashion မှာ လေ့လာကြည့် ရုံနဲ့ ခန့်မှန်းနိုင်ပါတယ်…
◾ Object တစ်ခုရဲ့ တည်ဆောက်ပုံ၊ စိတ်ကူး ထဲက ပုံရိပ်တွေကို အပြင်မှာ လက်တွေ့ ဝတ်ဆင်လို့ ရအောင် ဖန်တီးထားတဲ့ အရာတွေက တော့ Design တွေပဲ ဖြစ်ပါတယ်…
➖➖➖➖➖➖➖➖
✔️ ဒါဆို Fashion Design Industry မှာ ဘယ်လို အလုပ်အကိုင်တွေလုပ်လို့ ရလဲ ❓
◾ Fashion Industry မှာကိုယ်ဝါသနာပါရာ အပေါ်မူတည်ပြီး ရွေးချယ်နိုင်တဲ့ career opportunities တွေအများကြီးရှိပါတယ်…
◾ အဲ့‌ဒီအထဲကမှ အမက အခု Fashion Industryမှာ နိုင်ငံတကာက အများဆုံး ရွေးချယ်လုပ်ကိုင်ကြတဲ့ အလုပ်ကိုင် အခွင့်‌လမ်းတွေ ဘယ်လိုရွေးချယ်လို့ရနိုင်လဲ နဲ့ အဲ့အလုပ်တွေက Fashion Industry ကဘယ်နေရာမှာ ဘယ်လိုလုပ်ရလဲ ဆိုတာကို ဆက်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်…
🔸 Career opportunities 🔸

  1. The Designer
  2. The Buyer
  3. The Trend Forecaster
  4. The Textile Designer
  5. The Pattern-maker
  6. The Garment Technologist
  7. The Fashion Planner
  8. The Visual Merchandiser
  9. The Retail Manager
  10. The Stylist
  11. The Event Manager
  12. The Fashion Journalist
  13. The Fashion PR
    စာရှည်မှာစိုးလို့ တစ်ချက်ချင်းစီရဲ့ အသေးစိတ်ကိုတော့ အောက်က သက်ဆိုင်ရာ ပုံအောက်လေးတွေမှာ တင်ပေးထားလို့ တစ်ပုံစီထောက်ကြည့်ပေးနော် 👇
    ➖➖➖➖➖➖➖➖➖➖➖

1. The Designer

စိတ်ကူး စိတ်သန်းထဲမှာရှိတဲ့ idea တွေကို လက်နဲ့ဖြစ်စေ၊ ကွန်ပျူတာ အဆင့်မြင့် နည်းပညာတွေနဲ့ ဖြစ်စေ ပုံဖော်ဖန်တီး ရတဲ့ အလုပ်ပဲ ဖြစ်ပါတယ် world wide နဲ့ရော မြန်မာ နိုင်ငံမှာပါ အလုပ်များတဲ့ အလုပ်တစ်ခုလည်း ဖြစ်ပါတယ်…

2. The Buyer

Buyer တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ဖောက်သည် customer တွေရဲ့ အကြိုက်များတဲ့ အဝယ်စာရင်းတွေ ကို စာရင်းပြုစုရတဲ့အပြင် နောက် ခေတ် စားလာမယ့် fashion တွေကိုလည်း နားလည်ထားရပါတယ် …

လူကြိုက်များတဲ့ clothing တွေကို လည်း Stock မပြတ်ရလေအောင် လူကြိုက်နည်းတဲ့ clothing တွေကိုလည်း မကျန်အောင် အမြဲ ထိန်းညှိပေးကြရပါတယ် …

ဒါ့အပြင် brand အတွက် ရင်းနှီးမြှုပ်နှံမှု စာချုပ်တွေ လက်ကားသမားတွေနဲ့လည်း ကိုယ်တိုင်တွေ့ဆုံ ‌ဆက်ဆံကြရတဲ့ အလုပ်ကို လုပ်ကြရပါတယ်…

3. The Trend Forecaster

ဈေးကွက် အခြေ‌အနေကို အမြဲ မပြတ်စောင့်ကြည့်နေရပြီး ဈေးဝယ်သူတွေရဲ့ ပြောင်းလဲနေတဲ့ အကြိုက် trend တွေကို နားလည်ကြရပါတယ်…

Fast Fashion Brand company တွေ အတွက် အရေးပါတဲ့ အလုပ်တစ်ခုလည်း ဖြစ်ပါတယ်…

4. The Textile Designer

ပိတ်စ တစ်ခုကို colorful ဖြစ်ပြီး လူကြိုက်များ ရောင်းရစေဖို့အတွက် Textile Designer တွေကို အထည်တွေကို ပိတ်စတွေ အပေါ်မှာ ဒီဇိုင်းဖော်ဖို့အလုပ်ကို Textile Designer တွေက လုပ်ကြရပါတယ်…

Textile Designer တစ်ယောက်ဖြစ်ဖို့ Fashion School မှာ သီးသန့် Textile Design major ကိုယူလို့ လည်းရနိုင်သ လို Textile Design books တွေကို ရှာဖွေ လေ့လာ မှတ်သား လို့လည်းရပါတယ်…

5. The Pattern-maker

Designer or illustrator တစ်ယောက်က ထုတ်လိုက်တဲ့ Design အသစ်တွေ အတွက် ချုပ်လုပ်မှု အဆင့်ကို ရောက်စေဖို့ Pattern-maker တွေက အတိုင်းအတာ တွေ ကို pattern paper တွေပေါ်မှာ သို့ computer ပေါ်မှာ ဖန်တီး ပေးကြရပါတယ်…

ဝတ်ဆင်သူရဲ့ ကိုယ်ပေါ်မှာ fitting ကျကျနဲ့ လှပနေစေဖို့ အတွက်က Pattern-maker တွေက ထုတ်လိုက်တဲ့ pattern တွေအပေါ်မှာ လည်း မူတည်တဲ့ အတွက် Fashion Industry မှာအရေးပါတဲ့ အလုပ်တစ်ခုလည်း ဖြစ်ပါတယ်…

6. The Garment Technologist

Fashion Industry ထဲမှာ အသုံးပြုတဲ့ Garment ပစည်းတွေကို အမြဲ တီထွင်စမ်းသစ်နေကြရပြီး တီထွင်ပြီးသားပစည်းတွေရဲ့ Quality အရည်အသွေး ကိုလည်း မကျသွားစေဖို့ အမြဲထိန်းသိမ်းကြရတာက Garment Technologist တွေရဲ့ specialist ပဲဖြစ်ပါတယ် …

7. The Fashion Planner

နိုင်ငံ တစ်နိုင်ငံရဲ့ လူမှုရေးယဉ်ကျေးမှုတွေနဲ့ လူဦးရေ တွေပေါ်မူတည်ပြီး Brand တွေရဲ့ ဆိုင်ခွဲတွေကို Stock အရေအတွက်စာရင်း မှန်မှန်ကန်ကန် တွက်ချက်ပို့ပေးကြရပါတယ်…

Fashion Plannerတွေက Brand တစ်ခုရဲ့ Customer အကြိုက်တွေနဲ့အရောင်းစာရင်းတွေကိုလည်း သေချာလေ့လာကြရပါသေးတယ်…

8. The Visual Merchandiser

ဈေးဝယ်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံရတဲ့ Stores တွေမှာ ထွက်ကုန်တွေကို လူစိတ်ဝင်စားစေဖို့ ပစ္စည်း ပုံစံ၊ Stores တွေရဲ့ အတွင်းပိုင်းနဲ့ မျက်နှာစာ ဖြစ်တဲ့ Window ဒီဇိုင်းတွေကို အကောင်းဆုံး နဲ့ စိတ်ဝင်စားဖို့ကောင်းအောင်ပြင်ဆင်ပေးရတဲ့ အလုပ်ပဲ ဖြစ်ပါတယ် …

လွယ်လွယ်ပြောရမယ်ဆိုရင် ” ဝယ်ယူသူတွေ အဓိက မြင်ရတဲ့ ဆိုင်တွေရဲ့ Displays တွေကို ဆွဲဆောင်မှု အရှိဆုံး ဖြစ်အောင် visual ကောင်းအောင် ပြင်ပေးရတာဟာ merchandiser တွေရဲ့ တာဝန်ပဲ ဖြစ်ပါတယ်”

ဒါ့အပြင် ထွက်ကုန်တွေက ဘယ် Stores တွေ Website တွေမှာ တင်ထား ပြီးရောင်းချနေသလဲ ဆိုတာကိုလည်း စာရင်းပြုစုကြရပါတယ်…

Visual Merchandiser တွေက အမ အပေါ်က ဖော်ပြခဲ့တဲ့ Trend Forecaster တွေ Buyer တွေနဲ့ တူတူ အလုပ်တွဲလုပ်ကြရပါတယ်…

9. The Retail Manager

Fashion Brand တစ်ခုရဲ့ဆိုင်ခွဲတွေမှာ ရှိတဲ့ retail manager တစ်ယောက်က ပုံမှန် မန်နေဂျာတွေအတိုင်း ဆိုင်ရဲ့ ငွေ အဝင်ထွက်နေ့စဉ် စာရင်းတွေကို စစ်ပြီး reports တွေကိုလည်း စီစစ်ရတာကတော့ ပုံမှန် ဓမ္မတာပဲ ဖြစ်ပါတယ်…

ဆိုင်တစ်ဆိုင်လုံးရဲ့ management တွေအားလုံးကို စီစဉ်ရတဲ့အပြင် လက်အောက်ဝန်ထမ်းတွေကိုလည်း motivate ပေးတာ‌တွေ ဆိုင်ရဲ့ ရောင်းအားကျမသွားအောင် ဂရုစိုက်နိုင်တဲ့ အရည်အချင်းလည်း ရှိကြရပါတယ်…

10. The Stylist

Photoshoot တွေ၊ personal outfit တွေ၊ ပွဲတွေ၊ Red Carpet တွေအတွက် ‌နေရာဒေသ လူ အခြေ အနေပေါ် မူတည်ပြီး လိုက်ဖက်မယ့် အဝတ်အစားတွေ out look တွေကို ရွေးချယ်ပေးရတာဟာ Stylist တွေရဲ့ အလုပ်ပဲ ဖြစ်ပါတယ်…

Stylist တစ်ယောက်က Fashion အတွဲ အစပ်တွေအပြင် Fashion History, Fashion Styling, Color Theory စတဲ့ အခြေခံတွေကို လည်း လေ့လာပြီး ပိုင်နိုင်နေကြရ တဲ့အပြင် နေ့စဉ်နဲ့အမျှ ‌ပြောင်းလဲနေတဲ့ fashion ရေစီးကြောင်းကိုလည်း လေ့လာပြီး လိုက်နာကြရတယ်…

11. The Event Manager

Fashion လောကမှာ Brand တစ်ခုရဲ့ အောင်မြင်မှုမှာ အဓိကအပိုင်း တစ်ခုဖြစ်တဲ့ ဖက်ရှင်ပွဲတွေကို The Event Manager တွေက စီစဉ်ကြပါတယ်…

ဒါ့အပြင် Event Managerတွေက Fashion ပွဲတွေအပြင် တစ်ခြား စီးပွားရေး၊ လူမှုရေး၊ Promotion ချတဲ့ ပွဲတွေ စတဲ့ ပွဲမျိုးစုံကိုလည်း အစီစဉ် အစမှအဆုံး ချောချောမွေ့မွေ့ပြီးအောင် plan တွေလည်း ချမှတ်ကြလေ့ရှိတယ်…

12. The Fashion Journalist

Fashion Shows တွေ၊ ပွဲတွေ ကို အမြဲမပြတ်တက်ရောက်လေ့လာပြီး နောက်ဆုံးပေါ်လူကြိုက်များတဲ့ Fashion knowledge တွေ trends တွေကို magazine၊ ဂျာနယ် စတဲ့ လူမှု သုံးကုန် ပစည်းတွေမှာ ရေးသားရတဲ့ အလုပ်ပဲ ဖြစ်ပါတယ်…

ဒါ့အပြင် Fashion Journalist တွေက နာမည်ကြီး celebrity တွေ၊ ဖက်ရှင် ဒီဇိုင်နာတွေ စတဲ့သူတွေနဲ့လည်း Fashion interview တွေလုပ်ပြီး magazine, ဂျာနယ်တွေမှာ ရေးသား ချပြကြလေ့ရှိတယ်…

Vogue ရဲ့ Editor-in-chief‌ ဟောင်းတစ်ဦးဖြစ်တဲ့ Anna Wintor ကလည်း Fashion Journalist တစ်ယောက်ပဲ ဖြစ်ပါတယ်… 

13. The Fashion PR

Public Relations (PR) ‌ဝန်ထမ်းတွေက Brand တစ်ခုရဲ့ နာမည်သတင်း က လူတွေကြားမှာ ဘယ်လောက်ပျံ့နှံ့သွား ပြီလဲ ဆိုတာတွေ နဲ့ Brand ရဲ့ image ကို မကျသွားစေဖို့ စီမံကြပါတယ်…

PR strategies တွေကို အသုံးပြုပြီးလည်း Brand developing တွေ အကောင်ထည်ဖော်တာတွေကိုလည်း လုပ်ကြလေ့ရှိတယ်… 

✔️✔️ ဒီနေ့ရဲ့ vlog လေးကနေ သိချင်တာလေးတွေ နဲ့ fashion နဲ့ ပက်သက်တဲ့ knowledge တစ်ခုခု ကိုရရှိသွားလိမ့်မယ်လို့ အမ‌ မျှော်လင့်ပါတယ် 🥰
👇 ဒါ့အပြင် အမဒီနေ့ ပြောပြပေးသွားတဲ့ Fashion Industry ထဲက အလုပ်တွေထဲက ဘယ်အလုပ်လေးက ကိုယ်နဲ့ ကိုယ့်ဝါသနာနဲ့ကိုက်ညီပြီး စိတ်ဝင်စားဖို့ကောင်းလဲ ဆိုတာ‌ လေးကိုလည်း comments မှာ ဖြေသွားပေးပါဦးနော် 👇
အခုချိန်မှာ ကိုယ်က ဘယ် Career ကိုသွားချင်တာလဲဆိုတာကိုလည်း မရေရာသေးဘူးဆိုရင် လက်မလျှော့ဘဲ လက်ရှိမှာ လုပ်လက်စကိုသာ ဆက်လုပ်နေပါ…
အဲ့လို ဆက်လုပ်ရင်း ပဲ တစ်နေ့မှာ ကိုယ်လည်း တစ်ကယ် စိတ်ဝင်စားပြီး ဝါသနာပါတဲ့ career ကိုတွေ့ရှိမှာပါ…
ဒီနေ့ အတွက် အမမျှ ဝေပေးသွားတာ အကျိုးရှိတယ် ဆိုရင် like and share လေး လုပ်ပေးသွားပါဦးနော် …
📍 အမြဲ အသစ်အသစ်တွေ သာပေးမယ့် His’s and Her’s 📍
“Turning your passion into fashion”
◾Fashion illustration by His’s and Her’s ◾