မကြာသေးခင်က မြန်မာနိုင်ငံမှာ စက်ရုံခွဲ ဖွင့်လှစ်လိုက်တဲ့ ကမ္ဘာကျော် Coach Brand အကြောင်း တစေ့တစောင်း
ယခု ၂၁ ရာစုမှာ လူတိုင်းလိုလိုက branded ပစ္စည်းတွေကို တန်ဖိုးထား သုံးစွဲလာကြပါပြီ။ branded တွေ သုံးစွဲရတာ ကြိုက်နှစ်သက်ရုံသာမက ကိုယ်သုံးတဲ့ brand သမိုင်းကြောင်းတွေကို လေ့လာရတဲ့ စိတ်ဝင်စားတဲ့ ဖက်ရှင်ချစ်သူတွေအတွက် His’s & Her’s ကနေ Coach brand ရဲ့ သမိုင်းကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။
Coach brand က ဆယ်စုနှစ်တခုစာကျော်ကြားခဲ့ပြီး အခုထက်ထိလည်းအရှိန်အဟုန်ပြင်းပြင်းနဲ့ ထိုးဖောက်ကျော်ကြားနေတဲ့ brand လည်းဖြစ်ပါတယ်။ Coach မှာ များစွာသောသမိုင်းကြောင်းတွေရှိတဲ့အနက် သူတို့ brand ကိုစတင်တည်ထောင်ခဲ့တဲ့ 1940 ပြည့်နှစ်များဆီ တချက်လောက် ပြန်သွားကြည့်ရအောင်….
1941 ခုနှစ်မှာ Coach က Lillian and Miles Cahn တို့တည်ထောင်ထားတဲ့ Manhattan Leather Bags ဆိုတဲ့ နာမည်အောက်မှာ Coach brand ကို စတင်တည်ထောင်ခဲ့ပါတယ်။ Company Founder က baseball လက်အိတ်ဒီဇိုင်းတွေကိုသဘောကျခဲ့ပြီး အဲ့ဒီလက်အိတ်တွေက သူ့အတွက် inspired ယူစရာဖြစ်ခဲ့ပါတယ်။
အဲ့ဒီကရတဲ့ idea တွေနဲ့ သူဟာ handbags တွေကိုစတင်ထုတ်လုပ်ခဲ့ပါတယ်။ Artists ၆ယောက်နဲ့အတူတူ အလုပ်လုပ်ခဲ့ပြီး 12 handbags ပါတဲ့ collection တခုကိုထုတ်ခဲ့ပါတယ်။
1962 ခုနှစ်မှာ Coach Company က Bonnie Cashin ကို ငှားရမ်းအလုပ်လုပ်စေခဲ့ပါတယ်။
Bonnie Cashin က Coach ကို အမြင်သစ်တမျိုးနဲ့ စတင်စေခဲ့ပါတယ်။ သူမဟာ Leather, သိုးမွှေးထည်များ နဲ့ jerse စတဲ့ စက်မှုပိုင်းဆိုင်ရာ ကုန်မာပစ္စည်းတွေ နဲ့ သဘာဝပစ္စည်းတွေကို အသုံးပြုပြီး တည်ထွင်ဖန်တီးခဲ့ခြင်းကြောင့် American Sportswear လောကရဲ့ ရှေ့ဆောင်သူတဦးအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
1979 ခုနှစ် Lew Frankfort, ယခုအချိန်မှာ Coach ရဲ့ CEO အဖြစ်တာဝန်ထမ်းဆောင်နေတဲ့သူဟာ , Coach Company ကို ဝင်ရောက်ခဲ့ပါတယ်။ Frankfort ဟာ Coach ကို လူသိနည်းတဲ့ leather ပစ္စည်းတွေထုတ်လုပ်တဲ့ Company ကနေပြီးတော့ ကမ္ဘာကသိတဲ့ brand တခုဖြစ်အောင် ပြောင်းလဲပစ်ခဲ့ပါတယ်။ သူဟာ 1990 ပြည့်နှစ်တွေမှာ Coach က လူတိုင်း လက်လှမ်းမှီ ဝယ်ယူနိုင်တဲ့Luxury Brand တခုအဖြစ်ပြောင်းလဲ ထွက်ပေါ်လာမှုတွေအတွက် မကြာခဏ မှတ်တမ်းတင်ခြင်းခံရပါတယ်။ အဲ့လို ပြောင်းလဲထွက်ပေါ်မှုဟာ fashion industry မှာတော့ ကြီးမားတဲ့ ပြောင်းလဲမှုကြီးတခုဖြစ်ခဲ့ပါတယ်။
1993 ခုနှစ်မှာတော့ company က Reed Krakoff ကိုငှားရမ်းခဲ့ပါတယ်
သူဟာ sportswear designer တယောက်ဖြစ်ပြီး Tommy Hilfiger မှာအလုပ်လုပ်ခဲ့တဲ့သူပါ။ Cashin လိုမျိုးပဲ Krakoff ဟာ Coach brand ကို အမြင်သစ်စေမယ့် collection တွေထုတ်လုပ်ခဲ့ပါတယ်။
သူဟာ sturdy, basic collection of tan, burgundy, black, and navy briefcases, to a more hip ,stylish collection စတဲ့ collection တွေကို အရောင်အသစ်တွေနဲ့ styles အသစ်တွေကို season တိုင်းမှာထုတ်လုပ်ပေးခဲ့ပြီး Coach ရဲ့ ပုံရိပ်ကို ပြောင်းလဲပေးခဲ့ပါတယ်။ Krakoff က စိတ်ဝင်စရာကောင်းလောက်တဲ့ accessories အသစ်တွေကိုလည်း ထပ်မံထုတ်လုပ်ခဲ့ပါတယ်။
၎င်း accessories တွေထဲမှာ နာရီကြိုးများ၊ အမျိုးသမီးကိုင် ပိုက်ဆံအိတ်များ၊wristlet များ နဲ့ cell phone cases များလည်းပါဝင်ခဲ့ပါတယ်။
2006 ခုနှစ်မှာတော့ Company ရဲ့ 65th နှစ်ပြည့် ပွဲမှာ Krakoff က the Legacy collection ကို ပွဲဦးထွက်ပြသခဲ့ပါတယ်။
2017 မှာလုပ်ခဲ့တဲ့ research တွေအရ ကမ္ဘာတဝှမ်းမှာ Coach ဆိုင်ခွဲပေါင်း ၉၀၀ ကျော်ရှိနေပြီးဖြစ်ပါတယ်။