Copic Marker Part ( 1 )

✨ Illustrator တိုင်းရဲ့ အိမ်မက် Copic Marker Part ( 1 ) ✨
▪️ကဲ… ဒီနေ့မှာတော့ Illustration ဆွဲတဲ့သူတိုင်း သိကိုသိထားသင့်တဲ့ နိုင်ငံတကာက Fashion နဲ့ပက်သတ်သူတိုင်းရဲ့ အသဲစွဲ Marker အကြောင်းကို အမပြောပြပေးမှာ ဖြစ်ပါတယ်…
▪️အမတို့ ရဲ့ ဖက်ရှင် illustration တွေ ၊ ဒီဇိုင်းတွေရေးဆွဲတဲ့အခါမှာ မဖြစ်မနေ အသုံးပြုရတဲ့ Maker Pen တွေကလည်း အမျိုးအစားစုံလင်စွာရှိပါတယ်…
▪️အဲ့ဒီထဲကမှ အသုံးပြုရအရမ်းကောင်းမွန်ပြီး Fashion illustrator တိုင်းလိုချင်ကြတဲ့ ၊ illustrator တိုင်းရဲ့ အိမ်မက် ” Copic Maker ” အကြောင်းကို ဒီနေ့မှာ အမက ပြောပြပေးမှာဖြစ်ပါတယ်…
🔺အောက်မှာလဲ Copic marker နဲ့ ဆွဲထားတဲ့ အမရဲ့ Drawing တစ်ချို့ ကို ပြပေးထားတယ်နော် …🔺

ကဲ… စလိုက်ရအောင်နော် 👇🏻
…………………………………………………………….
❓Copic ဆိုတာ ဘာလဲ …❓

  • Copic ဆိုတာ အမတို့လို အနုပညာကို တီထွင်ဖန်တီးသူတွေနဲ့ ဝါသနာရှင်တွေသာမက Professional artist တွေအထိပါ သဘောကျနှစ်သက်ကြတဲ့ အထင်ကရ Graphic markers အမှတ်တံဆိပ်လေးတစ်ခုပဲဖြစ်ပါတယ်…
  • Copic Marker ဟာ ဂျပန်အင်ဂျင်နီယာနည်းပညာများနဲ့ ကမ္ဘာပေါ်မှာ ဝယ်ယူအသင့်ဆုံး အရက်ပြန်ကို အခြေခံထားတဲ့ Quality မြင့် Marker Brand တစ်ခုဖြစ်ပါတယ်…
  • Copic Marker တွေက စျေးကွက်ထဲမှာရှိတဲ့ ဘယ် Brand တွေ ထက်မဆို ပိုမို စုံလင်တဲ့ အရောင်တွေကို ရွေးချယ်စရာများများရှိအောင် ထုတ်လုပ်ပေးထားပြီး အရောင်တွေကို (358) ရောင်ထိရရှိမှာဖြစ်ပါတယ်…
  • Copic Maker တိုင်းက Marker ထဲမှာရှိတဲ့ အရောင်ကုန်သွားရင်လည်း Refill ပြန်လုပ်လို့ရပြီး အမတို့တစ်ခါတလေ ပုံဆွဲရင်း Marker ထိပ် ဖွာသွားတာတွေ ဖြစ်ရင်လည်း အလွယ်တကူလဲပြီး ပြန်သုံးလို့ရတာမို့လို့ ငွေကုန်သက်သာစေတဲ့အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်ပါတယ်…
  • Quality Control ကောင်းတာမို့ ဘယ်အချိန်ဝယ်ဝယ် Quality မကျသွားတဲ့အပြင် ခေတ်နဲ့အညီ အမြဲ စမ်းသပ်ချက်တွေရှိတာမို့လို့ Marker တိုင်းက ကိုယ်နဲ့ တသားထဲရှိနေမှာပါ…
  • ဒါအပြင့် ” Multiliners Pen ၊ Premium Quality စက္ကူ နဲ့ Copic Airbrush Set ” တို့ကိုလည်း အလွယ်တကူဝယ်ယူလို့ရအောင် ထုတ်ပေးထားပါတယ်…
    ဒါဆို Copic အသေးစိတ်လေးအကြောင်း ဆက်ဖတ်ကြည့်ရအောင်နော် 👇🏻
    …………………………………………………………….
    1️⃣ 358 Colors
    ✔️ Beginner တိုင်း အသုံးပြုတဲ့ အခြေခံအရောင်တွေကိုသာမက ၊ Advanced Illustration အထိပါ အသုံးပြုလို့ရတဲ့ Shades တွေ ၊ အရောင်တွေကို အလွယ်တကူ ဝယ်ယူလို့ရအောင် စုစုပေါင်း 358 ရောင်တောင် ထုတ်လုပ်ပေးထားတာကလည်း Copic ရဲ့ အားသာချက်ဖြစ်နေပြန်တယ်…
    ✔️ Illustration နယ်ပယ်က မဟုတ်ဘူးဆိုရင်တောင် ၊ ကိုယ့်ရဲ့ နယ်ပယ်မှာလည်း ကိုယ်က ကျွမ်းကျင်အဆင့်ထိမဟုတ်သေးဘူးဆိုရင်တောင် ကိုယ့်ရဲ့ Artwork နဲ့ ကိုက်ညီတဲ့ Color ကို Copic မှာတွေ့ရမှာဖြစ်ပါတယ်…
    …………………………………………………………….
    2️⃣ Products that last a lifetime
    ✔️ အမ အပေါ်မှာ ပြောခဲ့သလိုပါပဲ Copic တွေက မှင်ကုန်သွားတဲ့အခါမှာလဲ အလွယ်တကူ Refill တွေနဲ့ Replacement လုပ်လို့ရတာမို့လို့ Copic Markers တိုင်းဟာ တစ်ခါ ဝယ်ပြီးတာနဲ့ Lifetime အသုံးပြုလို့ရမှာဖြစ်ပါတယ်…
    …………………………………………………………….
    3️⃣ Alcohol-based dye ink
    ✔️ Copic ရဲ့ အားသာချက်တွေက အတော်များများ Markers တွေကို Alcohol-Based နဲ့ ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်…
    ✔️ ဒီနေရာမှာ အမသတိထားမိတာတစ်ခုက တခြား Markers တွေဆို ပုံဆွဲထဲမှာ အရက်ပြန်နံ့က တအားနံနေတာမျိုး ၊ အရက်ပြန်တအားများလို့ စာရွက်ပေါက်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်… ဒါပေမယ့် Copic မှာတော့ သူ့ရဲ့ အနံ့က တအားဆူးမနေဘဲ အနံ့ယဉ်ယဉ်လေးသာဖြစ်ပြီး ဆွဲတဲ့အခါမှာလဲ တခြား Marker တွေဆီက မရဘူးသေးတဲ့ နူးညံ့နေတဲ့ ခံစားချက်ကို ရတယ်…
    ✔️ နောက်ပြီး Copic ရဲ့ မှင်သားက စက္ကူပေါ်မှာ ဆွဲလိုက်တဲ့အခါ မထူဘဲ ပါးတဲ့အတွက် အရောင်တွေစပ်တာ ၊ Layer တွေထပ်တာ ၊ Blending အလွယ်တကူလုပ်လို့ရတာ ၊ Shading တွေ ထည့်လို့ရတာမျိုးတွေအတွက်လည်း လွယ်ကူပါတယ်…
    ✔️အကြိမ်ပေါင်းများစွာ Layering လုပ်ပြီး ဆွဲနေရင်တောင် စက္ကူသားပျက်စီးသွားတာမျိုး မဖြစ်ပါဘူး …
    …………………………………………………………….
    4️⃣ Versatility
    ✔️ အစကတော့ Professional Designer တွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့ပေမယ့် ယခုအချိန်မှာတော့ Illustrations, ပန်းချီလက်ရာများ, ဗိသုကာပညာရပ်များ, Manga နဲ့ တခြားသော အနုပညာတွေမှာလည်း တွင်ကျယ်စွာ အသုံးပြုလာကြတဲ့ အဖိုးတန် Maker တစ်ခု ၊ Artist တိုင်းရဲ့ အိမ်မက်တစ်ခုဖြစ်နေပါပြီ …
    …………………………………………………………….
    5️⃣ More than 30 years of history
    ✔️ Copic ကို Professional designers တွေအတွက် Graphic markers တွေကို 1987 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်…
    ✔️အခုချိန်မှာတော့ Copic ဟာ တီထွင်ဖန်တီးနိုင်စွမ်းကို လှုံ့ဆော်ပေးနိုင်တဲ့ စစ်မှန်ပြီး တက်ကြွမှုရှိတဲ့ Color အရည်အသွေးနဲ့ အနုပညာနယ်ပယ်အသီးသီးက အသုံးပြုတွေအကြား အတော်လေးကို ရေပန်းစားနေတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်နေပါပြီ…
    …………………………………………………………….
    ကဲ … ဒါဆို…
    အပေါ်က အချက်တွေအများကြီးထဲကမှ ဒီနေ့မှာ အရောင်အသွေးစုံလင်လှပါတယ်ဆိုတဲ့ Copic ရဲ့ အရောင်တွေအကြောင်းကို ဆက်ပြီး အသေးစိတ်လေ့လာကြည့်ရအောင်နော် 🙋🏼‍♀️
    ▪️ Copic အရောင်တွေက မှန်ကန်တဲ့ အရောင် ၊ အရည်အသွေးကို ပေးနိုင်ရုံသာမက နယ်ပယ်ပေါင်းစုံက လူတိုင်းအသုံးပြုလို့ရအောင် ထုတ်လုပ်ပေးထားပါတယ်…
    ▪️အရောင်တွေကို စီဖို့ဆိုရင် အရောင်တွေကို ( 17 ) ရောင်စုံ ခွဲထုတ်လို့ရပြီး သတ်မှတ် အရောင်အသွေးများနှင့် နံပါစဉ်ကိုများကိုရှာဖွေရာတွင် အထောက်အကူဖြစ်စေဖို့အတွက် အရောင်ကုဒ်စနစ်တစ်ခုကိုလည်း ဖန်တီးပေးထားပါသေးတယ်…
    ▪️အသုံးပြုသူတွေရဲ့ သီးသန့်လိုအပ်ချက်တွေကို ဖြည့်စည်းပေးဖို့အတွက် Research များစွာလည်းပြုလုပ်ခဲ့ပြီး နာမည်ကြီး Designers, architects, manga illustrators တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်…
    ▪️နောက်ပြီး အမအကြိုက်ဆုံး System တစ်ခုကတော့ အကယ်၍ ကိုယ်လိုချင်တဲ့ အရောင် ၊ Shade ကို စျေးကွက်ထဲမှာ အခုချိန်ထိ မထုတ်ရသေးဘူးဆိုရင်တောင် Copic ဘက်ကို Email ပို့ဆက်သွယ်ပြီးတော့ ကိုယ်လိုချင်တဲ့အရောင်ထုတ်ပေးဖို့တောင်းဆိုလို့ရပါတယ်…
    ▪️နောက်တချက်ကတော့ ခေတ်နဲ့ အညီပြောင်းလဲလာတာနဲ့အမျှ အမြဲ Research တွေလုပ်နေပြီး Copic Marker တွေက ဘယ်အချိန်ဖြစ်ဖြစ် ခေတ်နောက်ကျ ကျန်ခဲ့မှာ မဟုတ်လို့ အမတို့နဲ့ အမြဲတမ်း အတူရှိနေမယ့် Marker ပဲဖြစ်ပါတယ်…
    …………………………………………………………….
    ပုံမှန်ကတော့ Marker တွေက အတူတူပဲလို့ ပြောလို့ရပေမယ့် တကယ်တမ်း အမတို့ ဆွဲကြည့်တဲ့အခါမှာ Quality ကွာလို့ စက္ကူတွေလိပ်ကုန်တာ ၊ ပြဲကုန်တာ ၊ အနံ့စူးတာ ၊ အချိန်ကြာလာတဲ့ အခါမှာ မှင်ခြောက်တာ ၊ မှင်ကုန်သွားရင် လွှင့်ပစ်ရတဲ့ တစ်ခါသုံးပဲ ဖြစ်နေတာ စတဲ့ အချက်တွေကို Copic မှာဆိုရင်တော့ စိတ်ပူစရာမလိုတော့လို့ အမတော့ အရမ်းပဲ သဘောကျမိပါတယ်…🤩

ကဲ …. ဒါဆို ဒီနေ့တော့ တော်တော်များများလဲ Copic အကြောင်း သိသွားခဲ့ပြီးနော် ..စာလဲရှည်သွားပြီးမို့ ဒီနေ့အတွက်ကို ဒီမှာဘဲ ခဏရပ်နားလိုက်မယ်နော် …👋
နောက်တခေါက်မှာလည်း ✨ Illustrator တိုင်းရဲ့ အိမ်မက် Copic Marker Part ( 2 ) ✨ မှာ Copic ရဲ့ Color set တွေ၊ ဈေးနှုန်းတွေ ၊ ဝယ်ယူလို့ရမယ့် ဆိုင်တွေ အကြောင်းကို ပြောပြပေးသွားဦးမှာမို့လို့ စောင့်မျှော်ပေးကြပါဦးနော်…🙋🏻‍♀️
✅ အမ မျှဝေပေးသွားတာ အကျိုးရှိတယ်ဆိုရင် Like and Share လေးလုပ်ပေးသွားပါဦးနော်
✅ သူငယ်ချင်းတွေ ၊ အသိတွေထဲက သိသင့်တယ်လို့ထင်တဲ့သူတွေကိုလည်း mention လုပ်ပေးသွားပါဦးနော်
✔️ အကျိုးရှိစေမယ့်သူများထံ ပြန်လည် မျှဝေခြင်းဖြင့် ပညာကုသိုလ်ယူပါ ✔️
💙🖤 Turning your passion into fashion 🖤💙