Fabric Rendering

Fashion Illustrator တွေအတွက်ရော Designer တွေအတွက်ပါ သိထားသင့်တဲ့ Fabric Rendering အကြောင်းဘဲ ဖြစ်ပါတယ်…
အောက်ကပုံလေးတွေမှာ Fabric အခေါ်အဝေါ်လေးတွေပါ ပါလို့ ပိတ်သားကိုပါ လေ့လာလို့ရပါတယ်နော်။

▪️အရင်ဦးဆုံး ဒီဇိုင်းတစ်ခုကို စတင်ဖန်တီးတဲ့အခါ Sketch အကြမ်းကို အရင်စဉ်းစားရပါမယ်။
▪️ပြီးတာနဲ့ ကိုယ်စဉ်းစားထားတဲ့ ဒီဇိုင်းကို ဘယ်လို ပိတ်သားနဲ့ ချုပ်မလဲဆိုတာကို ဈေးကွက်မှာ အရင်ရှာဖွေရပါမယ်။
▪️ဒီဇိုင်းဆွဲပြီးမှ ပိတ်သားမရှာပါနဲ့ ။

▪️တစ်ခါတစ်လေ ကိုယ်ဆွဲထားတဲ့ ဒီဇိုင်းက ကိုယ်ဝယ်လိုက်တဲ့ ပိတ်သားနဲ့ မကိုက်ညီတဲ့ အခြေအနေတွေ, ကိုယ်ဆွဲထားတဲ့ Fabric pattern က ဝယ်လိုက်တဲ့ Fabric patternနဲ့ မတူညီတဲ့ ပုံစံတွေကို ကြုံတွေ့ရတတ်ပါတယ်။

▪️အဲ့ဒီအခါ ဒီဇိုင်းကို အစကနေပြန်ဆွဲ ပြန်ပြောင်းလဲလုပ်ရင် အချိန်လဲ ပိုကြာစေပါတယ်။
▪️ဒါကြောင့် ပိတ်သားဝယ်ပြီးမှ စဉ်းစားထားတဲ့ ဒီဇိုင်းဆွဲတဲ့အခါ ဝယ်လိုက်တဲ့ Fabric pattern ကိုကြည့်ပြီး ကိုယ်ဆွဲထားတဲ့ Sketch ထဲမှာလဲ Fabric rendering အဖြစ် ပိုပြီး Detail ကျကျ ဖန်တီးလို့ရပါတယ်။

ဒါကြောင့် ဒီနေ့လေးမှာတော့ အားလုံးအတွက် ဒီဇိုင်းတွေ ဆွဲတဲ့အခါ Fabric ကိုကြည့်ပြီး ဖန်တီးထားတဲ့ ဒီဇိုင်းတွေ, ဒီဇိုင်းပေါ်မှာ ဆွဲတဲ့ Fabric Rendering တွေ, Fabric အခေါ်အဝေါ်တွေ ကိုပါ လေ့လာလိုရအောင် Zue သင်ကြားခဲ့ရတဲ့ ” Fabric Rendering in Marker Project Examples ” များကို ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *