🎥 Fashion Movie တွေကြည့်ရင်း ပညာယူကြမယ် 🎥
🙋🏻♀️ ကဲ….. ခုလိုကာလကြီးမှာ အိမ်မှာနေရင်း စာတွေဘဲ လေ့လာနေရတော့ ငြီးငွေ့တာမျိုးတွေ ဖြစ်တတ်ကြတယ်လေနော်… အမလဲ တစ်ခါတစ်လေဆို ဒီဇိုင်းတွေ ဆွဲနေရင်း… အိုင်ဒီယာတွေပျောက်ပြီး ခေါင်းတွေ ပူလာတဲ့အချိန် ရှိတယ်… အဲ့လိုအချိန်ဆို သီးချင်းနားထောင်တာဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာလေး ဖြစ်ဖြစ်နဲ့ ခေါင်းကို အနားပေးလေ့ရှိတယ်….
✔️အဲ့လိုအနားပေးတဲ့အခါမှာလဲ အနားလဲယူရင်းနဲ့ ပညာပါရတယ်ဆို ပိုကောင်းတယ်လေနော်… ရုပ်ရှင်တစ်ခုကြည့်ရင်လဲ အကျိုးမရှိတာတွေကို အချိန်ကုန်ခံ ကြည့်နေမယ့်အစား အကျိုးရှိတာလေး တစ်ခုခုကြောင့် ကြည့်ရတယ်ဆို ဘယ်လောက် တန်ဖိုးရှိလိုက်လဲနော်… ✔️
- ဒါကြောင့် ဒီနေ့မှာတော့ အမလိုမျိုး အနားယူချိန်လေးမှာ ရုပ်ရှင်ကြည့်ရင်း ပညာယူလို့ ရအောင် ရည်ရွယ်ပြီး… အမက Fashion Design ကို ချစ်တဲ့သူတွေအတွက်ရော ၊ Designer တွေ ၊ illustrator တွေအတွက် Fashion Movie တွေထဲကမှ Ideas အသစ်တွေရအောင်လို့ ကြည့်သင့်တဲ့ ရုပ်ရှင် ( 12 ) ကားအကြောင်းကို ညွှန်းပေးမှာဖြစ်ပါတယ်…🤩
- တစ်ချို့ Movie တွေကတော့ Movie ဆိုတာထက် လေ့လာလို့ အရမ်းကောင်းတဲ့ ” Documentary Movie ” လေးတွေ ဖြစ်ပါတယ် 🤩
ကဲ…. အားလုံး စိတ်ဝင်စားကြမယ် ထင်ပါတယ်နော်…
စလိုက်ကြရအောင် 👇
🎥 Fashion Movie 🎥
- CoCo Avant Chanel ( 2009 )
▪️ အခုခေတ်မှာဆိုရင် Chanel လို့ဆိုတာနဲ့ အမတို့အားလုံးနဲ့ မစိမ်းတဲ့ လူတွေအားလုံးသိကြတဲ့ brand တစ်ခုဖြစ်ပါတယ်…
ဒီရုပ်ရှင်ထဲမှာဆိုရင် Chanel Brand ကို စပြီးတည်ထောင်ခဲ့တဲ့ ပြင်သစ်ဒီဇိုင်နာ ” CoCo Chanel ” အနေနဲ့ Chanel ကို စပြီးမလုပ်ခင်မှာ ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံကို ရိုက်ပြထားတာကို မြင်တွေ့ရမှာပါ….
▪️CoCo Chanel ဟာ ဖခင် ဖြစ်သူရဲ့ Aubazine မှာရှိတဲ့ မိဘမဲ့ဂေဟာမှာ စွန့်ပစ်ခြင်းကို ခံခဲ့ရပါတယ်…
နောက်ပြီးတော့ မိဘမဲ့ဂေဟာကနေ ထွက်လာပြီး နှစ်ပေါင်းများစွာထိ နောက်တချိန် CoCo Chanel ဖြစ်လာမယ့် Gabrielle Chanel က ဘားမှာအလုပ်လုပ်ခဲ့တဲ့ ဘဝဖြစ်စဉ်တစ်ခုလုံးကိုပါ ဒီ Movie မှာ ရိုက်ပြထားတာဖြစ်ပါတယ်…
▪️နေ့ဘက်မှာ ဖျော်ဖြေရေးသမားများအတွက်အပ်ချုပ်သမားအဖြစ်လုပ်ကိုင်ပြီး ညဘက်မှာ cabaret အဆိုတော်တစ်ဦး အဖြစ်အလုပ်လုပ်ခဲ့တဲ့ သူပါ… အစ်မဖြစ်သူ Adrienne နဲ့ Gabrielle တို့ဆိုတဲ့ နာမည်ကနေပြီးတော့ “ Coco” ဆိုတဲ့နာမည်ပြောင်ကိုရခဲ့ပါတယ်… ဒီရုပ်ရှင်ထဲမှာ CoCo Chanel က Chanel brand ကို စတင်ဖို့အတွက် ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာကို ဒီဇာတ်ကားထဲမှာတွေ့ရမှာဖြစ်ပါတယ်… - The Devil Wears Prada ( 2006 )
( ဒီ ဇာတ်ကားကတော့ အမ အရမ်းကြိုက်တဲ့ Fashion Movie ထဲက တစ်ကားပါ… အဓိက ဇာတ်ဆောင်မင်းသမီးရဲ့ ပြောင်းလဲသွားတဲ့ Fashion အမျိုးမျိုးကို မြင်တွေ့ရမယ့်အပြင် Fashion လုပ်ငန်းခွင် အတွေ့အကြုံများကိုပါ လေ့လာရမှာ ဖြစ်ပါတယ် )
▪️Journalist တစ်ယောက်အနေနဲ့ Northwestern University ကနေဘွဲ့ရလာပြီး Fashion လောကကို အလွှမ်းမိုးဆုံး Runway မဂ္ဂဇင်းထုတ်သူ Miranda Priestly လက်အောက်မှာ Junior Personal Assistant ရာထူးကို ကံအားလျှော်စွာနဲ့ ရခဲ့ပေမယ့် အစပိုင်းမှာ တလွှဲတွေကြီးလုပ်တဲ့ The Devil Wears Prada ဇာတ်ကားထဲက Andy ဇာတ်ကောင်ကို မသိတဲ့သူရှားမှာပါ….
▪️လုပ်ငန်းခွင်မှာ အမြဲ တလွဲတွေလုပ်တဲ့ Andy က နောက်ပိုင်းမှာ Fashion industry ထဲကို ဘယ်လို အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားခဲ့လဲဆိုတာကို မကြည့်ရသေးတဲ့သူတွေရှိရင် ကြည့်ဖို့အတွက် အမကတိုက်တွန်းချင်ပါတယ်… - Marie Antoinette ( 2006 )
▪️Marie Antionette ဆိုတာ Haute Couture တွေစပြီး ဝတ်ဆင်ခဲ့တဲ့ ဘုရင်မ တပါးလို့တောင်ပြောလို့ရပါတယ်…
▪️အဲ့လို ကြီးကျယ်ခမ်းနားတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ခဲ့တဲ့ ဘုရင်မ Marie Antionette အကြောင်းရိုက်ထားတဲ့ ရုပ်ရှင်ကားထဲမှာလည်း ဝတ်စုံအမိုက်စားတွေ ၊ ဖက်ရှင်တွေကို လေ့လာလို့မကုန်တာမို့လို့ အမက ကြည့်ဖို့ ထပ်ပြီး အကြံပေးချင်ပါသေးတယ်…
📍အမရေးပေးဖူးတဲ့ Haute Couture အကြောင်းဖတ်ရှုလိုပါက – https://www.facebook.com/432554843785776/posts/1471100093264574/?d=n 📍 - House of Versace ( 2013 )
▪️ဒီဇာတ်ကားက အီတလီဖက်ရှင်ဒီဇိုင်နာနဲ့ Versace ကုမ္ပဏီတည်ထောင်သူ Gianni Versace အကြောင်းဖြစ်ပြီးတော့ သူ့ရဲ့ Career မှာ အရမ်းထူးချွန်တဲ့ Gianni က အသက် ( 50 ) အရွယ်မှာ မိုင်ယာမီရှိတဲ့ သူ့ရဲ့နေအိမ်ရှေ့မှာ ပစ်သတ်ခြင်းကိုခံခဲ့ရပါတယ်…
▪️အဲ့ဒီနောက်မှာတော့ မောင်နှမနှစ်ဦး ဖြစ်တဲ့ Donatella နှင့် Santo တို့က Versace ကုမ္ပဏီကိုခွဲဝေယူခဲ့ကြပါတယ်… Donatella က အဲ့ဒီ အချိန်ကစပြီး မူးယစ်ဆေးဝါးများသုံးစွဲခဲ့တာ နောက်ဆုံးမှာ ဒေဝါလီတောင်ခံရတော့မယ့်အခြေအနေကိုရောက်ခဲ့ပါတယ်… အဲ့ဒီလိုအခြေအနေကနေ အခုချိန်မှာ ကမ္ဘာပေါ်မှာရှိတဲ့ သဩဇာအရှိဆုံးဖက်ရှင်အမှတ်တံဆိပ်များထဲမှတစ်ခုဖြစ်အောင် ဘယ်လိုတွေဖြတ်သန်းခဲ့လဲဆိုတာကို ရိုက်ပြထားတဲ့ ရုပ်ရှင်ဖြစ်တာမို့လို့ ထပ်ပြီး လက်မလွတ်သင့်တဲ့ Movie လေးပါ…. - Saint Laurent ( 2014 )
▪️ Saint Laurent လို့ ဆိုလိုက်တာနဲ့ YSL ဆိုတဲ့ Luxury Brand လေးကို အားလုံး မြင်ယောင်လာမှာ ဖြစ်ပါတယ်…
▪️ဒီကားလေးမှာတော့ ဖက်ရှင်ဒီဇိုင်နာ ” Yves Saint Laurent ” ရဲ့ ( 1967 ) ခုနှစ်နဲ့ ( 1976 ) ခုနှစ်အတွင်း ဘဝဇာတ်ကြောင်းတွေအပြင် Fashion Industry ရဲ့ Icon တစ်ယောက်ဖြစ်လာပုံကိုပါ ဒီ ဇာတ်ကားထဲမှာ စုံလင်စွာ စိတ်ဝင်စားဖွယ်ကောင်းအောင် ပြသပေးထားတာဖြစ်ပါတယ်… - Dior and I ( 2014 )
▪️နာမည်ကျော်ပြင်သစ်ရဲ့ Fashion House ဖြစ်တဲ့ Dior ကနေ Couture လုပ်ခြင်းရဲ့နောက်ကွယ်မှမြင်ကွင်းများတွေကို ရိုက်ကူးပြသထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်…
▪️Dior တည်ထောင်သူ Christian Dior ရဲ့ စိတ်ကူးများနှင့်ဖန်တီးမှု နောက်ကွယ်မှ စကားသံများနှင့်အတူဒီဇိုင်နာ Raf Simons ရဲ့ Brand အတွက် ပထမဆုံး Haute couture collection အမှတ်တံဆိပ်ကို ဘယ်လိုဖန်တီးခဲ့ကြလဲဆိုတာ အတွင်းကျကျလေ့လာလို့ရနိုင်မယ့် အခွင့်အရေးတစ်ခုကို ဒီရုပ်ရှင်ကြည့်ရင်းရရှိမှာဖြစ်ပါတယ်…
▪️ဖက်ရှင်ကျကျဖန်တီးတဲ့အရာတွေ အများကြီးပါဝင်တာကြောင့်အံ့ဩဖို့ ကြိုမျှော်လင့်ထားရမယ့်အပြင် နောက်ဆုံးအခန်းမှာလည်း ငိုရဦးမှာဖြစ်ပါတယ်… - The Dressmaker ( 2015 )
▪️အစမှာ အသက် ( 10 ) နှစ်လောက်အရွယ်ကျောင်းသူ Myrtle Dunnage က သူ့ရဲ့ အတန်းဖော် ကိုသတ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့အတူ ရဲတွေက သူတို့မြို့နဲ့ အဝေးကိုပို့လိုက်ကြပါတယ်…
▪️( 25 ) နှစ်အကြာ ၊ ( 1951 ) ခုနှစ်မှာ
အလှဆုံးအဝတ်အထည်ပြုလုပ်သူ Myrtle က သူ့ကိုယ်သူ Tilly လို့အမည်ပေးထားပြီး အရမ်းကို လှပပြီး Fashion ကျတဲ့ အင်္ကျီတွေကို ချုပ်လုပ်သူအဖြစ်ပြန်လာခဲ့ပါတယ်…
Tilly က Stewart သေဆုံးခြင်းအတွက်ဘာကိုမှမမှတ်မိတော့ပါဘူး …
သူဟာ ပျင်းစရာမြို့ကျဉ်းလေးထဲမှာနေထိုင်တဲ့ သူတွေအတွက် အလှဆုံးအဝတ်အစားတွေချုပ်လုပ်ပေးခဲ့ပြီး Stewart ရဲ့ သေဆုံးခြင်းကရော သူ့ထံ ဘယ်လိုပြန်လာမလဲဆိုတာ စိတ်ဝင်စားစရာကြည့်ရှုရမှာပါ…
▪️ပုံမှန်ဆိုရင်တော့ ဒီဇာတ်ကားက Thriller, Comedy , Revenge ဇာတ်ကားအမျိုးအစားဖြစ်ပြီး တခြား Fashion Movies တွေနဲ့မတူဘဲ ထူးခြားစွာ Fashion အလန်းတွေနဲ့ ဇာတ်လမ်းကိုဆွဲခေါ်သွားမှာဖြစ်ပါတယ်… - The first Monday in May ( 2016 )
▪️The first Monday in May ရဲ့ ထူးခြားတဲ့အချက်ကတော့ Documentary ပုံစံ ရိုက်ကူးထားတာဖြစ်ပါတယ်…
▪️( 2015 ) ခုနှစ်က ရုပ်ရှင်ဒါရိုက်တာ Andrew Rossi က New York မြို့မှာရှိတဲ့ Metropolitan Museum of Art that showcases မှာပြုလုပ်တဲ့ China: Through the Looking Glass ပြပွဲနဲ့ Met Gala ပွဲ ပူးတွဲပြင်ဆင်ပုံတွေကို အပြင်လူတစ်ယောက်က ကြည့်နေရတယ်ဆိုတဲ့ ခံစားချက်မျိုး ပေးနိုင်တဲ့ Documentary မျိုးဖြစ်ပါတယ်…
▪️( 2015 ) Met Gala ရဲ့ Theme က Chinese-inspired Western fashions ဖြစ်ပြီး အဲ့လို Theme အလိုက် ဘယ်လိုပြင်ဆင်ကြလဲ ၊ ဘယ်လို Celebrities တွေကို ဖိတ်ကြားကြလဲဆိုတာ အသေးစိတ်တွေ့မြင်ရမှာပါ…
▪️နောက်ပြီး အဲ့ဒီပွဲမှာဆိုရင် ဒီဇိုင်နာပေါင်း ( 40 ) ရဲ့ ဝတ်စုံပေါင်း ( 150 ) ကို တဝကြီးစိတ်ဝင်တစားကြည့်ရှုရမှာဖြစ်တဲ့အတွက် အမကတော့ Fashion ကို စိတ်ဝင်စားသူတိုင်းကို မဖြစ်မနေ ကြည့်ကို ကြည့်သင့်တယ်လို့ အကြံထပ်ပေးချင်ပါတယ်… - Emily in Paris ( 2020 )
ကဲ… ဒီ Series လေးကတော့ Fashion လောကမှာ မသိသလောက် Fashion Series လေး ဖြစ်ပါတယ်နော်…
အသက်ငယ်ငယ်နဲ့ Paris ကို အလုပ်လုပ်ခွင့်ရခဲ့ပြီး လုပ်ငန်းခွင်မှာ တွေ့ကြုံခဲ့တဲ့ အမှားတွေ ၊ ဘာသာစကားအခက်အခဲတွေကြောင့် သူများနိုင်ငံမှာ ခက်ခဲခဲ့တာတွေ ၊ Maketing အားကောင်းတာကြောင့် အခွင့်အလမ်းတွေ ရခဲ့တာတွေ နဲ့အတူ သူမရဲ့ Fashion အသစ်အဆန်းလေးတွေကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်…
Fashion ဆို Clothing တွေလောက်ဘဲ လေ့လာခဲ့ကြပေမယ့် ဒီ Series မှာတော့ ဦးထုတ်တွေ ၊ ဖိနပ်တွေ ၊ အိတ်တွေနဲ့ Makeup look များကိုပါ လေ့လာခွင့်ရအုန်းမှာပါ…
ဒီတော့ Fashion အမျိုးမျိုးကိုသာမက Fashion Company တစ်ခုမှာ လည်ပတ်နေတဲ့ အတွေ့အကြုံတွေကို Series လိုက် တဝကြီး လေ့လာခွင့်ရမှာ ဖြစ်လို့ ဒီ Series ကလဲ ကြည့်သင့်ပါတယ်… - Bridgerton ( 2020 )
▪️အမ ထပ်ပြီး ညွှန်းပေးချင်တာတော့ Fashion Movie လေးမဟုတ်ဘဲ အရမ်းကိုထူးခြားတဲ့ အပိုင်း ( 8 ) ပိုင်းပါတဲ့ Series လေးတစ်ခုဖြစ်ပါတယ်…
▪️ဇာတ်လမ်းလေးက ရိုးရှင်းပေမယ့် အထဲမှာပါဝင်တဲ့အင်္ကျီ ဒီဇိုင်းတွေကတော့ မရိုးရှင်းဘဲ စိတ်ဝင်စားစရာကောင်းပြီး ဆွဲဆောင်မှုအပြည့်နဲ့ Series တစ်ခုဖြစ်ပြီး Haute Couture ဘာလဲဆိုတာ လေ့လာချင်တဲ့သူတွေအတွက် အဆင်ပြေစေမှာအသေအချာပါပဲ…
▪️Bridgerton ထဲက ဝတ်စုံတွေအတွက် Costume Designer Ellen Mirojnick မှတာဝန်ယူဖန်တီးပေးထားပါတယ်…
▪️Costume Designer Ellen Mirojnick ဆိုတာ အမတို့မကြာသေးခင်ကမှ ထွက်တဲ့ Cinderella ဇာတ်ကားရဲ့ Costume Designer ပဲဖြစ်ပါတယ်…
📍အမရေးပေးထားတဲ့ Cinderella ရဲ့ Costume တွေကိုသိရှိလိုပါက – https://www.facebook.com/432554843785776/posts/1463787810662469/?d=n 📍 - Cruella ( 2021 )
▪️Cruella လို့ ကြားလိုက်တာနဲ့ ခွေးလေးနှစ်ကောင်ရယ် ဆံပင် တစ်ခြမ်းဖြူ တစ်ခြမ်းမဲ ပြီး အလိုမကျတဲ့ မျက်လုံးတွေနဲ့ ကြည့်တတ်တဲ့ ကောင်မလေးကို တန်းမြင်မိကြမှာပါ…
▪️2021 ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး Fashion Movie တွေထဲမှာ Cruella က ထိပ်ဆုံးက ပါဝင်နေတာ အားလုံး သိကြမှာပါ….
▪️Estella ဆိုတဲ့ ကလေးမက အရမ်းကို Talent ဖြစ်ပြီး ကလေးဘဝထဲက သူ့ရဲ့ Fashion တွေက သူများနဲ့ မတူခဲ့ပါဘူး … သူ့အမေနဲ့ သူ မြို့သေးသေးလေးက ထွက်ပြီး သူ့ဘဝအတွက်ပိုပြီးကောင်းမွန်တဲ့နေရာကို ပြောင်းချိန်မှာ မထင်မှတ်ထားတာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်… အဲ့လို အခက်အခဲတွေဖြစ်ပေါ်လာပေမယ့် သူ့ရဲ့ Fashion Talent တွေ ၊ Genius ဖြစ်မှုတွေကို လက်မလျှော့ပဲဆက်ပြီး ကြိုးစားတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်လို့ ခုလို အိမ်မှာနေရင်း Motivation ကျနေပြီး Creative idea တွေ မထွက်လာဘူးဆိုရင် ဒီကားလေးကို ကြည့်ပြီး စိတ်တွေ တက်ကြွေကာ အိုင်ဒီယာအသစ်တွေ ရလာစေမှာပါ…. - Cinderella ( 2021 )
▪️ကဲ…. နောက်ဆုံး အမမိတ်ဆက်ပေးချင်တာကတော့ ငယ်ငယ်ကလေးထဲက လူတိုင်းရဲ့ အိပ်ယာဝင်ပုံပြင်ဖြစ်ခဲ့တဲ့အပြင် ဖန်ဖိနပ်လှလှလေးတွေ မြင်တိုင်း Cinderella လို့ မြင်မိသည်အထိ မိန်းကလေးတိုင်းရဲ့ အချစ်တော် Cinderella Movie လေးဘဲ ဖြစ်ပါတယ်…
▪️ပိတ်လှောင်ခံထားရတဲ့ မြေအောက်ခန်းထဲကနေ အရမ်းကိုမှ အံ့သြစရာကောင်းတဲ့ ရင်သတ်ရူမောစရာ Fashion တွေကို ဘုရင်မလေးအထိ ဝတ်ဆင်ရအောင် ဖန်တီးပေးခဲ့တဲ့ ချစ်စရာကောင်မလေး အကြောင်းကို Music Video လေးနဲ့အတူ Fashion အလန်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်…
ဒီ Movie လေးရဲ့ အကြောင်းလေးကို အမရေးထားတာလေးရှိလို့ ဒါလေးကို ဖွင့်ကြည့်လိုက်တော့နော်…
https://www.facebook.com/432554843785776/posts/1463787810662469/
📍အခု အမ ညွှန်ပေးထားတဲ့ တစ်ချို့သော Movie လေးတွေကတော့ Facebook မှာ အလွယ်တကူ ရှာလို့ရပေမယ့် တစ်ချို့သော Movie တွေကတော့ Netflix & Youtube တို့မှာသာ ရှာလို့ရမှာဖြစ်ပါတယ်… 📍
ဒီ ထဲက ဘယ် Movie တွေက အမနဲ့ အကြိုက်တူလဲ ❓
ဒီထဲက ဘယ် Movie က ကြည့်ပြီးကြပြီးလဲ ဆိုတာလဲ comment မှာ ရေးပေးသွားကြအုန်းနော် ✍🏼
နောက်ပြီး အောက်က ပုံတိုင်းရဲ့အောက်မှာ သက်ဆိုင်ရာ Movie Trailer link လေးတွေကို လေ့လာလို့ရအောင် ထည့်ပေးထားတယ်နော် 👇
ကဲ…. ဒါဆို… ဒီနေ့မှာတော့ အမက Fashion ကိုစိတ်ဝင်စားတဲ့သူတွေ ၊ Fashion Designer တွေ နဲ့ Illustrator တွေအတွက်ကြည့်သင့်တဲ့ ဇာတ်ကား ( 12 ) ကားအကြောင်းကို ညွှန်းပေးသွားတာဖြစ်ပါတယ်… အားလုံးလဲ အိမ်မှာနေရင်း အကျိုးရှိရှိနဲ့ Fashion Movie လေးတွေကို လေ့လာရင်း ကြည့်ခွင့် ရကြလို့ အပျင်းပြေကြမယ် ထင်ပါတယ်နော်…
✅ အမ မျှဝေပေးသွားတာ အကျိုးရှိတယ်ဆိုရင် Like and Share လေးလုပ်ပေးသွားပါဦးနော်
✅ သူငယ်ချင်းတွေ ၊ အသိတွေထဲက ကြည့်သင့်တယ် ၊ သိသင့်တယ်လို့ထင်တဲ့သူတွေကိုလည်း mention လုပ်ပေးသွားပါဦးနော်
✔️ အကျိုးရှိစေမယ့်သူများထံ ပြန်လည် မျှဝေခြင်းဖြင့် ပညာကုသိုလ်ယူပါ ✔️
💙🖤 Turning your passion into fashion 🖤💙
Fashion Illustration by His’s & Her’s🌹🌹🌹