Fashion Illustration Masterclass
A Complete Guide of
fashion Illustration
About Course
Fashion လမ်းကြောင်းထဲဝင်ချင်တယ် ဘာအခြေခံမှမသိဘူး ဘယ်ကစသင့်သလဲ ဆိုတဲ့ ကျောင်းသူတွေအတွက်
ကဲ …. ယူတို့သိချင်တာလေးတွေဖြေပေးလိုက်ပြီးနော် အရင်ဆုံး အဖြေဖတ်နည်းအညွှန်းလေးကို ပြောပြချင်ပါတယ် No.1 to 5 ထိ အရင်ဖတ်ပါ ဖတ်ပြီးတဲ့အခါ စိတ်ဝင်စားလာပြီးဆိုရင်တော့ No.6 အတွက်ကို အဆုံးထိ သေချာဖတ်ရပါမယ် …
Fashion Drawing မဆွဲတတ်ဘူး
– Fashion Drawing အတွက် လက်ရှိမိမိက အခြေခံဘာမှမသိသေးတဲ့သူတစ်ယောက်သာဆို body figure ဆွဲနည်းတွေ၊ Sketch များများဆွဲတတ်ဖို့တွေ၊ line ကို ညီအောင်များများလေ့ကျင့်ဖို့တွေ၊ လှပသပ်ရပ်သော ဆွဲနည်းတွေရဖို့ အခြေခံသမားတစ်ယောက်အနေနဲ့ နေ့စဉ် ပုံ ၅ အောက် မနည်း ဆွဲကျင့်ဖို့လိုပါတယ် ၊ သင်ကြားရေးတစ်ခုထဲအားမကိုးဘဲ ကိုယ်ကိုယ်တိုင် self study လုပ်ဖို့လဲ လိုပါတယ်၊ နောက်ပြီး ဆွဲသာဆွဲနေတယ် ဆွဲနည်းမမှန်ဘူးဆိုလဲ အချိန်သာကုန်တတ်တာမို့ ဆွဲနည်းအမှန်တွေ လေ့လာတတ်ဖို့လဲ လိုပါတယ် …
Fashion School တက်ဖို့ မပြင်ဆင်တတ်ဘူး
– Fashion School တက်ဖို့အတွက် အရင်ဆုံး အရေးကြီးဆုံးက ကိုယ်ရဲ့တက်ချင်တဲ့ ရည်ရွယ်ချက်ရှိဖို့ လိုပါတယ်၊ ရည်ရွယ်ချက်မရှိဘဲ Fashion school တက်မိရင် ငွေကုန်အချိန်ကုန်တာဘဲ ရှိပါမယ်…
– ကိုယ်ဝါသနာကို သေချာလေ့လာပါ ၊ ကိုယ်ဖြစ်ချင်တာကို သေချာရှာဖွေပါ ၊ သိမှ ကိုယ်ရဲ့ ဝါသနာနဲ့ ထပ်တူကျတဲ့ fashion major ကို ရွေးချယ်လို့ရမှာပါ …
– ပြီးရင်တော့ ကိုယ်သွားတက်ချင်တဲ့၊ ကိုယ်မှာရှိတဲ့ ငွေကြေးနဲ့ အဆင်ပြေမယ့် နိုင်ငံကို ရွေးချယ်ပါ ၊ ရွေးချယ်ပြီးရင်တော့ Google မှတဆင့် အဲ့ဒီရွေးချယ်ထားတဲ့ နိုင်ငံမှာရှိတဲ့ Fashion School တွေကို ရှာဖွေပါ ၊ Eg- Thailand မှာ တက်ချင်ရင် ” The Best fashion school in Thailand ” ဆိုပြီးရှာကြည့်ပါ ၊ ကျောင်းကိုရွေးချယ်တဲ့အခါ Ranking ကြည့်ပြီးရွေးတဲ့အပြင် လက်ရှိတက်ရောက်နေသော senior တွေ ရှိရင် သေချာမေးမြန်းစုံစမ်းကြည့်ပါ ….
– ကျောင်းလခတစ်ခုကိုဘဲ မလေ့လာဘဲ ကျောင်းရဲ့သင်ထောက်ကူတွေ တခြားသောနေထိုင်စားသောက်စရိတ်သွားရေးလာရေးအထွေထွေတွေ ကုန်ကြစရိတ်တွေကိုပါ ကြိုတင်လေ့လာပြီး Data စုဆောင်းပါ ၊ သင်ထောက်ကူတွေနှင့် နေထိုင်စားသောက်စရိတ် အထွေထွေစရိတ်ကလဲ ကျောင်းလခနီးပါး ဈေးကြီးတာကြောင့် ကုန်ကျစရိတ်ကို အမြဲ နှစ်ဆ သုံးဆပိုကြိုတွက်ထားပါ …
– သင်ကြားရေးကိုမဟုတ်ဘဲ ကျောင်းနဲ့ပက်သတ်သော အသေးစိတ်ကို သေချာသိချင်ရင်တော့ သူများကို လျှောက်မေးနေမယ့်အစား ကိုယ်တိုင် ကျောင်းရဲ့ website မှတဆင့် ကျောင်းကိုဆက်သွယ်ပြီး ကိုယ်တိုင်သိချင်တာကို အသေးစိတ်မေးပါ ၊ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့် သူတစ်ယောက်အတွက် Google, Google map and Website တွေကို ကျွမ်းကျင်စွာ သုံးတတ်အောင် လေ့ကျင့်ထားသင့်ပါတယ် ….
Fashion Brand အတွက် ဘယ်ကစရမလဲ မသိဘူး
– အရင်ဆုံး ကိုယ်တိုင် Brand တည်ထောင်ချင်တာ ဘာအတွက်လဲ ဆိုတာ သိရပါမယ် ၊ဥပမာ – ဈေးကွက်လိုအပ်ချက်အရလား ၊ကိုယ့်စားဝတ်နေရေးအတွက်လား ၊ ကိုယ်တိုင်ကိုက fashion ဝါသနာပါလို့လား ????
– Local Market research သာမက international market research ပါ လုပ်ရပါမယ်…
– အခြေခံအသေးစိတ်တွေ သေချာ ကြိုတင်လေ့လာရှာဖွေရပါမယ် ၊ ဥပမာ – ပိတ်စဝယ်ယူရေး ၊ accessories ဈေးသက်သာပြီး Q ကောင်းသော ဆိုင်များ ၊ အထည်နည်းနည်းကစပြီးလက်ခံပေးသော ဒီဇိုင်နာချုပ်များ စက်ရုံချုပ်များ လေ့လာစုဆောင်းထားရပါမယ် …
– အခြေခံကျတဲ့ ဈေးကွက် Trend research analysis လုပ်တတ်ထားရပါမယ် …
– ကိုယ်ပိုင် စီးပွါးရေးတစ်ခုကို စတင်ဖို့ အခြေခံကျတဲ့ လိုအပ်ချက်တွေ စုဆောင်းထားရပါမယ် …
Fashion Research တွေ မလေ့လာတတ်ဘူး
– အရင်ဆုံး Fashion Website တွေ သိထားရမယ်
– YouTube ကို အကျိုးရှိအောင် အသုံးချတတ်ရပါမယ်
– Fashion app တွေ သိထားရမယ်
Color တွေ မချယ်တတ်ဘူး
– Color ချယ်တတ်ချင်ရင် အရင်ဆုံး color marker pen ရွေးချယ်ဝယ်တတ်ဖို့ အရမ်းအရေးကြီးပါတယ်၊ ဝယ်ရင်လဲ ကိုယ်က ရေရှည် ဒီလုပ်ငန်းကို သေချာပေါက် ဆက်လုပ်မယ့်သူလား ဆက်လုပ်မယ့်သူဆိုရင် pen တွေကို တစ်ခါတည်း ကောင်းကောင်းဝယ်သုံးပါ ဒါမှ ပုံချယ်တဲ့အခါ လိုချင်တဲ့ အရောင်မရမှာတွေ၊ ဆေးကွက်တာတွေ၊ ခဏလေးနဲ့ ဆေးကုန်တာတွေ ၊ ဆေးတွေဘောင်အပြင်ထွက်ကုန်တာတွေ မဖြစ်တော့မှာပါ ၊ ချွေတာပြီးဈေးသက်သာသော marker တွေ ဝယ်သုံးမိရင်တော့ quality မကောင်းတာတွေကြောင့် အရောင်ချယ်စဉ်အများကြီး စိတ်အနှောက်အယှက်ဖြစ်ရပါတယ် ။ Color ကျွမ်းကျင်စွာ ချယ်တတ်ဖို့အတွက် အလွယ်ကူဆုံးလေ့ကျင့်မှုကတော့ Coloring book မှာ များများ လေ့ကျင့်ဖို့ပါဘဲ ၊ ချယ်တတ်နေရုံဘဲ မဟုတ်ဘူး Color တွေကို နည်းမှန် လမ်းမှန်ချယ်တတ်ဖို့လဲ လိုသလို လိုက်ဖက်တဲ့ Colorတွေ သေချာရွေးချယ်တတ်ဖို့လဲ လိုပါတယ် ၊ color theory တွေ အရောင် အတွဲအစပ်လေးတွေ လေ့လာထားဖို့ လိုပါတယ် …..
ဘာမှမဆွဲတတ်ဘူး ဘယ်ကစရမလဲတောင် မသိဘူး
– ဒီမေးခွန်းအတွက် အကောင်းဆုံးအဖြေကတော့ အရာအားလုံးကို သိနေလို့ လေ့လာနေလို့ဘဲ မရဘဲ ကိုယ်တိုင်လုပ်ဆောင် လေ့ကျင့် သင်ယူရမှာဖြစ်ပါတယ် ၊ မဆွဲတတ်ရင် ဆွဲတတ်အောင် လေ့ကျင့်ရမယ်၊ လေ့ကျင့်မှုမှန်ကန်အောင် သင်ယူရပါမယ်၊ ဘယ်ကစရမလဲမသိရင် အခြေခံကစပြီး ဖွင့်တဲ့အတန်းလေးတွေ စတက်ရပါမယ်၊ လုပ်ချင်တာများနေရင် ခဏအောင့်ထားပြီး အခြေခံကို ပိုင်နိုင်အောင် အရင်သင်ရပါမယ်၊ အမဘာလို့ဒီလိုပြောလဲဆိုရင် ကျောင်းသူတွေက အခြေခံကို သေချာကောင်းစွာ မသင်ယူကြဘဲ advance အတန်းတွေအပြင် တခြားအတန်းတွေကိုပါ ပညာလောဘကြီးပြီး မနိုင်မနင်း တက်ကြလေ့ရှိပါတယ် ၊အဲ့ဒီအခါ အိမ်စာတွေက ဟိုမပြီး ဒီမပြီးဖြစ်မယ် အခြေခံကို ကောင်းစွာ မနိုင်ခဲ့တဲ့အတွက် ရှေ့ကိုမရောက်ဘဲ တက်လက်စအတန်းတွေကိုပါ ဆက်တက်ဖို့ ပျင်းလာတာမျိုး အခက်ခဲရှိလာတာမျိုး ဖြစ်လာပါတယ် … ဒါကြောင့် အခြေခံကို အချိန်ယူပြီး နားလည်အောင် သေချာသင်ယူသင့်ပါတယ် …
Material Includes
- 34 hours on-demand video
- 45 articles
- Full lifetime access
- Access on mobile and TV
- Access on mobile and TV
Course Curriculum
01. Introduction
Welcome! Watch this First
Office Hours
The Magic Student Center
02. Setup and Foundation
Welcome! Watch this First
Office Hours
03. Setup and Foundation
Welcome! Watch this First
Office Hours
The Magic Student Center
Up and running
What Student’s Say
Our core values are at the heart of all that we do.
Jessica Felicio
Thousands of easy‑to‑install add‑ons mean you’ll never outgrow your website. Collect leads, create contact forms, create subscriptions, automatically backup your site.
Cody Fisher
Thousands of easy‑to‑install add‑ons mean you’ll never outgrow your website. Collect leads, create contact forms, create subscriptions, automatically backup your site.
Annette Black
Thousands of easy‑to‑install add‑ons mean you’ll never outgrow your website. Collect leads, create contact forms, create subscriptions, automatically backup your site.
Theresa Webb
Thousands of easy‑to‑install add‑ons mean you’ll never outgrow your website. Collect leads, create contact forms, create subscriptions, automatically backup your site.