Local Clothing Brand

ပြည်တွင်း Clothing Brand တွေရဲ့ ကြုံတွေ့နေရတဲ့ ပြသာနာက ဘာလဲ
အမ ဒီနေ့မှာတော့ အခုလတ်တလော အပြင်အတန်းတွေလဲ ပိတ်ထားတော့ ကိုယ်ပိုင်အချိန်လေးရနေတုန်း ပြည်တွင်း Clothing Brand တွေအကြောင်းကို Online Class က ကျောင်းသူလေးတွေကို Project တစ်ခုအဖြစ် Research လုပ်ခိုင်းရင်း အမကိုယ်တိုင်လဲ ဝင်ပြီး Research လုပ်ကြည့်တော့ မြင်တွေ့ခဲ့ရတဲ့ ပြသာနာ အနည်းငယ်ကို မျှဝေပေးသွားပါမယ်နော်
ကဲ စမယ်နော်

▪️အမတို့ အရင်က အမျိုးသမီးလေးတွေ တော်တော်များများ ပြည်ပထုတ်ကုန်တွေကိုသာ အားပေးခဲ့ကြပြီး ပြည်တွင်းအထည်ကိုတော့ ထုတ်လုပ်သူအများအပြား ရှိခဲ့ကြပေမယ့် နိုင်ငံခြား (Chinese, Thailand) အထည်တွေကိုသာ အားပေးသူတွေ များပြားခဲ့ကြပါတယ် ။ အခုချိန်မှာတော့ တိုင်းပြည်အနေအထားအရ ပြည်တွင်းအထည် brand ထုတ်သူတွေလဲ အရင်ထက်ပိုများပြားလာခဲ့သလို ပြည်တွင်းထုတ် Clothing Brand လေးတွေကို ပိုပြီး အချင်းချင်း အားပေးလာကြတာ အားလုံးလဲ သိပြီးသား ဖြစ်မှာပါနော် ။

▪️ဒီတော့ အားပေးမူများပြားလာတာ ၊ Brand တွေ အပြိုင်အဆိုင်ထုတ်ကြတာ ကောင်းပေမယ့် နောက်ကွယ်မှာလဲ ဒီဇိုင်းခိုးကြတာ၊ သူဒီဇိုင်းအတိုင်းလုပ်တုပပြီးထုတ်ကြတာ ၊ ရပ်ကွက်အပ်ချုပ်ဆိုင်တွေဆီမှာ Brand အထည်တွေအတိုင်း လိုက်အပ်တာတွေကို Brand ထုတ်ကြတဲ့ သူတိုင်း ကြုံတွေ့နေရတာကိုလဲ မြင်တွေ့ရမှာ ဖြစ်ပါတယ် ။

▪️Brand ထုတ်တဲ့သူတွေကလဲ ငွေရှိရင် ထုတ်လို့ ရပြီးလို့ ထင်ကြတယ် ။ သူတို့ထင်မယ်ဆိုလဲ ထင်စရာဘဲပေါ့နော် ၊ ဒီနေ့ခေတ်မှာ အထည်နည်းနည်းနဲ့ Brand ထုတ်လို့ ရတဲ့ Factory made တွေ ၊ Tailor Made တွေလဲ အများကြီး ရှိနေပြီး ဆိုတော့ အလွယ်တကူနဲ့ Brand ထုတ်လို့ရနေတာပေါ့နော် ။ နောက်ပြီး Design တွေကို အလွယ်တကူ ရှာလို့ရတဲ့ Pinterest တို့လို App တွေကလဲ ရှိနေတော့ ပြည်တွင်း Brand တွေ တော်တော်များများ ဒီဇိုင်းတွေ တူနေတာ ၊ Fabric တွေတူတာ မဆန်းဘူးပေါ့နော် ။

Research လုပ်ကြည့်တဲ့အခါ တွေ့မြင်ရတဲ့ ပြသာနာတွေကတော့
ဒီဇိုင်းတွေ တူနတော ၊ ကိုယ်ပိုင် အိုင်ဒီယာ မရှိကြတာ ၊ မရှာဖွေတတ်တာ ၊ အလွယ်လိုက်တာ ၊ မစဉ်းစားတတ်ကြတာ ၊ ကိုယ့် စိတ်ကူးထဲက ဒီဇိုင်းတွေကို ပုံဖော်ဖို့ မတတ်တာ ၊ ဒီဇိုင်းပိုင်းကို နားမလည်တာ စသည်ဖြင့် ပြသာနာတွေ ကြုံတွေ့ရတော့ အလွယ်တကူဘဲ သူများဒီဇိုင်းတွေကို ဟိုနားပြင်ဒီနားပြင်နဲ့ ထပ်ထုတ်တဲ့အခါ Brand တွေချင်း ” ဒီဇိုင်းခိုးကြတယ် ” ဆိုတဲ့ ပြသာနာတွေ ပိုကြီးသွားကုန်တာပေါ့နော် ။

တကယ်တော့ အိုင်ဒီယာတွေ ထွက်မလာဘူးဆိုတာ သင့် စိတ်ထဲမှာ….
ဒီဇိုင်းနဲ့ပတ်သက်တာကို ကောင်းစွာ နားမလည်တာရယ်…
ဒီဇိုင်းဆွဲတာကို ဘယ်ကနေဘယ်လို စဆွဲရမှန်း မသိတာရယ်…
ခေတ်ဟောင်းနည်းတွေအတိုင်း အကြမ်းလေး ဟိုခြစ် ဒီခြစ်ဘဲ ခြစ်တတ်တာရယ်…
ကိုယ်ပိုင်ဒီဇိုင်းထုတ်ရမှာကို ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုလို ခံစားနေရပြီး မဝံ့မရဲတွေ ဖြစ်နေလို့ပါ…

ဒီတော့ အဖြေကရှင်းရှင်းလေးပါ

▪️ဒီနေ့ခေတ်မှာ ကိုယ်ပိုင်ဒီဇိုင်းတွေကို ကိုယ်တိုင် တီထွင်ဖန်တီးပြီး အများနဲ့ တိုက်ရမယ့် ခေတ် ဖြစ်နေပြီး ။ ပိတ်စတွေက ဈေးသက်သာပြီး ချုပ်ထည်တွေ ဈေးကကြီး အချိန်စောင့်ရတာလဲကြာတော့ အခုဆို အမျိုးသမီးတွေက အလွယ်တကူ မြန်ဆန်စွာ ဈေးနှုန်းသက်သာပြီး လှပတဲ့ Ready to Wear Clothing Brand တွေဆီ အားပေးနေကြချိန် ဒီဇိုင်းတွေ မထပ်နေအောင် ကြိုတင်ဒီဇိုင်းစုဆောင်းထားသင့်တယ် ။

▪️ဘာလို့ Ready to Wear ထုတ်ပြီး Market အကြိုက်ကို မလေ့လာကြတာလဲ , ကိုယ်ပိုင်ဒီဇိုင်းတွေ မထွင်ကြတာလဲ , ကိုယ်ပိုင်ဒီဇိုင်းအတွက် MoodBoard တွေ Collection တွေ ကြိုတင် လုပ်ဆောင်ထားကြသင့်တယ်။ နှစ်တစ်နှစ်ရဲ့ Trend Colors, Trend Fabrics, Trend Designs, Seasons တွေကို လေ့လာထားသင့်တယ်။

▪️ဒါပြီး ဒါပြန် ဒီဇိုင်းတွေနဲ့ ဘာလို့များ အသစ်အသစ်တွေ ကြိုမထုတ်ထားကြတာလဲ , အခုလို Covid ကာလမို့ အိမ်မှာနေပြီး ကိုယ်ပိုင်အချိန်ရတုန်းလေး စိတ်ကူးထဲက ဒီဇိုင်းတွေကို Sketch တွေ ကြိုဆွဲထားသင့်တယ် ။

▪️အကျီဒီဇိုင်း Sketch တွေ ရရင်လဲ ကာလာလေးတွေနဲ့ ဘယ်အရောင်နဲ့ ဘယ်အရောင် စပ်ရင်ကောင်းမလဲ , ဘယ်လို အသေးစိတ်လေးတွေနဲ့ အလှဆင်မလဲ , ဝတဲ့သူ ပိန်တဲ့သူ ဘယ်လို ဒီဇိုင်းလေးတွေဆို အဆင်ပြေနိုင်မလဲ… ကြိုတင်စီစဉ်ထားရင် ဒီဇိုင်းကို ကိုယ်ပိုင်သာ ထုတ်တတ်ရင် ဒီဇိုင်းခိုးတဲ့ပြသာနာတွေ၊ အခက်အခဲ ဆိုတာ တော်တော်လျော့ကျသွားမှာပါ။

အခုခေတ်ဆို Instagram, Facebook ခေတ်မို့ ကိုယ်ထုတ်မယ့် Brand လေးတွေအတွက် ချုပ်နေတာလေးတွေ , Pattern ဆွဲနေတာလေးတွေ , Cutting လုပ်နေတာတွေ , Sketch ဆွဲနေတာလေးတွေ Step by Step Video လေးတွေနဲ့ ကိုယ်ပိုင် Clothing Brand Page မှာ Customers လေးတွေကို စိတ်ဝင်စားအောင် လုပ်လို့ မရဘူးလား

Leave a Reply

Your email address will not be published. Required fields are marked *