Sunday အတွက် စကားလေး ၃ ခွန်း No.5

✔️ Sunday အတွက် စကားလေး ၃ ခွန်း No.5 ✔️
” ပျင်းမနေကြပါနဲ့ ပုံထဆွဲကြပါ “
မီးတွေပျက်ကြတော့ ပုံတွေ မှန်မှန်ဆွဲတာလေးတော့ အရင်ထက်လျော့သွားမှာဘဲပေါ့နော် 😪
ဒီအပါတ်ရဲ့ စကားလေးတွေကတော့… တစ်ပါတ်အတွင်း စာသင်ရင်း ကြုံတွေ့ခဲ့တာလေးတွေအပေါ်မူတည်ပြီး ရေးဖြစ်ခဲ့တာပါ 👇
▪️ဒီစကားလေး ၃ခွန်းကို မြင်ရင် you တို့ တစ်ခါတစ်လေ ပြိုင်ဘက် ဒါမှမဟုတ် သူငယ်ချင်းရဲ့ ပုံတွေ၊ လှုပ်ရှားမူတွေ ကိုဘဲ စိတ်ဝင်စားနေပြီး ကိုယ့်ရဲ့ ရပ်တည်မူလေးတွေ အားနည်မှန်းမသိ အားနည်းသွားတာကို သတိမထားမိဘဲ ဖြစ်တတ်ပါတယ် ။ ဒါကြောင့် သူများအပေါ် စိတ်ဝင်စားတာတွေ လျော့ချပြီး ကိုယ့်အိမ်မက်ကိုသာ ပိုအကောင်ထည်ဖော်သင့်ပါတယ်…
▪️Body Figure ဆွဲတာ အားနည်းနေတဲ့သူက ခုထိ အခြေခံမပိုင်သေးတာကို ပြနေသလိုဖြစ်တဲ့အတွက် အခြေခံစသင်ခဲ့ရတဲ့ Body Figure ဆွဲနည်းကို များများလေ့ကျင့်သင့်ပါတယ်…
▪️ဆံပင်ကို အရောင်ချယ်တဲ့အခါ အလင်းဖောက်တဲ့ မြင်ကွင်းက မီးရောင်ကြောင့်လည်းကောင်း နေရောင်ကြောင့်လည်းကောင်း ပြောင်လက်သွားတဲ့ပုံဖြစ်တဲ့အတွက် White pen နဲ့သုံးရင် သဘာဝမဆန်ဘဲ အတုံးလိုက်အတစ်လိုက်နဲ့ ကြည့်ရရုပ်ဆိုးစေလို့ မသုံးမိဖို့သတိထားပြီး Marker ဖြင့်သာ အလင်းဖောက်တတ်အောင် လေ့ကျင့်သင့်ပါတယ် …

အပါတ်စဉ်တိုင်းရဲ့ Sunday မှာ တိုတိုနဲ့ လိုရင်း စကားလေးတွေ အမြဲဝေမျှပေးနေတာဖြစ်ပါတယ် … နောက်ထပ် Sunday လေးမှာလဲ …..Coming Soon 🔜
Sunday အတွက် စကား ၃ခွန်း No.1,2,3 & 4 ကို သိချင်ရင် Comment မှာ တင်ပေးထားတယ်နော် 👇🏻
📍အမြဲ အသစ်တွေသာပေးမယ့် His’s & Her’s 📍
” Turning your passion into fashion “
▪️Fashion Illustration by His’s & Her’s