Sunday အတွက် စကားလေး ၃ ခွန်း No.6

✔️ Sunday အတွက် စကားလေး ၃ ခွန်း No.6 ✔️
” ပျင်းမနေကြပါနဲ့ ပုံထဆွဲကြပါ “
ဒီအပါတ်ရဲ့ စကားလေးတွေကတော့… ဒီနေ့ စာသင်ပေးရင်း အတွေးရလာတဲ့ စကားလေးတွေပါ👇
ဒီစကားလေး ၃ခွန်းကို မြင်ရင် you တို့ အရင်က ဆွဲထားဖူးတဲ့ ပုံဟောင်းလေးတွေ အမြန်ပြန်ရှာစုပါ…🙋🏻‍♀️
▪️စဆွဲတတ်တုန်းက လက်ရာလေးတွေ မလှလို့ဆိုပြီး မပစ်လိုက်ပါနဲ့နော် ..အမှိုက်လို့ ထင်ရပေမယ့် နောက်တစ်ချိန် နိုင်ငံခြားမှာ Fashion school တက်ဖို့ ကျောင်းလျှောက်တဲ့အခါ ဒါလေးတွေက ရွှေထက်ပိုတန်ဖိုးကြီးတာမို့ စုထားကြပါနော် …
▪️pen မှားဆွဲမိတာ၊ အရောင်မှားချယ်မိတာလေးတွေကို မလှလို့ဆိုပြီး လွှင့်ပစ်မယ့်အစား အမှားကို အမှားအတိုင်း ဒီဇိုင်းလုပ်ပစ်တဲ့အခါ ပိုမိုက်တဲ့ ပုံချောလေးတွေ ရလာနိုင်လို့ မလွှင့်ပစ်ဘဲ ပုံချောအဖြစ်ပြောင်းကြည့်ပါနော် …
▪️ကိုယ့်ရဲ့ တဆင့်ဆင့်ပြောင်းလဲလာတဲ့ လက်ရာလေးတွေကို ချီးကျူးပါ ၊ ကိုယ့်ကိုကိုယ်ကျေနပ်ပါ ၊ public ကိုချပြပြီး ကိုယ်ဘယ်လောက်ထိ တိုးတက်လာကြောင်း ပြောင်းလဲသွားကြောင်း ဂုဏ်ယူစွာ ဝေမျှပေးပါ…

အပါတ်စဉ်တိုင်းရဲ့ Sunday မှာ တိုတိုနဲ့ လိုရင်း စကားလေးတွေ အမြဲဝေမျှပေးနေတာဖြစ်ပါတယ် … နောက်ထပ် Sunday လေးမှာလဲ …..Coming Soon 🔜
Sunday အတွက် စကား ၃ခွန်း No.1,2,3,4 & 5 ကို သိချင်ရင် Comment မှာ တင်ပေးထားတယ်နော် 👇🏻
📍အမြဲ အသစ်တွေသာပေးမယ့် His’s & Her’s 📍