Sunday အတွက် စကားလေး ၃ ခွန်း No.7

✔️ Sunday အတွက် စကားလေး ၃ ခွန်း No.7 ✔️
” ပျင်းမနေကြပါနဲ့ ပုံထဆွဲကြပါ “
ဒီအပါတ်ရဲ့ စကားလေးတွေကတော့… ခုလို ပိတ်ရက်လေးမှာ အိမ်မှာနေရင်း အချိန်ကို အကျိုးရှိစွာ အသုံးချကြမယ့် ကျောင်းသူလေးတွေအတွက် စကားလေးတွေပါ👇
ဒီစကားလေး ၃ခွန်းကို မြင်ရင် you တို့ သေချာပြင်ဆင်ပါ…🙋🏻‍♀️
▪️ကိုယ်လုပ်ရမယ့် အိမ်စာတွေကို to-do list ထားဖို့ဆိုတာ အရမ်းအရေးကြီးပါတယ် ၊ အိမ်စာတွေမှ မဟုတ်ဘူး ဘယ်အလုပ်ဘဲ လုပ်လုပ် to-do list ထားပေးခြင်းဖြင့် လုပ်ကိုလုပ်ရမယ့် လုပ်သင့်တဲ့ အရေးကြီးတဲ့အလုပ်နဲ့ ခုမလုပ်သေးလဲ ရသေးတဲ့ အရေးမကြီးတဲ့ အလုပ်တွေကို ကိုယ်တိုင် စီမံခန့်ခွဲတတ်သွားမယ်၊ ဒါဆို အလုပ်တွေကို Deadline အမှီလုပ်တတ်လာမယ် ၊ နောက်ပြီး အချိန်ကို ကောင်းကောင်း Management လုပ်တတ်သွားလို့ အလုပ်အကြွေးတွေ အိမ်စာအကြွေးတွေ မရှိတော့ဘဲ ကိုယ်မှာ ထပ်ပြီး သင်ယူဖို့အချိန်တွေပါ ရလာလိမ့်မယ် …
▪️ကိုယ်အိမ်မက်က ဘာလဲ ၊ ကိုယ်ဖြစ်ချင်တာက ဘာလဲ ၊ ရှေ့ဆက်မယ့် plan တွေက ဘာလဲ ဆိုတာကို သိဖို့လိုပါတယ် ဒါမှ ကိုယ်လက်ရှိလုပ်နေတဲ့ အလုပ်မှာ စိတ်နှစ်နိုင်မှာ ( ဥပမာ ကိုယ်က ဟင်းချက်တာ ဝါသနာပါတယ် ၊ ပျော်လဲပျော်တယ်၊ စိတ်လဲဝင်စားတယ် ၊ ဒါပေမယ့် လက်ရှိ ဈေးကွက်မှာ Fashion က ခေတ်စားနေလို့ သူငယ်ချင်းတွေက Brand ထုတ်နေလို့ သင်တန်းတက်တာတွေ့လို့ trend နောက်လိုက်ပြီး သင်တန်းတွေ လျှောက်တက်နေမယ်ဆိုရင် ကိုယ်လဲ ဝါသနာမပါဘူး ပေါ်ပင်နောက်လိုက်တာ ဖြစ်လို့ ထင်သလောက် ခရီးမရောက်ဘဲ ငွေကုန်အချိန်ကုန်သာ ဖြစ်တတ်ပါတယ်၊ ဖြစ်နိုင်ရင် chef သင်တန်းတက်ပြီး စားသောက်ဆိုင်ဖွင့်လိုက်ရင် ကိုယ့်အတွက် ပိုဖြစ်နိင်ချေရှိတဲ့ အိမ်မက်ပါ ) ဒါကြောင့် ကိုယ့်ရဲ့ Talent ကို ရှာဖွေပါ ပြီးရင် အိမ်မက်ကို အကောင်ထည်ဖော်ပါ …
▪️နိုင်ငံခြားမှာ ကျောင်းသွားတတ်မယ်လို့ ဆုံးဖြတ်ပြီးထားရင် သေချာပေါက်လုပ်ရမှာ ကိုယ်တက်မယ့်ကျောင်းအကြောင်း၊ သွားမယ့် နိုင်ငံအကြောင်း ၊ ကျောင်းရဲ့ စည်းကမ်းတွေ၊သင်ပေးမယ့် မေဂျာတွေ ၊ သင်ခန်းစာတွေ ၊ လိုအပ်တဲ့ သင်ထောက်ကူတွေ ၊ ကျောင်းဝင်ခွင့်အတွက် လိုအပ်တာတွေ … စသော အကြောင်းတွေကို ကြိုတင် research လုပ်ပြီး Data တွေ စုဆောင်းထားရပါမယ် …ခုလို ရှာဖွေတတ်ခြင်းက ကျောင်းတက်တဲ့အခါ အရမ်းအထောက်ကူပြုပါတယ် နိုင်ငံခြားကကျောင်းတွေက သင်ခန်းစာတွေ သင်တဲ့အခါ ခေါင်းစဉ်ကိုသာ အသားပေးရှင်းပြကြပြီး လိုအပ်တဲ့အချက်တွေကို ကျောင်းသူကိုယ်တိုင် ရှာဖွေရတာဖြစ်လို့ ခုကတည်းက Google သုံးနည်း ၊ website များ ၊ application များ သုံးတတ်ဖို့အတွက် များများ လေ့ကျင့်ထားရပါမယ် …

ဒီအချက်တွေက အပါတ်စဉ်တိုင်းရဲ့ Sunday မှာ တိုတိုနဲ့ လိုရင်း စကားလေးတွေ အမြဲဝေမျှပေးနေတာဖြစ်ပါတယ် … နောက်ထပ် Sunday လေးမှာလဲ …..Coming Soon 🔜
Sunday အတွက် စကား ၃ခွန်း No.1,2,3,4,5 & 6 ကို သိချင်ရင် Comment မှာ တင်ပေးထားတယ်နော် 👇🏻
📍အမြဲ အသစ်တွေသာပေးမယ့် His’s & Her’s 📍
” Turning your passion into fashion “
▪️Fashion Illustration by His’s & Her’s