Sunday အတွက် စကားလေး ၃ ခွန်း No.8

✔️ Sunday အတွက် စကားလေး ၃ ခွန်း No.8 ✔️
” ပျင်းမနေကြပါနဲ့ ပုံထဆွဲကြပါ “
🌻 အားလုံးဘဲ မင်္ဂလာရှိသော နှစ်သစ်လေး ဖြစ်ကြပါစေလို့ အရင်ဆုံး အမတို့ His’s & Her’s က ကျောင်းသူကျောင်းသားများအားလုံးအတွက် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော် 🌿
ဒီအပါတ်ရဲ့ စကားလေးတွေကတော့… ခုဆို နောက်ထပ် နှစ်သစ်ကို ရောက်လာပြန်ပြီးမို့ ပညာရပ်တစ်ခုကို အကျိုးရှိစွာ သင်ယူကြစေဖို့ ကျောင်းသူလေးတွေအတွက် စကားလေးတွေပါ👇
ဒီစကားလေး ၃ခွန်းကို မြင်ရင် you တို့ သေချာပြင်ဆင်ပါ…🙋🏻‍♀️
▪️ ” ပညာရပ်တစ်ခုကို တတ်အောင်သင်ပါ ” ဒီစကားလေးကို အမစာသင်တိုင်းလဲ အမြဲထည့်ပြောလေ့ရှိတယ် …ကလေးတော်တော်များများက ပညာရပ်တစ်ခုကို သင်ယူတဲ့အခါ မြန်မြန်ပြီးမြောက်ဖို့ရယ်၊ certificate လိုချင်လို့ရယ်၊ သူငယ်ချင်းတွေ ဒီသင်တန်းကိုတက်နေတာတွေ့လို့ လိုက်တက်တာရယ် အတွက်ဘဲ သင်ယူလေ့ရှိတယ်.. ဒီတော့ အတန်းသာပြီးသွားတယ် ကောင်းစွာ တတ်မြောက်မထားတော့ ပြန်လည်အသုံးချဖို့လဲ ခက်ခဲကြတယ်၊ လိုချင်တဲ့ နေရာမရကြဘူး..ဒါနဲ့ဘဲ သံသရာလည်ပြီး သင်တန်းတွေသာ အများကြီး တက်ထားတယ်၊ certificate တွေသာ လက်ထဲအများကြီးရှိတယ်၊ တကယ်လက်တွေ့ လုပ်ဖို့ကျ professional မဖြစ်ဘူး …
” နေရာတစ်ခုမှာ professional ဖြစ်ချင်ရင် ပညာရပ်တစ်ခုကို တစိုက်မတ်မတ် ကြိုးစား သင်ယူတတ်မြောက်ထားဖို့ လိုပါတယ် “
▪️ ” ကိုယ့်အလုပ်ကို ကိုယ်ချစ်ပါ “
ကိုယ်လက်ရှိသင်ယူနေတဲ့ ပညာ၊ ကိုယ်တတ်မြောက်ထားတဲ့ ကိုယ့်ပညာကို ချစ်ကြပါ.. ဒီလို ချစ်မှ ဒီပညာရပ်က ကိုယ့်အတွက် အလုပ်လုပ်ပြီး ငွေပြန်ရှာပေးမှာ … ကိုယ့်ပညာကို ချစ်ကြောင်းပြသပေးပါ ကိုယ့်လက်ရာလေးတွေ ဝေမျှပေးပါ၊ ကိုယ်သင်ယူထားတာလေးတွေ ကိုယ်သိထားတာလေးတွေ ပြန်လည်ပြောပြပေးပါ ဒါမှ ကိုယ့်ပညာကိုလဲ သူများက လေးစားမယ် ( ဥပမာ – ကိုယ်က Fashion Designer အရမ်းဖြစ်ချင်တယ် အရမ်းဝါသနာပါတယ် ဒီအလုပ်ကို ရူးရူးသွပ်သွပ် ချစ်တယ် ကြိုးစားနေတယ်ဆိုရင် အရင်က ဒီအလုပ်လုပ်ဖို့ သဘောမတူခဲ့တဲ့ မိဘတောင်မှ သင်တန်းတွေ ဆက်တက်ဖို့ သင်တန်းကြေးတွေ ထုတ်ပေးလာလိမ့်မယ် 😁 )
▪️ ” ကိုယ့်အမှားကို ကိုယ်မြင်တတ်အောင် ပြုပြင်ပါ ” ဒီအချက်ကတော့ အရမ်းအရေးကြီးတယ် … ဘယ်လိုပညာရပ်ဘဲသင်သင် ဘယ်လိုအလုပ်ဘဲလုပ်လုပ် ကိုယ်မှားတတ်တဲ့အမှားတွေကို မြင်တတ်အောင်ကြိုးစားရမယ် ..ပုံဆွဲတဲ့အခါ ကိုယ်တိုင် အမှား မမြင်တတ်သေးတဲ့အချိန် အမှားထောက်ပြပေးမယ့် ဆရာမသော်လည်းကောင်း၊ သူငယ်ချင်းသော်လည်းကောင်း ရှိခဲ့ရင် သေချာနားထောင်ပါ လိုက်ပြုပြင်ပါ အမှားကို မြင်တတ်ပြီးဆိုလဲ အမှန်ပြန်ပြင်ဖြစ်အောင်ပြင်ပါ ဒါဆို တဖြည်းဖြည်းနဲ့ ကိုယ့်အမှားကို မြင်တတ်လာပြီး အမှားတွေနည်းလာကာ ပိုမိုကောင်းမွန်တဲ့ လက်ရာတွေ ရလာမှာပါ …

အပါတ်စဉ်တိုင်းရဲ့ Sunday မှာ တိုတိုနဲ့ လိုရင်း စကားလေးတွေ အမြဲဝေမျှပေးနေတာဖြစ်ပါတယ် … နောက်ထပ် Sunday လေးမှာလဲ …..Coming Soon 🔜
Sunday အတွက် စကား ၃ခွန်း No.1,2,3,4,5,6 & 7 ကို သိချင်ရင် Comment မှာ တင်ပေးထားတယ်နော် 👇🏻
📍အမြဲ အသစ်တွေသာပေးမယ့် His’s & Her’s 📍
” Turning your passion into fashion “
▪️Fashion Illustration by His’s & Her’s