လျှမ်းလျှမ်းတောက် နာမည်ကြီးလာပြီး
follow လုပ်ကို လုပ်ထားသင့်တယ့် ဒီဇိုင်နာ (၃) ဦး (Part-1)
” Brand တွေ ထုတ်မယ်ဆို Designer တွေ လုပ်မယ်ဆို
ဒါဆိုရင်တော့ သူတို့ကို သိကို သိထားသင့်တယ်နော် “
ရုတ်တရက်ကြည့်ရင်တော့ သူတို့ ဒီဇိုင်းတွေက ဘယ်လိုမျိုးလဲပေါ့ ဒါပေမယ့် အခုလို နာမည်ကြီး ဒီဇိုင်နာတွေကိုလေ့လာပြီးဆိုရင် သူတို့ဒီဇိုင်းတစ်ခုထဲမဟုတ်ဘဲ….
ဘယ်လိုမော်ဒယ်တွေသုံးပြီး ကုန်ပစ္စည်းကြေညာသလဲ
မော်ဒယ်ကို ကုန်ပစ္စည်းနဲ့လိုက်ဖက်တဲ့ ဘယ်လို post မျိုး Manage လုပ်ထားလဲ
ကုန်ပစ္စည်းနဲ့လိုက်ဖက်တဲ့ Hair’s style, make up, Accessories, Shoes တွေ ဘယ်လို Manage လုပ်ထားလဲ ပါ လေ့လာသင့်တယ်… မြန်မာမှာက အကျီကြေညာရင် အကျီကိုဘဲ ဂရုစိုက်တယ် ကျန်တာ အကုန်မေ့ထားတတ်ကြတယ် ၊ Stylist ပိုင်း အားနည်းတယ်ပေါ့ ၊ ဒါကြောင့် Stylist အပိုင်းကို စိတ်ဝင်စားသူတွေက ဒီလို Designer Brand တွေများများလေ့လာသင့်တယ် ။
သူတို့တွေရဲ့ အင်္ကျီ ဒီဇိုင်းလှရုံတင်မကဘူး……
ကိုယ့် ပတ်ဝန်းကျင်မှာရှိတဲ့ Local product တွေ ကို ဘယ်လိုပြန်သုံးထားတာလဲ ?
ဘယ်လို Technique ကိုသုံးပြီး ဒီ ဒီဇိုင်းကို ဖန်တီးထားလို့ နာမည်ကြီးတာလဲ ?
ဘယ်လို Color တွေနဲ့ အမျိုးသမီးတွေ ဆွဲဆောင်ထားလဲ ?
ဘယ်လို Design တွေ ထုတ်နေတာလဲ ?
ရေရှည် မှာ ဘယ်လောက်ထိ နာမည်ကြီးနိုင်မလဲ ?
စတဲ့ အချက်တွေနဲ့ ဒီဇိုင်နာတွေကို အမတို့ကျောင်းတက်တုန်းကလည်း အများကြီးလိုက်ရှာပြီး လေ့လာခဲ့ရတာပါ…
ဒါကြောင့်မို့လို့…. ဒီနေ့မှာတော့
▪️အခုချိန် လူပြောများ ရေပန်းစားနေတဲ့
▪️ရေရှည်မှာလည်း တကယ်ကို လျှမ်းလျှမ်းတောက် နာမည်ကြီးလာမယ့် follow လုပ်ထားသင့်တယ့် ဒီဇိုင်နာ (၃) ဦး အကြောင်းကို အမက ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်…
- Maisie Wilen
▪️ Maisie Schloss က ” Maisie Wilen ” ဆိုတဲ့ နာမည် နဲ့ Fashion Company ကို 2018 ခုနစ်မှာ စလုပ်ခဲ့ပါတယ်…
▪️သူဟာ နာမည်ကြီး Rapper တစ်ဦးဖြစ်တဲ့ ” Kyne West ” ရဲ့ Yeezy ဖိနပ် အပြင် တခြားသော အမျိုးသမီးဝတ်တွေရဲ့ ဒီဇိုင်နာအဖြစ် (၄ ) နှစ်ကျော်လောက် အလုပ်လုပ်ခဲ့ပါတယ်…
▪️ Kyne West ကတောင် သူဟာ အရမ်းတော်တဲ့ ဒီဇိုင်နာတစ်ဦးဖြစ်ပြီး သူ့ရဲ့ ဖိနပ်ဒီဇိုင်းတွေက ယောက်ျားလေးတွေအတွက် အရမ်းထူးခြားပြီး ဝတ်ရတာ အရမ်းသက်တောင့်သက်သာဖြစ်တဲ့ ဒီဇိုင်းတွေဖြစ်ကြောင်း ချီးကျူးခဲ့ပါသေးတယ်…
▪️ Yeezy ဖိနပ်အတွက် (၄) နှစ်တာ အလုပ်လုပ်ပြီးတဲ့ အချိန် (၂၀၁၈ ) မှာ သူက ကိုယ်ပိုင် Company ထောင်ဖို့ ဆုံးဖြတ်ခဲ့ပြီး အခုချိန်ထိ Fashion Collection တွေကို အများကြီးထုတ်နေတဲ့ အရမ်းတော်တဲ့ အမျိုးသမီး ဒီဇိုင်နာတစ်ယောက်ဖြစ်ပါတယ်… - Kenneth Ize
▪️နိုင်ဂျရီးယားလူမျိုးဖြစ်ပြီးတော့ ဗီယင်နာမှာမွေးခဲ့တဲ့ Kenneth Ize က အမျိုးသား ဖက်ရှင် ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး (၂၀၁၃) ကနေ စပြီး Collection တွေကို စထုတ်ခဲ့တာဖြစ်ပါတယ်…
▪️သူက နိုင်ဂျီးရီးယား ပြည်တွင်းမှာထုတ်တဲ့ (Local Fabric) ကိုအသုံးပြုပြီးတော့ ဒီဇိုင်းတွေဖန်တီးရင်း လူသိများလာခဲ့ပါတယ်…
▪️ သူ့ရဲ့ အထင်ရှားဆုံး ဒီဇိုင်းကတော့ အရောင်တောက်ပြီး အရမ်းကို လှတဲ့ ” Aso Oke ” လို့နာမည်ပေးထားတဲ့ ဒီဇိုင်းပဲဖြစ်ပါတယ်…
▪️ 2019 မှာ LVMH ( Moët Hennessy Louis Vuitton) က ကျင်းပခဲ့တဲ့ပွဲမှာ Finalist အထိပါဝင်ခဲ့ပြီး 2020 Fall Collection မှာ နာမည်ကြီး မော်ဒယ်တစ်ဦးဖြစ်တဲ့ Naomi Campbell က Ize ရဲ့ ဒီဇိုင်းကို ဝတ်ဆင်ပြီး Runway ပေါ်မှာ လျှောက်ပေးခဲ့ရလောက်တဲ့အထိ အရမ်းကိုအောင်မြင်ပြီး တော်တဲ့ ဒီဇိုင်နာတစ်ဦးဖြစ်တာမို့ ကျိန်းသေ Follow လုပ်ထားသင့်ပါတယ်နော်…
▪️သူရဲ့ သုံးသွားတဲ့ Fabric က အမတို့ဆီက ချည်ထည်တွေနဲ့ ဆင်တူတာမို့ အခုက မြန်မာမှာ ချည်ထည်တွေ အရမ်းခေတ်စားနေတာမို့ သူဒီဇိုင်းတွေ တော်တော်လေ့လာသင့်တယ် ချည်ဗြောင်တွေကြီး ထုတ်နေကြမယ့်အစား ချည်ကို အခုလို ပုံစံသစ်ဆန်းပြီး ပြုလုပ်သင့်တယ်နော်… - Chopova Lowena
▪️ Emma Chopova နဲ့ Laura Lowena က Central Saint Martins မှာ တက်ရင်း စတင်တွေ့ဆုံခဲ့ကြပြီးတော့ သူတို့ (၂) ဦးရဲ့ နာမည်တွေပါတဲ့ Chopova Lowena ဆိုတဲ့ Brand ကို အတူတူဖန်တီးခဲ့ကြပါတယ်…
▪️ သူတို့ Brand ရဲ့ ထူးခြားချက်ကတော့ ဘူဂေးရီးယား နိုင်ငံမှာရှိတဲ့ လူတွေ သိပ်စိတ်မဝင်စားတော့တဲ့ ” Local Vintage Fabric ” တွေကို ရောစပ်ပြီး အဝတ်အစား ဒီဇိုင်းတွေ ဖန်တီးခဲ့ကြပါတယ်…
▪️ နောက်ပြီး သူတို့ရဲ့ Brand ကို ဘူဂေးရီးယား နဲ့ အင်္ဂလန် တို့မှာ ရောင်းချခဲ့ရင်းနဲ့ အရမ်းကို အောင်မြင်ပြီး လူသိများလာတဲ့ Brand တစ်ခုဖြစ်ပါတယ်…