Types of Fashion

🔥 Types of Fashion 🔥
Fashion Design တွေဆိုတာ အဝတ်အစားနဲ့အသုံးအဆောင်ပစ္စည်းတွေကို ရေးဆွဲတဲ့အခါမှာသေသပ်လှပပြီး အနုစိတ်လက်ရာတွေကို စိတ်ရှည်ရှည်နဲ့ ထည့်သွင်းပေးရတဲ့ အနုပညာဖန်တီးမှုတစ်ခုကို အမတို့ အကုန် သိပြီးသားဖြစ်ပြီးမှာပါနော် ….
🔅ခေတ်အဆက်ဆက် ယဉ်ကျေးမှုနဲ့ လူမှုရေး နယ်ပယ်တွေမှာ လွှမ်းမိုးမှုကြီးမားခဲ့တဲ့ Fashion Design ဆိုတာ… ကျယ်ပြန့်တဲ့ ဝေါဟာရ တစ်ခု ဖြစ်တာကြောင့် အသစ်ဖြစ်ပေါ်နေတဲ့ Fashion Trends တွေအပေါ်လိုက်ပြီး အချိန်နဲ့အမျှ ဆင့်ကဲပြောင်းလဲနေခဲ့ပါတယ်…
🔅ဒါ့ကြောင့် Fashion Industry ထဲမှာရှိနေတဲ့ Fashion design ပေါင်းများစွာကို အမျိုးအစားခွဲခြားပြီး လေ့လာကြည့်မယ်ဆိုရင် အဓိကအားဖြင့် အမျိုးအစား (၅) မျိုး ခွဲခြားကြည့်နိုင်ပါတယ်…
🔸Haute Couture Fashion
🔸Luxury Fashion
🔸Ready-To-Wear Fashion
🔸Fast Fashion
🔸Economy Fashion
➖➖➖➖➖➖➖➖➖➖➖➖➖
🔆 Haute Couture Fashion
▫️Haute Couture ဆိုတာကတော့ ပြင်သစ်စကားလုံးတစ်ခုဖြစ်ပြီး အဆင့်အတန်းမြင့်မားသော ဝတ်စားဆင်ယင်ခြယ်သခြင်းလို့ အဓိပ္ပါယ်ရပါတယ်…အထက်တန်း ကျပြီး အဆင့်အတန်းရှိတဲ့ Fashion ပုံစံ တစ်ခုပဲဖြစ်ပါတယ်..
▫️အရည်အသွေးမြင့်မားတဲ့ လက်မှုပညာတွေနဲ့ အကောင်းဆုံးသော Fabric တွေကို အသုံးပြုပြီး နာရီပေါင်းစွာတိုင်အောင် အဝတ်အထည်တစ်ခုကို ဖန်တီးပြုလုပ်လေ့ရှိတတ်ကြပါတယ်…
▫️တန်ဖိုးငွေမြင့်မားခြင်းကြောင့် အဆင့်အတန်းမြင့်မားတဲ့ အဝတ်အထည်လက်ရာ တစ်ခုဖြစ်လာစေတာမဟုတ်ဘဲ Haute Couture Fashion တစ်ခုကို အရည်အချင်းပြည့်မီစေဖို့အတွက် တိကျတဲ့ စံနှုန်းသတ်မှတ်ချက်နဲ့ စည်းမျဉ်းတွေရှိနေပါတယ်…
▫️Federation of Couture and Fashion ရဲ့ စံသတ်မှတ်ချက်တွေအတိုင်း အဆုံးအဖြတ်ပေးတာ ဖြစ်ပြီး Haute Couture Fashion အတွက် Fashion weeks & Dates တွေကိုလည်း သတ်မှတ်ကြေညာပေးလေ့ရှိပါတယ်…
➖➖➖➖➖➖➖➖➖➖➖➖➖

🔆 Luxury Fashion
▫️ဇိမ်ခံပစ္စည်းတွေကိုမှ ကြိုက်နှစ်သက်သူတွေနဲ့ အထင်ကရပစ္စည်းတွေကို စုဆောင်းရတာ ဝါသနာပါတဲ့ သူတွေအတွက် အကောင်းဆုံးသော အရည်အသွေးမြင့်ပစ္စည်းတွေကိုသာ အသုံးပြုပြီး သီးသန့်စိတ်ကြိုက်ပြုလုပ်ပြင်ဆင်ထားတဲ့ အဝတ်အထည် Design တွေပဲ ဖြစ်ပါတယ်…
▫️Gucci၊ Armani၊ Zara လိုမျိုးစျေးကွက်ထဲမှာ ဝယ်ယူလို့ရနိုင်တဲ့ Luxury brand တွေ အမြောက်အမြားရှိနေကြပါတယ်…
▫️ပေးရတဲ့ တန်ဖိုးငွေကြီးမားတာတွေကြောင့် အထက်တန်းစား လူချမ်းသာအသိုင်းအဝိုင်းတွေလောက်သာ ဝယ်ယူသုံးစွဲနိုင်ပြီး အတော်လေးကို ပတ်သက်မှုရှိကြပါတယ်…
▫️အဲ့ဒီ အချက်ကပဲ Luxury Fashion အသုံးပြုသူတွေကို အထက်တန်းကျတဲ့ စိတ်ခံစားမှုကို ပေးစွမ်းနိုင်ပြီး ပိုပြီးတော့ လူကြိုက်များနှစ်လိုဖွယ်ကောင်းစေခဲ့တာပါ…
➖➖➖➖➖➖➖➖➖➖➖➖➖

🔆 Ready-To-Wear Fashion
▫️Ready-to-wear fashion သို့မဟုတ် High Street fashion တွေဆိုတာက Haute Couture နဲ့ ဆန့်ကျင်ဘက် ဖြစ်ပြီးတော့ စျေးကွက်ထဲမှာ အမြောက်အများ ထုတ်လုပ်ထားရှိပြီး လူတိုင်းနီးပါး ဝယ်ယူရရှိနိုင်ပါတယ်…
▫️ခေတ်ရေစီးကြောင်း အတိုင်း ဆွဲဆောင်မှုရှိပြီးဆန်းသစ်တဲ့ Fashion Design တွေထုတ်လုပ်ဖို့ ကို အဓိကဦးတည်ထားရှိပါတယ်…
▫️နှစ်စဉ်နှစ်တိုင်းလည်း မတူညီတဲ့ Theme ပုံစံတွေနဲ့ Ready-to-wear fashion တွေရဲ့ Trends တွေကို ပြုလုပ်ဖို့ အတွက် Fashion Designer တွေအနေနဲ့ အမြဲတမ်း Idea တွေ Up to date ဖြစ်နေဖို့ လိုအပ်ပါတယ်…
▫️Ready-To-Wear fashion တွေကိုတော့ တစ်ခါတစ်လေမှာတော့ Haute Couture fashion designer တွေကိုယ်တိုင် စောင့်ကြည့်ပြီး Inspire ယူကာ အဝတ်အထည် Design အသစ်တွေ ပြုလုပ်လေ့ရှိတတ်ကြပါတယ်…
➖➖➖➖➖➖➖➖➖➖➖➖➖

🔆 Fast Fashion
▫️လူတိုင်းအတွက် အဆင်ပြေစေမယ့် တန်ဖိုးပမာဏနဲ့ Fashion Trends တွေ အပေါ်လိုက်ပြီး အမြောက်အမြားထုတ်လုပ်လေ့ရှိကြတဲ့ Fashion Design တစ်ခုပဲဖြစ်ပါတယ်…
▫️Fast Fashion တစ်ခုက ယခုလက်ရှိခေတ်စားနေတဲ့ Trend တစ်ခုကိုသာရည်ရွယ်ပြီး ထုတ်လုပ်တာကြောင့် လအနည်းငယ်အတွင်းမှာပဲ ဆွဲဆောင်မှုမရှိတော့ဘဲ Fashion ကျသွားတာတွေ ဖြစ်တတ်ပါတယ်…
▫️ဒါပေမယ့်လည်း လူတိုင်းအတွက်တတ်နိုင်တဲ့ပမာဏနဲ့ ပြောင်းလဲနေတဲ့ ခေတ်ရေစီးကြောင်းကိုလိုက်ပြီး နှစ်လိုဖွယ်ကောင်းတဲ့ Design တွေကိုထုတ်လုပ်နေတာကြောင့် ရောင်းချသူနဲ့ အသုံးပြုသူတွေအကြား အမြဲတမ်းလည်ပတ်နေမှာပဲ ဖြစ်ပါတယ်…
▫️ယခုလိုမျိုး အမြောက်အများထုတ်လုပ်နေရခြင်းရဲ့ တခြားတစ်ဖက်မှာတော့ စီးပွါးရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို အပျက်သဘောဆောင်တဲ့ စွန့်ပစ်ပစ္စည်းပမာဏကို သိသိသာသာ မြင့်တက်လာစေမှာဖြစ်ပါတယ်…
➖➖➖➖➖➖➖➖➖➖➖➖➖

🔆 Economy Fashion
▫️Mass Amount နဲ့ အမြောက်အမြားထုတ်လုပ်လေ့ရှိကြပြီး Customer တွေဆီကို အလွယ်တကူရောက်ရှိစေဖို့ ရည်ရွယ်ပြီး ထုတ်လုပ်လေ့ရှိကြပါတယ်…
▫️စီးပွါးရေးအမြတ်အစွန်းကိုသာ ဦးတည်ပြီး ထုတ်လုပ်တတ်တာကြောင့် စျေးနှုန်းသင့်တင့်တဲ့ အလုပ်သမားတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုထားတတ်ကြပါတယ်…
▫️ဒါကြောင့် အဝတ်အထည်တစ်ခုရဲ့ အရည်အသွေးနဲ့ ကြာရှည်ခံနိုင်မှု အပေါ်မှာတော့ အများကြီး မျှော်မှန်းထားလို့ မရနိုင်ပါဘူး…
▫️အချိန်နဲ့ ငွေကြေးသုံးစွဲမှုအရ နည်းပါးတာကြောင့် ရာသီအလိုက်ပြောင်းလဲနေတဲ့ Seasonal Trends တွေအပေါ်မှာ အတုအပယူပြီး Design ရေးဆွဲတာတွေနဲ့ တစ်ခါတစ်လေမှာတော့ Replica အနေနဲ့ ကူးယူရေးဆွဲတာတွေ ပြုလုပ်လေ့ရှိကြပါတယ်…
▫️Budget ကိုလည်း မသုံးချင်ဘူး နောက်ဆုံးပေါ် Trend တွေတဲ့အညီ ဝတ်ဆင်ချင်တယ်ဆိုရင်တော့ Economy Fashion တွေက အသင့်တော်ဆုံးပဲဖြစ်ပါတယ်…
➖➖➖➖➖➖➖➖➖➖➖➖➖

🔆Fashion Design is Available to Everyone
Fashion Designer တစ်ယောက်၊ Fashion နဲ့ပတ်သက်ပြီး လေ့လာနေတဲ့သူပဲ ဖြစ်ဖြစ် ၊ အဝတ်အစားဒီဇိုင်းတွေကို ခံစားကြိုက်နှစ်သက်လို့ ဝယ်ယူနေတဲ့ သူတွေအတွက်တော့ Fashion Design ဆိုတာ အမြဲတမ်းအတွက်အရေးပါနေမယ့် အကြောင်းအရင်းတစ်ခုပဲ ဖြစ်ပါတယ်… ❣️
☀️ ဒါကြောင့် ဒီနေ့မှာအမက Fashion Industry ထဲမှာ အမြဲတမ်းအသစ်ဖြစ်ပေါ်နေတဲ့ Fashion Design ပေါင်းများစွာကို ခြုံငုံပြီးလေ့လာကြည့်လို့ရမယ့် အဓိက Fashion အမျိုးအစား (၅) မျိုး အကြောင်းကို ပြောပြပေးခဲ့တာပဲဖြစ်ပါတယ်….
ကဲ … ဘယ်လိုလဲ စိတ်ဝင်စားဖို့ကောင်းတယ်မှတ်လား ❓
စာလဲ အနည်းငယ်ရှည်သွားပြီးမို့ ဒီမှာတင်ရပ်လိုက်ပါတော့မယ်နော် နောက်လဲ အသစ်သစ်တွေထပ်ပြီးဝေမျှပေးအုန်းမှာမို့ အမ မျှဝေပေးသွားတာ အကျိုးရှိတယ်ဆိုရင် Like and Share လေးလုပ်ပေးသွားပါဦးနော် …
📍အမြဲ အသစ်တွေသာပေးမယ့် His’s & Her’s 📍
” Turning your passion into fashion “
▪️Fashion Illustration by His’s & Her’s