Visit to Thailand Market Display

ဒီနေ့မှာတော့ တစ်မူထူးခြားအောင် Fashion ချစ်သူတွေအတွက် လေ့လာစရာလေး တစ်မျိုးကို ဝေမျှပေးသွားမှာဖြစ်ပါတယ်…..

ဒါကတော့…..
ဒီနေ့ Zue ကျောင်းကအပြန် စာအုပ်လေးတွေ သွားဝယ်ရင်း မထင်မှတ်ဘဲ စာအုပ်တွေရှိတဲ့ ကုန်တိုက်က နာမည်ကြီး Brand တွေကြီး ရောင်းတဲ့ ကုန်တိုက်လေးဖြစ်နေရော…

ဒါနဲ့ Zue လဲ အရမ်းပျော်သွားပြီး လိုက်ကြည့်နေရင်းး ဘာတွေ လေ့လာဖြစ်ခဲ့လဲ ဆိုတော့….. ကိုယ်က Fashion Illustrator ပီပီ အရင်ဆုံး မြင်မိတာက သူတို့ဆီက Brand တွေရဲ့ Display ထားတဲ့ အရုပ်လေးတွေကို ကြည့်မိတော့ Amazing!

ပုံမှန်ရပ်နေတဲ့ပုံတွေ မဟုတ်ဘဲ ကောက်ကြောင်းလှလှတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ အရုပ်မတွေ သုံးထားတော့ ဝယ်သူတွေက ချက်ချင်း ဆိုင်ထဲဝင်ပြီး ကြည့်ချင်စိတ်တွေ တဖွားဖွား ဖြစ်စေတာပေါ့…

Zue ကိုယ်တိုင်က Fashion Illustrator တစ်ယောက်ဖြစ်တော့ ပုံကြီး တည့်တည့်ကြီးဆွဲပြီး တောင့်တောင့်ကြီးဆိုမကြိုက်ဘူးလေ ဒီလိုကောက်ကြောင်းလေးတွေနဲ့မှ ကြိုက်တော့ ဝမ်းသာအားရနဲ့ ပျော်ပြီး ချစ်စရာအရုပ်မလေးတွေကို အားလုံးကို ပြန်လည်ဝေမျှဖို့ ပုံတွေ အများကြီးရိုက်ခဲ့လိုက်တယ်….

ဒီတော့ Fashion shop ဖွင့်ထားတဲ့ သူတွေ အခုမှ ဖွင့်ဖို့ ကြိုးစားနေတဲ့သူတွေအတွက် လေ့လာလို့ရအောင် ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်.

Leave a Reply

Your email address will not be published. Required fields are marked *