What is the Fashion Mood Board (Part-1)

ဒီနေ့မှာတော့ ကိုယ်ပိုင် Brand ထုတ်မယ့်သူ ( ဒါမှမဟုတ် ) Designer လေးတွေအတွက် အကျိုးရှိစေမယ့် ” Fashion Knowledge No.1 ” လေ့လာလို့ရအောင်ပြန်လည်ဝေမျှပေးသွားမှာဖြစ်ပါတယ်…..

သင်က ကိုယ်ပိုင် Brand ထုတ်မယ့်သူ ( ဒါမှမဟုတ် ) Designer တစ်ယောက်သာဆို သင့်အတွက် သိကို သိထားရမယ့် Fashion Knowledge No.1

Fashion_Mood_Board

What is the Fashion Mood Board
Mood Board က ဘာလဲ…
Mood Board က ဘယ်လိုအကြောင်းအရာတွေနဲ့ ဖန်တီးရတာလဲ…
Mood Board က ဘာအတွက်ကြောင့် လုပ်သင့်တာလဲ…
Mood Board က ဘာနဲ့ ဖန်တီး ပြုလုပ်ရတာလဲ…

စာတွေဘဲ သင်နေရင်း အခုတလော အကျိုးရှိစေမယ့် Blog လေးတွေ ဝေမျှမပေးရတာလဲကြာပြီးမို့ ဒီနေ့တော့ Fashion နဲ့ပတ်သက်သူများအားလုံးအတွက် သိကို သိထားသင့်တာလေးတွေ အားလုံးကို မျှဝေပေးလိုက်ပါတယ်နော်….
စလိုက်ရအောင်နော်

  1. Fashion Mood Board ဆိုတာ ဘာလဲ ?
    ▪️” Fashion Mood Board ” ဆိုတာကလေ အမတို့ Fashion Project အသစ်တစ်ခုကို စတင်တော့မယ့်အခါ ကိုယ့်စိတ်ကူးထဲက အတွေးသစ်တွေကို ကြိုတင်ပြီး စာရွက် ဒါမှမဟုတ် ကွန်ပျူတာပါ်မှာ တစ်စုတစ်စည်းထဲ ပုံဖော်ထားတဲ့ ” Fashion Board ” တစ်ခုဘဲ ဖြစ်ပါတယ်နော် ။

▪️ဘာလို့လဲ ဆိုတော့ အမ လွယ်လွယ်နဲ့ ရှင်းပြရမယ် ဆိုရင် ဥပမာ ” Fashion Brand တစ်ခုကို Collection ထုတ်ချင်တဲ့အခါဘဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ့်ရဲ့ အတွေးထဲမှာရှိတဲ့ ဒီဇိုင်းတွေကို ဖန်တီးချင်တာဘဲဖြစ်ဖြစ်ပေါ့နော်….. ကိုယ့်ရဲ့ ဒီစိတ်ကူးထဲက လှပတဲ့ ဒီဇိုင်းတွေကို အခြားခြားသော ဒီဇိုင်းအိုင်ဒီယာတွေနဲ့ ရောထွေးမူတွေ မရှိစေဘဲ ကိုယ့်အတွးထဲကအတိုင်း တသမတ်တည်းရှိနေဖို့ အတွက် ကူညီပေးတဲ့ Fashion Design အထောက်အကူပြုတဲ့ အရာ ” ပဲဖြစ်တယ်နော် ။

▪️အဲ့ဒါကြောင့် ဒီ Fashion Mood Board ပေါ်မှာ ကိုယ့်စိတ်ကူးနဲ့ ထပ်တူဖြစ်တဲ့ ဓာတ်ပုံများကို တစ်နေရာထဲစုစည်းထားလိုက်ခြင်းအားဖြင့် အမတို့ Designs Idea တွေစဉ်းစားတဲ့အခါမှာ များပြားတဲ့အတွေးတွေ ၊ ရှာဖွေတွေ့ရှိထားတဲ့ Ideas အများကြီးတွေကို ထပ်ခါထပ်ခါလုပ်စရာမလိုတော့ဘဲ ခုနက ကိုယ့်စိတ်ကူးနဲ့ထပ်တူညီစွာ စုစည်းထားတဲ့ Ideas, Colors & Make up look များကို အမြန်ဆန်ဆုံး နည်းဖြင့် ” Design Board ” တစ်ခု ဖြစ်အောင် ပြုလုပ်ပေးလို့ ရတယ်ပေါ့နော်

  1. ဒါဆို Fashion Mood Board ထဲမှာ ဘယ်လိုအကြောင်းအရာတွေ ထည့်ရမလဲ ?
    ▪️ဟုတ်ပြီး ဒါဆို အမနောက်တစ်ခုပြောချင်တာကလေ အမတို့ ဒီ Mood Board ထဲမှာ ကိုးကားဖို့ ပုံတွေရှာတဲ့အခါမှာ သေချာတာတစ်ခုက ကိုယ့်ဦးနှောက်က ကိုယ့်ရဲ့ မသိစိတ်ထဲမှာ inspired ဖြစ်တဲ့ … ကိုယ် ဖန်တီးချင်တဲ့ အရာတွေကိုပဲ တော်တော်များများက ရှာလေ့ရှိပါတယ် ။

▪️အဲ့ဒီ ဦးနှောက်ရဲ့ မသိစိတ်ထဲက inspired ဖြစ်တဲ့အရာတွေကလဲ ဥပမာ – အကြောင်းအရာတစ်ခု ၊ ကိုယ့်ရဲ့ ငယ်ဘဝတွေ၊ ရာသီဥတု၊ နေရာ တစ်နေရာ ၊ အရောင်တွေ ၊ ပစ္စည်းတွေ ( ဒါမှမဟုတ် ) ကိုယ်တစ်ခါမှ အပြင်မှာ မဖြစ်ပျက်ဖူးတဲ့ ကိုယ် စိတ်ကူးယဉ်ထားတဲ့ အကြောင်းအရာတွေလည်း ဖြစ်နိုင်ပါတယ်။

  1. Fashion Mood Board တွေကို ဘာအတွက်ကြောင့် လုပ်သင့်တာလဲ ?
    ▪️ဒါကတော့လေ ဘာနဲ့တူလဲဆိုရင် Company တစ်ခုမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ Meeting လုပ်တဲ့အခါ စကားများများပြောစရာမလိုဘဲ ပိုမြင်သာပြီးနားလည်လွယ်အောင် Presentation လုပ်ပြတဲ့ သဘောလိုပါဘဲ….

▪️အမတို့ ကိုယ်ပိုင် Brand တစ်ခုထုတ်တဲ့အခါ ကိုယ်တစ်ယောက်ထဲဖြစ်စေ ၊ အများနဲ့ စပ်တူလုပ်တာဘဲဖြစ်စေ ထုတ်လုပ်တဲ့အခါမှာ ကိုယ့်နဲ့ တွဲလုပ်မယ့် Partner သာမက ကိုယ့် Brand ကို တာဝန်ယူချုပ်လုပ်ပေးမယ့် Designer ကပါ ကိုယ်လုပ်ထားတဲ့ ဒီ Fashion Mood Board ကို မြင်တာနဲ့ သဘောပေါက်လွယ်အောင်ရယ် ၊ ကိုယ့်ရဲ့ စိတ်ကူးထဲက ဒီဇိုင်းအကြောင်းအရာတွေကို တခြားသူတွေ နားလည်ဖို့ ရှင်းပြတဲ့နေရာမှာ အလွန်လွယ်ကူစွာ အထောက်အကူပြုတဲ့ အရာဖြစ်လို့ Fashion ကို စိတ်ပါဝင်စားသူတိုင်း အမြဲ ကြိုတင် လုပ်ကို လုပ်ထားသင့်တဲ့ အရာဖြစ်ပါတယ်နော်

▪️နောက်ပြီး နိုင်ငံခြားမှာ Fashion School သွားတက်ကြမယ့် ကျောင်းသူတွေအတွက်ကလဲ ကျောင်းလျှောက်တဲ့အခါ ကိုယ်ပိုင် Portfolio လေး တင်ပေးရတာဖြစ်လို့ Mood Board လေးကြိုလုပ်ထားတော့ ရယ်ဒီဖြစ်တာပေါ့နော် ( ကိုယ်တွေ့လေးပါ )

  1. Fashion Mood Board ကို ဘာနဲ့ ဖန်တီးပြုလုပ်ရတာလဲ ?
    ▪️Fashion Mood Board တွေကို စာရွက်ပေါ်မှာ Print ထုတ်ထားတဲ့ ပုံလေးတွေနဲ့ ကပ်ပြီး စိတ်ကြိုကိ ဖန်တီးလို့ရသလို အခုဆိုရင် ” Photoshop and Mobile App ” တွေနဲ့လဲ အလွယ်တကူ ပြုလုပ်လို့ရပါတယ်နော်….

Leave a Reply

Your email address will not be published. Required fields are marked *